Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုင်းတုံမြို့တွင် ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥနှင့်ဝက်သားများရောင်းချ

၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ဝန်ထမ်းများအတွက် ကြက်ဥနှင့်ဝက်သားများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။ ထိုသို့ ရောင်းချရာတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့တို့ပူးပေါင်း၍ ကြက်ဥ အလုံးသေး(၃၀)ပါတစ်ကတ်လျှင်(၁၃၀၀၀)ကျပ်၊ ကြက်ဥအလုံးကြီး(၃၀)ပါတစ်ကဒ်လျှင် ၁၃၅၀၀ ကျပ်ဖြင့် (၂၄၀)ကတ်နှင့် ဝက်သားတစ်ပိဿာ(၃၀၀၀၀)ကျပ်ဖြင့်(၆၅)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရှမ်း)

ရွှေဘိုမြို့၏ နဂါးမောက်သီးဈေးနှုန်းဈေးကွက်

ရွှေဘိုမြို့ ဈေးကွက်အတွင်းတွင် ဇွန်လနောက်ဆုံးပတ်မှစတင်၍ နဂါးမောက်သီးများ စတင်ဝင်ရောက်လာကာ၊ ဒေသတွင်း ရွှေဘို မြို့အနီးတဝိုက်ရှိ ‌ကျေးရွာများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထွက်ရှိသော နဂါးမောက်သီး များအပြင် ပြင်ဦးလွင်မြို့၊ ကျောက်ပန်း တောင်းမြို့နှင့် ပုပ္ပါးမြို့တို့မှ နဂါးမောက်သီး များကိုလည်းမှာယူ၍ ရောင်းချလျက်ရှိပါသည်။ နဂါးမောက်သီးများကို ခြင်းပြတ်စနစ်ဖြင့် တစ်ဆင့်ဝယ်ယူရပြီး အလုံး အကြီး/ အသေးပေါ် မူတည်၍ နဂါးမောက်သီးအကြီးတစ်လုံးလျင် (၁၅၀၀)ကျပ်၊ အလတ်တစ်လုံး လျင်(၁၂၀၀)ကျပ်၊ အသေးတစ်လုံးလျင်(၈၀၀)ကျပ်ဈေးနှုန်းဖြင့် အသီးသီးရောင်းချရကြောင်း၊ နဂါးမောက်သီးများကို ဈေးအတွင်း လက်လီရောင်းချသော ဈေးသည်များကို ဖောက်သည် ပေးသည့် အပြင်၊ သစ်သီးဖျော်ရည်ရောင်းချသည့် ဆိုင်များက ဝယ်ယူကြောင်း၊ ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

ရွှေဘိုခရိုင်အတွင်းတွင် ဇွန်လ နောက်ဆုံးပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ် နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ဒုတိယပတ်တွင် ရန်ကုန်သို့ (70457)အိတ်၊ မန္တလေးသို့ (33605) အိတ်၊ နေပြည်တော်သို့ (1000)အိတ်၊ပဲခူးတိုင်းသို့ (5865)အိတ်၊ မကွေးတိုင်းသို့ (1805)အိတ်၊ ရှမ်း(တောင်)သို့ (22515)အိတ်၊ ကချင်ပြည်နယ်သို့ (592)အိတ်၊ မွန်ပြည်နယ်သို့ (13305)အိတ်၊ မူဆယ်သို့ (180)အိတ်၊ကရင်ပြည်နယ်သို့ (2570)အိတ် ၊ဧရာဝတီသို့ (180)အိတ်၊စုစုပေါင်း အိတ်ရေ 152074 တန် အားဖြင့် 7604တန် စီးထွက်ခဲ့ပါသည်။ ဇွန်လ တတိယပတ်တွင် ရန်ကုန်သို့ (35250)အိတ်၊ မန္တလေးသို့ (22766) အိတ်၊ နေပြည်တော်သို့ (822)အိတ်၊ပဲခူးတိုင်းသို့ (2481)အိတ်၊ မကွေးတိုင်းသို့ (380)အိတ်၊ ရှမ်း(တောင်)သို့ (10845)အိတ်၊ ကချင်ပြည်နယ်သို့ (3060)အိတ်၊ မွန်ပြည်နယ်သို့ (9140)အိတ်၊ ကရင်ပြည်နယ်သို့ (2375)အိတ် ၊စုစုပေါင်း အိတ်ရေ 87119 တန် အားဖြင့် 4356တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ 64955၊ တန်အားဖြင့် 3248တန် လျော့၍ စီးထွက် ခဲ့ပါသည်။ ရွှေဘိုမြို့၏ ဇွန်လ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၅၀၀၀၀ ၊ ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2500000၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂၅၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

မန္တလေးဈေးကွက်တွင်ခရမ်းချဉ်ဈေးတက်လျက်ရှိ

မန္တလေးမြို့သို့ခရမ်းချဉ်သီးထွက်ရှိရာဒေသများဖြစ်ကြသည့်အင်းလေးဒေသထွက်၊ရွာငံ၊ ပြင်ဦးလွင်၊မုံရွာ၊ရမည်းသင်း၊ပျော်ဘွယ်၊စစ်ကိုင်း၊ဆင်ရွာကြီးတို့မှ ခရမ်းချဉ်သီးများ နေ့စဉ်ဝင် ရောက်လျက်ရှိသည်။ ခရမ်းချဉ်းသီးများထဲမှ အင်းလေးဒေသထွက်ခရမ်းချဉ်သီးသည်အချိုဆုံး ဖြစ်သည်။ အင်းလေးခရမ်းချဉ်သီးမှာဈေးအရဆုံးဖြစ်သည်။ ပြင်ဦးလွင်၊မုံရွာအသီးတို့မှာ အထိုက်အလျောက် ဈေးကောင်းကျသော်လည်း အင်းသီးလောက်အထားမခံပါ၊ပျော်ဘွယ်၊ရမည်းသင်း၊ဗမာ သီးခေါ်အချဉ်မျိုးသည်အနုဆုံးဖြစ်သည်။ အင်းသီးမှာ ၁ပိဿာလျှင် ယခု(၄၀၀၀-၄၅၀၀) ကျပ်အထိ ဖြစ်ပြီးယခင်လတွင် ၁ပိဿာလျှင်(၂၀၀၀-၂၅၀၀)အထိလျော့ကျခဲ့ပြီးယခုအခါ ခရမ်းချဉ်သီး ဈေးနှုန်းများတက်လျက်ရှိကြောင်းခရမ်းချဉ်သီးရောင်းချသူများထံမှသိရှိရပါသည်။ DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း