သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများ မိသားစု မိတ်ဆုံစားပွဲ ကျင်းပ

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှု ဖြင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ထမင်း၊ ဟင်းအမယ်များဖြင့် ဝန်ထမ်းများ မိသားစုမိတ်ဆုံစားပွဲကို  ၂၄.၉.၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာနအတွင်း ဝန်ထမ်းများ စည်းလုံးညီညွတ်မှုရှိစေပြီး လက်ရည်တစ် ပြင်တည်း အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြရန် ရည်ရွယ်ချက်ဖြင့် ဌာနအတွင်း မိသားစုမိတ်ဆုံ စားပွဲများကို ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအားလျော်စွာ အဆိုပါ အလေ့အကျင့်ကောင်းများကို ကျင့်သုံးလျက်ရှိကြောင်း သတင်းရရှိပါသည်။ ဝန်ထမ်းများ မိသားစုမိတ်ဆုံစားပွဲများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များ၊ မြို့နယ်များတွင် အနည်းဆုံးတစ်လလျှင် တစ်ခါကျင်းပလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

 

 

 

            

 

ညောင်လေးပင်မြို့ရှိ ဆေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများ ရောင်းချခြင်း ရှိ/ မရှိကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၂၇.၉.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့တွင်းရှိ ဆေးဆိုင်များတွင်  DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများ ရောင်းချခြင်း ရှိ/ မရှိကို ဌာနဆိုင် ရာများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများ ဖြစ် ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ညောင်လေးပင်မြို့ တွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဆေးဆိုင်များအား စားသုံး သူရေးရာဦးစီးဌာန (ရုံးချုပ်)၏ လမ်းညွှန်ချက်အရ ဈေးကွက်ထဲတွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချနေသည်ဟု ကြားသိရကြောင်း၊ ၎င်းဖော်စပ်စာအတုများ ရောင်းချခြင်းမပြုရန်လည်း အသိပညာပေး ဟောပြောခဲ့ပါသည်။  စစ်ဆေးချက်များအရ ညောင်လေး ပင်မြို့တွင်းရှိ ဆေးဆိုင်များတွင် DUMEX DUPRO  အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများ ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့ရှိ လက်လီလက်ကား ရောင်းချသောဆန်စက်များတွင် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/ မရှိကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂၇.၉.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့တွင်းရှိ လက်လီ/ လက်ကား ရောင်းချလျက်ရှိသော ဆန်စက်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိကို ဌာနဆိုင်ရာများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများ ဖြစ် ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ညောင်လေးပင်မြို့ တွင်းရှိ လက်လီ/ လက်ကားရောင်းချလျက်ရှိသော ဆန်စက်များဖြစ်သည့် “အောင်ပြည့်ဖြိုး” ဆန် စက်၊ “အောင်မင်္ဂလာ” ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ပြည်သူများ ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်းသာ ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့ရှိ ဆေးဆိုင်များတွင် ဆေးများပြတ်လပ်မှု ရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/ မရှိကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၂၆.၉.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့တွင်းရှိ ဆေးဆိုင်များတွင် ဆေးများ ပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/ မရှိကို ဌာနဆိုင်ရာများနှင့် ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများ ဖြစ် ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ညောင်လေးပင်မြို့ တွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဆေးဆိုင်များအား ပြည်သူ များကို သတ်မှတ်ထားသည့် ဈေးနှုန်းများထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ ရက်လွန်၊ သက်တမ်းလွန်နေသည့် ဆေးဝါးများကို ရောင်းချခြင်းမပြုရန် အသိပညာပေး ဟောပြောခဲ့ပါသည်။ စစ်ဆေးချက်များအရ ညောင်လေးပင်မြို့တွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးများ ပြတ်လပ်မှုမရှိ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့၊ မြို့မဈေး အပြင်တန်းတွင် “ မှန် (၆)မှန် ”ဖြင့် ရောင်းချခြင်း ရှိ/ မရှိ ဌာနဆိုင်ရာ များနှင့် ပူးပေါင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂၆.၉.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့၊ မြို့မဈေး အပြင်တန်းရှိ ရောင်းချလျက်ရှိသော ဆီဆိုင်များတွင် “ မှန် (၆)မှန် ”ဖြင့် ရောင်းချခြင်း ရှိ/ မရှိကို ဌာနဆိုင်ရာများ နှင့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများ ဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ညောင်လေးပင် မြို့၊ မြို့မဈေး အပြင်တန်း၌ ရောင်းချလျက်ရှိသော ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဆီဆိုင်များအား ပြည်သူများကို ဆီရောင်းချရာ၌ “ မှန် (၆)မှန် ”ဖြင့် ရောင်းချရန်၊ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ ဆီများ ခြင်တွယ် ရာတွင် အလေးချိန်မှန်ကန်စေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့ရှိ “တံခွန်” (စက်မှု လက်မှုလုပ်ငန်း) လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

 စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၂၅.၉.၂၀၂၅ ရက်နေ့တွင် ကျောက် တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့ရှိ “တံခွန်” (စက်မှု လက်မှုလုပ်ငန်း) လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် လုပ်ငန်း၏ လတ်တလော အခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ဒု-ဦးစီးမှူး ဒေါ်ဇင်မာထွေးသည် လုပ်ငန်းရှင် ဦးတင့်လွင်အား လုပ်ငန်းအခြေအနေများ မေး မြန်းခဲ့ရာ ဦးမင်းဇော်ဦးက လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် စိန်ခေါ်မှု များကို တင်ပြရာ ဒုဦးစီးမှူးက မှတ်တမ်းတင်ထားကာ ပဲခူးမြို့တွင် ကျင်းပမည့် MSMEs ကဏ္ဍ လယ်ယာသုံးစက်ကိရိယာပြပွဲသို့ ပြသမည့် စက်ပစ္စည်းများစာရင်း၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ နေရာချထားရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ပါသည်။ထို့နောက် လုပ်ငန်းခွင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)                      

ပြွန်တန်ဆာမြို့နယ်ရှိ “ စိုး ” မုန့်ဟင်းခါးဖတ်ထုတ်လုပ်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ် ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၇.၈.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ပြွန်တန်ဆာမြို့နယ်၊ ကန်သာယာလမ်းရှိ “ စိုး ” မုန့်ဟင်းခါးဖတ် ထုတ်လုပ် သော လုပ်ငန်းရှင်နှင့် လုပ်ငန်းအခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

          ခရိုင်ဦးစီးမှူးသည် “ နေလ ” မုန့်ဟင်းခါးဖတ် ထုတ်လုပ်သော လုပ်ငန်းရှင် ဦးစိုးအား လုပ်ငန်း အခြေအနေများ မေးမြန်းခဲ့ရာ ဦးစိုးက လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးက မှတ်တမ်းတင်ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြွန်တန်ဆာမြို့နယ်ရှိ “ နေလ ” မုန့်ဟင်းခါးဖတ်ထုတ်လုပ်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

 စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်း တည်ငြိမ် ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၇.၈.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ပြွန်တန်ဆာမြို့နယ်၊ ကောလိယလမ်းရှိ “ နေလ ” မုန့်ဟင်းခါးဖတ် ထုတ်လုပ် သော လုပ်ငန်းရှင်နှင့် လုပ်ငန်းအခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

          ခရိုင်ဦးစီးမှူးသည် “ နေလ ” မုန့်ဟင်းခါးဖတ် ထုတ်လုပ်သော လုပ်ငန်းရှင် ဦးစိုးအောင်အား လုပ်ငန်းအခြေအနေများ မေးမြန်းခဲ့ရာ ဦးစိုးအောင်က လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးက မှတ်တမ်းတင်ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြွန်တန်ဆာမြို့နယ်ရှိ “ ရွှေထိပ်တန်း ” မုန့်ဟင်းခါးဖတ်ထုတ်လုပ်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ် ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၇.၈.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ပြွန်တန်ဆာမြို့၊ မြို့မ (၄) ရပ်ကွက်ရှိ “ ရွှေထိပ်တန်း ” မုန့်ဟင်းခါးဖတ် ထုတ်လုပ်သော လုပ်ငန်းရှင်နှင့် လုပ်ငန်းအခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ခရိုင်ဦးစီးမှူးသည် “ ရွှေထိပ်တန်း ” မုန့်ဟင်းခါးဖတ် ထုတ်လုပ်သော လုပ်ငန်းရှင် ဦးမျိုးလှိုင် အား လုပ်ငန်းအခြေအနေများ မေးမြန်းခဲ့ရာ ဦးမျိုးလှိုင်က လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးက မှတ်တမ်းတင်ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

“ ကော့မှူးမြို့နယ်ရှိဓာတ်မြေဩဇာအရောင်းဆိုင်များအားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ရပ်ကွက်များရှိ ဓာတ်မြေဩဇာ အရောင်းဆိုင် အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဓာတ်မြေဩဇာအမျိုးအစားလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်ကျော် ထွန်း၊ မကျီးတန်းရပ်ကွက် ပြည်တော်သာရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့ဖြင့် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ရွှေဖိုးတေဓာတ်မြေဩဇာ အရောင်းဆိုင်နှင့် စည်ပင်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ ဓနအောင် ဓာတ်မြေဩဇာအရောင်းဆိုင်များရှိ စီးပွားရေးလုပ်ငန်းရှင်များ အား ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရာတွင် အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးအား သယ်ယူစရိတ်ပါ မိမိတို့ဒေသအရောက် ပြန်လည်ဖြန့်ဖြူးရမည့် ဈေးနှုန်းသတ်မှတ်ထားသည့် အတိုင်း ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ မပြု လုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ