Main menu

ဆိပ်ဖြူကြက်သွန်နီ ဇူလှိုင်လ(ဒုတိယပတ်) ဈေးနှုန်းဈေးကွက်

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများသော တပေါင်၊ ကံတွင်း၊ အုန်းမင်၊ ကဇွဲ၊ ဆင်နီတောင်၊ ဆင်လမ်းချောင်း၊ ကူရှည်ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ ကုန်ချိန်ပိဿာ(၁)သောင်းခွဲခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒိုင် ဈေးကွက်မှ သိရှိရသည်။ ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် အရောင်းအဝယ် ဖြစ်သော ကြက်သွန်နီ ဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၀၀၀)၊ အလတ်ဈေး ကျပ်(၉၀၀)၊ အနိမ့်ဈေး ကျပ်(၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည်သန့်စင်ပြီး ရောင်းချသော ဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး (ရှယ်)ကျပ်(၁၆၀၀)၊ လတ်ကြီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ လတ်ချောတစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ လတ်သန့် တစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၂၀၀) ဈေးအသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေး အတွင်း အရောင်းအဝယ်ဖြစ်သော လက်လီဈေးနှုန်းမှာ အရည် အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ် (၁၅၀၀- ၁၃၀၀- ၁၀၀၀) ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့် နောင် ပွဲရုံသို့ ကုန်ချိန် အများဆုံးတင်ပို့ပြီး ပြည်ပဈေးကွက်သို့ တင်ပို့မှုနည်းကြောင်း၊ ဇူလိုင်လ (ဒုတိယပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ(၁)သိန်းခန့်၊ တန်ချိန်အားဖြင့် (၁၆၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA( မကွေး)