သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မီးသတ်၊ဆန်စပါးကုန်သည် အသင်းတို့နှင့် ပူးပေါင်း၍၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက်များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/  မရှိ တို့ကိုပါ စစ်ဆေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

   အောက်တိုဘာလ၁၃ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

  ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုနှစ် ၂၀၂၅ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားအဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက " Fund resilience, not disasters"  ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားရန် အတည်ပြုသတ်မှတ်ခဲ့ပါကြောင်း၊  တိုင်းဒေသကြီးအနေဖြင့် သဘာဝဘေးဖြစ်ပွားနိုင်သည့် သတင်းများရရှိသည်နှင့်တစ်ပြိုင်နက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တာဝန်ရှိသူများအား အစည်းအဝေးများခေါ်ယူ ကျင်းပကာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား မြေပြင်အနီးကပ် ကြီးကြပ်ဆောင်ရွက်နိုင်ရန် တာဝန်ချထားပြီး ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခြင်း၊ ခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များမှ တာဝန်ရှိသူများမှလည်း ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ် တုံ့ပြန်မှုကို ဆောလျင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုအနည်းဆုံးနှင့် အကောင်းဆုံးရင်ဆိုင်ကျော်လွှား နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်များအတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့တွင် ထိရောက်စွာ စီမံဆောင်ရွက်နိုင်ရန် စနစ်ကျသော၊ ပြည့်စုံသောကြိုတင်ပြင်ဆင်မှုသည် အဓိကဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်သည့်အခါ ပထမဦးစွာ ထိခိုက်ဆုံးရှုံးမှုနည်းအောင် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်သည့်အပိုင်းက ပိုအရေးကြီးပါကြောင်းနှင့် ကြိုတင် ပြင်ဆင်ခြင်းအပိုင်းတွင်လည်း ကြိုတင်သတိပေးစနစ်နှင့် ကြိုတင် ပြင်ဆင်ခြင်းစနစ်က လွန်စွာကောင်းရမည်ဖြစ်ပါကြောင်း၊  အချိန်မီသိ၊ အချိန်မီ ဆောင်ရွက်တုံ့ပြန်နိုင်မှသာ ကျရောက်လာသည့်ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း၊  ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင်လည်း လိုအပ်ရင် လိုအပ်သလို မိမိတို့တိုင်း ဒေသကြီးအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် " Fund resilience, not disasters ကြံ့ကြံ့ခံနိုင်ရေး သုံးစွဲဘဏ္ဍာ တိုးမြှင့်ပေး ဆိုသည့် ဆောင်ပုဒ် အတိုင်း မိမိနိုင်ငံ၊ မိမိတိုင်းဒေသကြီးကို ဘေးအန္တရာယ် များမှ လျော့နည်းသက်သာစေပြီး ဘေးဒဏ်တွေကြံ့ကြံ့ခံနိုင်ဖို့ လုပ်ငန်း များလုပ်ကိုင်ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် သုံးစွဲသည့်ဘဏ္ဍာငွေများကို တိုးမြှင့်ဆောင်ရွက်ပေးနေသကဲ့သို့ ဌာနဆိုင်ရာများအနေဖြင့်လည်း အကျိုးရှိစွာ သုံးစွဲဆောင်ရွက်ကြရန်လိုပါကြောင်း" တိုက်တွန်း အမှာစကားများ ပြောကြားသည်။

  ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်သို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ချုပ်က ပေးပို့သောသဝဏ်လွှာ Video Message ၊  ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်ဗီဒီယိုပြသမှုများကို ကြည့်ရှုအားပေးခဲ့သည်။ 

  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်  အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊  တတိယဆုရရှိ သူများအား ဆုများချီးမြှင့်ခဲ့ပြီး  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ်ပြသထားသောပြခန်းများအား လှည့်လည် ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။

(DOCA) ဧရာဝတီ

ရေကြည်မြို့နယ်၊ စားသောက်ကုန်လုပ်ငန်းများအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ရေကြည်မြို့နယ်တွင် ပြည်သူများဘေးအန္တာရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများကြောင့် ထိခိုက်နစ်နာမှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ စားသောက်ထုတ်ကုန်များဈေးကွက်တွင်းမရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ရေကြည်မြို့နယ် ဗထူးရပ်ကွက်၊ အောင်ဆန်းလမ်းရှိ နုထွေးဂျင်းသုပ် လုပ်ငန်း အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၊ ငါးရန့်ချောင်းကျေးရွာတွင် အွန်လိုင်း Online ငွေကြေးလိမ်လည်မှုမခံရစေရေး အသိပညာပေးဟောပြောခြင်း

   ရေကြည်မြို့နယ်၊ သင်္ကန်းဒေါင့်ကျေးရွာအုပ်စု၊ ငါးရန့်ချောင်းကျေးရွာဘုန်းတော်ကြီးကျောင်း တွင် (၁၁.၁၀.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပြည်သူများ Online မှ ငွေကြေးလိမ်လည်မှု မခံရစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် Online ငွေကြေးလိမ်လည်ခြင်းပညာပေး Video Click များဖြင့် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်က Online Sale မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့်  Online မှ ဈေးဝယ်ရာတွင် မှတ်ပုံတင်ထားသူများထံမှသာ  ဝယ်ယူခြင်း က အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများကြောင့် ထိခိုက်နစ်နာမှုတို့နှင့် လိမ်လည်ခြင်းများကို ကာကွယ် ပေးနိုင်မည်ဖြစ်ကြောင်း ပြည်သူ (၁၃၄) ဦးအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA( ဧရာဝတီ)

ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ခြင်း

        ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ရောင်းချနေသော ဘိလပ်မြေအိတ် ဝယ်ရင်းဈေးထက် အမြတ်(၁၀%)ထက်ပို၍ ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ဘိလပ်မြေအရောင်းဆိုင်များအနေဖြင့် ဝယ်ရင်းဈေးထက် အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၊ သပြေကွင်းခေတ်မီစံပြကျေးရွာတွင် ကော်ဖီပင်ပေးအပ်ပွဲကျင်းပ

          ရေကြည်မြို့နယ်၊ သပြေကွင်းခေတ်မီစံပြကျေးရွာတွင် ကော်ဖီပင်များ ထပ်မံစိုက်ပျိုးရန်အတွက် ကော်ဖီပျိုးပင် (၁၅၀၀) ပေးအပ်ပွဲ အခမ်းအနားကို (၁၁.၁၀.၂၅) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

          ထိုအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ သပြေကွင်းခေတ်မှီစံပြကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်မရောမြို့နယ်တာဝန်ခံမှ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

  ၁၆.၁၀.၂၀၂၅ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ ရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိူက်မ‌ရောမြို့နယ်တာဝန်ခံသည်  ကျိုက်မ‌ရောမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက် (၄)အတွင်းရှိ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

   DOCA(မွန်)

ကျိုက်မရောမြို့နယ်၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

   ၁၆.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show)” အားကျင်းပပြုလုပ်ခဲ့သည်။

   အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမြတ်ထွေးမှ   “Talk  Show” ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီမှလည်း “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေးခြင်း”  ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ၌ အွန်လိုင်းမှတ်ပုံတင် ခြင်းနှင့်ပတ်သက်သည့် အမိန့်ကြော်ငြာစာများဖြစ်သည့် (၅၀/၂၀၂၃) (၅၁/၂၀၂၃) အား လည်းကောင်း၊ အွန်လိုင်းမှတ်ပုံတင်စနစ်စတင်အသုံးခဲ့သည့် ရက်စွဲ၊ မှတ်ပုံတင်မည့် လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူများလိုက်နာရမည့်စည်းကမ်းချက်များ၊ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် လိပ်စာ၊ ဖုန်းနံပါတ်များအကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာရှိ ရော်ဘာစိုက်တောင်သူနှင့် တွေ့ဆုံဆွေးနွေး

   (၁၆.၁၀.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာ ရော်ဘာ (၁၅.၀၀)ဧကစိုက်ပျိုးထားသည့် တောင်သူဦးစိုးအောင် နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တောင်သူဦးစိုးအောင်အား ယခုအချိန်အခါတွင် ရော်ဘာအစေးလှီးကာလသို့ ရောက်ရှိလာပြီးဖြစ်သော်လည်း အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် ရော်ဘာပင်များ ရော်ဘာပိုးဝင်ရောက်မှုမရှိစေရေး အထူးသတိပြုရန်၊ တန်ဖိုးမြှင့် ရော်ဘာများထုတ်လုပ်နိုင်စေရေး ဆာဖြူရစ်အက်ဆစ်အစား ဖေါမစ်အက်စစ်ကိုသာ အသုံးပြုကြရန်၊ အစေးခံခွက်များကိုလည်း အမှိုက်သရိုက်ကင်းစင်စေရေး ဖုံးအုပ်ထားရန်၊ ကျွမ်းကျင်လုပ်သားများ ရွေးချယ်ခန့်ထားရန်၊ ရော်ဘာစျေးကွက်တည်ငြိမ်ရေး၊ အလေးချိန် မှန်ကန်ရေးအတွက် ရော်ဘာအသင်းချုပ်နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

         ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင်ချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဆိုင်းဘုတ်တင် ချိတ်ဆွဲရောင်းချနေသည်ကို စိစစ်တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်မှုများ မရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ