
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ မုန့်ဆိုင်နှင့် စတိုး ကုန်စုံဆိုင်များမှ အသင့်စားမုန့်အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လလျာထားချက်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်းအဖွဲ့သည် ၂၀၂၆ခုနှစ် မတ်လ ၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက မြို့ပေါ်ရပ်ကွက် မုန့်မျိုးစုံဆိုင်များမှ ရောင်းချနေသော ဈေးကွက်အတွင်း အသင့်စားမုန့်အမျိုးမျိုး ကုန်စည်များအား ပြည်တွင်းနှင့် ပြည်ပမှ ထုတ်လုပ်တင်သွင်း ရောင်းချသည့် မုန့်မျိုးစုံနှင့် စားသုံးရန်မသင့်သည့်မုန့်များ ရောင်းချခြင်းမပြုရန် တားမြစ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချနေသော မုန့်မျိုးစုံတွင် ကုန်အညွှန်းပြည့်စုံမှု ရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ သက်တမ်းလွန်မုန့်များ ဈေးကွက်အတွင်း ရောနှောရောင်းချခြင်းမျိုးရှိ/ မရှိ၊ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များ၊ သက်တမ်းလွန် အသင့်စားအစားအစာများ ရောင်းချမှုရှိ/ မရှိ လိုက်လံစစ် ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ရမည့် အချက်အလက် များနှင့် ကိုက်ညီသောမုန့်များနှင့် စီးပွားရေးလုပ်ငန်းရှင် လိုက်နာရန်အချက်များ အကြောင်းတို့ကို ဆိုင်ရှင်များအား ရှင်းလင်းအသိပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
