Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်နေသည့် ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေး ဈေးနှုန်း/ဈေးကွက် အခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြိတ်ခွဲထုတ်လုပ်မှုအများဆုံးရှိနေသော မိုးစပါး (ဟောင်း)မနောသုခ ၁၄ ပိဿာ တစ်တင်းလျှင် (၂၁၀၀၀)ကျပ်ရှိနေပြီး၊ မနောသုခ ဆန်စက်ကျ တစ်အိတ်(၆၇၀၀၀)ကျပ်မှ (၇၀၀၀၀)ကျပ်အတွင်း ဈေးနှုန်းဖြစ်ပေါ်လျက် ရှိပါသည်။ ဈေးကွက် များအတွင်း ဝယ်ယူသုံးစွဲမှုပိုမိုလာသည့် ဧရာမင်းနှင့် မဂျမ်းတောဆန်များ တစ်အိတ် လျှင် (၁၃၀၀၀၀) ကျပ်ဈေးနှုန်းရှိနေပြီး၊ ထိုင်းနှံကောက်(အဟောင်း) တစ်ပြည်လျှင် (၂၅၀၀)ကျပ်ဖြင့် ရောက်းချနေမှုများကိုလည်း တွေ့ရပါသည်။ ဒေသတွင်း ဈေးကွက်များတွင် မနောသုခဆန် မိုး(ဟောင်း)အား (၁)နှစ် ဟောင်း၊ (၂)နှစ် ဟောင်း အနေအထားမျိုးဖြင့် ရောင်းချနေမှုများကိုတွေ့ရပြီး၊ ရေတာ ရှည်မှ (မှင်ဘို)၊ ရန်ကုန်မှ (အောင်မြတ်ကျော်) တံဆိပ်အမျိုးအစာများ ရောင်းအား ကောင်းမွန်နေသည်ကို တွေ့ရှိရ ပါသည်။ မိုးစပါး(ဟောင်း)ဈေးနှုန်းတည်ငြိမ်နေပြီး၊ အောက်တိုဘာဒုတိယပတ်ခန့်တွင် မိုးစပါး(သစ်) ပြန်လည်ထွက်ရှိလာမည် ဖြစ်သဖြင့် ဈေးနှုန်းတည်ငြိမ်မှုကို အများဆုံတွေ့ရှိနေရမည် ဖြစ်ပါသည်။ ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်လာမှုကြောင့် ပေါ်ဆန်းမွှေး (ရွှေဘို) ပိုမိုဝင်ရောက်လာမှုကို တွေ့ရပြီး၊ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ဧရာဝတီပေါ်ဆန်း အရည်အသွေး ပိုမိုကောင်းမွန်မှု ရှိလာသည်ကို တွေ့ရပါသည်။ ရွှေဘိုမှ ‌ပေါ်ဆန်းဝင်ရောက်မှုတွင် ဘုရင်မ၊ မွန်မွန်၊ တိုးတိုး တံဆိပ်များ လူသုံးများခဲ့ပြီး၊ ဧရာဝ တီမှ ဝင်ရောက်လာသည့် ပေါ်ဆန်းမွှေးနှင့် ကျားပျံတို့ကိုလည်း သုံးစွဲမှု ပိုမိုလာသည်ကို တွေ့ရပါသည်။ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတောကဲ့သို့ အထူးဧည့်မထအုပ်စုဝင် ဆန် များကိုလည်း ဝယ်ယူသုံးစွဲမှုများလာသဖြင့် ပေါ်ဆန်းမွှေးသုံးစွဲမှု လျော့ကျလာမှုနှင့် အတူ ဈေးနှုန်းလျော့ကျမှုရှိလာကြောင်း သိရှိရပါသည်။ DOCA(နေပြည်တော်ကောင်စီ)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်နေသည့် ကြက်ဥနှင့် ဘဲဥ ဈေးနှုန်း/ဈေးကွက် အခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသတွင်းမှ ထွက်ရှိမှုအားကောင်းနေပြီး၊ ရှမ်း(တောင်)မှ ဝင်ရောက်မှု ပုံမှန်ရှိခဲ့သည်ကိုတွေ့ရပါသည်။ ဒေသတွင်းထွက်ရှိမှုများမှ ရပ်ကွက်/ ကျေးရွာများ အတွင်းရှိ လက်လီဆိုင်များသို့အရောက် ရောင်းချလာမှုကိုတွေ့ရပြီး၊ ရှမ်း(တောင်)မှ ဝင်ရောက်မှုများတွင်လည်း ဈေးကွက်ငယ်များအထိ ရောက်ရှိနေမှုများကြောင့် ကြက်ဥဈေးနှုန်း ကျဆင်းလာမှုကို တွေ့ရပါသည်။ ဒေသတွင်း မွေးမြူရေးခြံများမှ ထွက်ရှိမှုနှင့် မန္တလေးမှ ပုံမှန်ဝင်ရောက်နေမှုများ ရှိနေပါသည်။ ဒေသတွင်းနွေးစပါးရိတ်သိမ်းပြီး၊ စားကျက်များနှင့် မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်နေသော စားကျက်များ သို့ ဘဲရွှေ့ပြောင်းမွေးမြူသူများ ရောက်ရှိလာပြီး၊ ဘဲဥ ထွက်ရှိမှုများမှလည်း ဒေသတွင်း ဈေးကွက်များ သို့ ရောက်ရှိလာပါသည်။ ဘဲဥ ဝင်ရောက်မှု ပုံမှန်ထက် ပိုမိုခဲ့ပြီး၊ သုံးစွဲမှုတွင်လည်း လျော့ကျမှုရှိခဲ့ပါ သည်။ ကြက်ဥ ဈေးနှုန်းလျော့ကျမှုရှိခဲ့သဖြင့် ဈေးနှုန်းတွင် နိမ့်ကျမှု ရှိလာသည်ကိုတွေ့ရပါသည်။ DOCA(နေပြည်တော်ကောင်စီ)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နှမ်းရိတ်သိမ်းမှုများ ဖြိုင်ဖြိုင်တွေ့ရှိလာရပြီး၊ မြေပဲစိုက်ခင်းအချို့မှ မြေပဲစတင်ထွက်ရှိလာမှုကို တွေ့ရှိလာရပါသည်။ မြေပဲဆီကြိတ်ခွဲမှုမျာ တွင် မြေပဲဆံ(အဟောင်း)အသုံးပြုမှုကိုသာ တွေ့ရှိနေရဆဲဖြစ်ပြီး ဒေသတွင်းမှပင် ရရှိနေဆဲဖြစ်ပါသည်။ မြေပဲဖြိုင်ဖြိုင်ထွက်ရှိရန် နီးကပ်လာမှုကြောင့် မြေပဲဆံဈေးနှုန်းနိမ့်ကျမှု ရှိလာသည်ကို တွေ့ရပါ သည်။ နှမ်းဈေးနှုန်းတွင်လည်း နိမ့်ကျမှုရှိလာသည်ကို တွေ့ရပါသည်။ ဆီစက်များမှ ဒေသတွင်း ဈေးကွက်လိုအပ်ချက်များအပေါ် ပုံမှန်ကြိတ်ခွဲမှုရှိနေသော်လည်း နှမ်းရိတ်သိမ်းထွက်ရှိလာမှု ကြောင့် နဝလီကြိတ်ခွဲမှုများတွင် ပိုမိုလာခဲ့သည်ကို တွေ့ရှိရပါသည်။ မြေပဲ(ဆီဆံ)ဈေးနှုန်း (၁)ပိဿာ(9200)ကျပ်သို့ လျော့ကျခဲ့သော်လည်း မြေပဲဖတ်ဈေးနှုန်း နိမ့်ကျမှုကြောင့် မြေပဲဆီ ဈေးနှုန်းတွင် နိမ့်ကျမှုမတွေ့ရှိရပါ။ လယ်ဝေး၊ တပ်ကုန်းနှင့် ပုဗ္ဗသီရိ မြို့နယ်တို့တွင် နဝလီကြိတ်ခွဲမှု ပိုမိုလာသည်ကိုသိရှိရပါသည်။ နှမ်းဖြိုင်ဖြိုင်ထွက်ရှိမှုကြောင့် နဝလီကြိတ်ခွဲမှုများတွင် နှမ်းကြိတ် ခွဲမှုပိုမိုခဲ့ပြီး နှမ်းဖက်သုံး စွဲ မှုတွင် ဒေသတွင်းသုံးစွဲမှုအနေအထားသာရှိသဖြင့် နှမ်းဖတ်ဈေးနှုန်း လျော့ကျခဲ့ပါသည်။ မြေပဲဖတ် ဈေးနှုန်းလျော့ကျမှုမရှိသော်လည်း မန္တလေးဈေးကွက်သို့ ပြန်လည် တင်ပို့မှု ရှိလာသည်ကို တွေ့ရပါသည်။ မြေပဲဖတ်ဈေးနှုန်းတွင် (4400) ကျပ်ဖြင့် တည်ငြိမ်မှုရှိသော်လည်း နှမ်းဖတ်ဈေးနှုန်းတွင် (500) ကျပ်လျော့ကျပြီး (3000) ကျပ် ဈေးနှုန်းဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(နေပြည်တော်ကောင်စီ)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်နေသည့် စားဖိုးဆောင်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက် အခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြက်သွန်နီ ဈေးကွက်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထားရှိမှုနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဒေသတွင်းဈေးကွက်သို့ ဝင်ရောက်မှုများရှိခဲ့ပါ သည်။ ဈေးကွက်လိုအပ်ချက်ထက် ပိုမိုဝင်ရောက်နေခြင်းကြောင့် ဈေးနှုန်းကျဆင်းနေသည်ကို တွေ့ရှိရပါသည်။ ကြက်သွန်နီ ဈေးနှုန်းအနေဖြင့်လည်း ပြည်ပတင်ပို့မှုမရှိခြင်းကြောင့် တစ်ပိဿာ လျှင် အနိမ့်ဆုံး(၁၄၀၀)ကျပ်မှ အမြင့်ဆုံး (၂၀၀၀)ကျပ်အတွင်း ဖြစ်ပေါ်လျက်ရှိပြီး ဈေးနှုန်း တည်ငြိမ် နေကြောင်း တွေ့ရှိရပါသည်။ ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ပဲခွဲစက်များသို့ ကုန်ကြမ်း တင်ပို့မှုများရှိပြီး မန္တလေးမှ ပြန်လည်ဝင်ရောက်လာသော ကုလားပဲခြမ်းများမှာ ဒေသတွင်းဖူလုံမှုရှိ ပါသည်။ အလားတူ မိတ္ထီလာနှင့် ပျော်ဘွယ် ဒေသတို့မှလည်း ကုလားပဲခြမ်းဝင်ရောက်မှုများ တွေ့ရှိရ ပါသည်။ ယင်းအပြင် ဧပြီလနှင့်မေလများတွင် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများသို့ ကုလားပဲ ခြမ်းများ ထောက်ပံ့လျက်ရှိသဖြင့် ဈေးကွက်၌ ကုလားပဲရောင်းလိုအားနှင့် ဝယ်လိုအားမျှခြေရှိသဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း တွေ့ရှိရပါသည်။ ကြက်သွန်ဖြူဝင်ရောက်မှုအနေဖြင့် အောင်ပန်းဈေးကွက်မှ ကြက်သွန်ဖြူဝင်ရောက်နေမှု အများဆုံးတွေ့ရှိရပြီး၊ မန္တလေးဈေးကွက်မှလည်းဝင်ရောက်လျက်ရှိပါသည်။ ဒေသတွင်းကြက်သွန်ဖြူ ထွက်ရှိမှု အနည်းငယ်သာရှိပြီး အောင်ပန်း ဈေးကွက်အတွင်းရှိ သီးနှံပွဲရုံများမှ အိတ်ဆွဲ‌ဈေးနှုန်း တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ရှိချိန်တွင် ဒေသတွင်းလက်လီ ရောင်းဈေးတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ (၁၂၀၀၀)ကျပ် ဖြစ်ပေါ်မှုကို တွေ့ရှိပါသည်။ ဒေသတွင်း ငရုတ်စိုက်ပျိုးထုတ်လုပ်မှုရှိပြီး မန္တလေးတိုင်းနှင့် ရှမ်း(တောင်)မှ ဝင်ရောက်မှု ရှိနေပါသည်။ ရှမ်း(တောင်)မှ ဝင်ရောက်မှုရှိသော ငရုတ်ခြောက်ဈေးနှုန်းမြင့်မားမှုကိုတွေ့ရှိရပါသည်။ ဒေသတွင်း ငရုတ်စိုစိုက်ပျိုးမှုအားကောင်းပြီး၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ တင်ပို့နိုင်သည် အထိ ထွက်ရှိနေပါသည်။ ဒေသတွင်းစိုက်ပျိုးသည့် ငရုတ်စိုသုံးစွဲမှုပိုများ လာခြင်းကြောင့် ငရုတ် ခြောက် လိုအပ်ချက်နည်းလာပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။ DOCA(နေပြည်တော်ကောင်စီ)

နွားထိုးကြီးမြို့နယ်၏ပဲစဉ်းငုံစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း