Main menu

ပခုက္ကူဈေးကွက်တွင်ကြက်သွန်ဖြူဈေးအနည်းငယ်မြင့်တက်နေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့  ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူများ ဝယ်ယူသုံးစွဲလျက်ရှိသည့် ကြက်သွန်ဖြူသီးနှံများ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်) တွင် ဈေး အနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် မကွေးတိုင်း ဒေသကြီး အအေးပိုင်းဒေသများဖြစ်သည့် ဆော၊ ကျောက်ထု၊ ပေါက်ဒေသများတွင် အများဆုံး စိုက်ပျိုးကြောင်း၊ ယခုအချိန်တွင် ပခုက္ကူဈေးကွက်သို့  ယောဒေသထွက် ကြက်သွန်ဖြူများ ဝင်ရောက်ပြီး ဈေးမြင့်၍ အရောင်းအဝယ် ဖြစ်ကြောင်း  သိရှိရသည်။

       ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ဗမာကြက်သွန်ဖြူ အလုံးအကြီး အသေးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀-၉၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ရှမ်းကြက်သွန်ဖြူ(ဥကြီး)မျိုး တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀-၈၀၀၀)ဈေးရှိပြီး ယခင် ဇွန်လ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)