Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်၌ ပဲလွန်းဖြူသီးနှံဈေးနှုန်း အနည်းငယ်ကျဆင်း

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ပဲလွန်းဖြူသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၈၂၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင်(၈၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲလွန်းဖြူ(၁)တင်းလျှင် (၂၀၀၀)ကျပ် ကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့ နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်း ချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

            ၁၅.၇.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သောရေထွက်ကုန် ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ်မှာ ကျပ် ၂၈၀၀၀၀၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၅၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၂၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၅၀၀၀၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၈၀၀၀၀၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀၊ ငါးကျီးကြပ်တိုက်သေး  ကျပ် ၇၀၀၀၀၊ ငါးမြွေထိုး ကျပ် ၄၀၀၀၀၊ ငါးရံ့ခြောက်ကြီး ကျပ် ၈၅၀၀၀၊ ငါးရံ့ခြောက် လတ်ကျပ် ၆၅၀၀၀၊ ငါးရံလုံးရှယ် ကျပ် ၆၅၀၀၀၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး (ရှယ်)ကျပ် ၂၀၀၀၀၊ ငါးတံခွန်လုံးကြီး ကျပ် ၆၀၀၀၊ ငါးနှပ်ခြောက်ကြီး(ရှယ်) ကျပ် ၅၅၀၀၀၊ ငါးရွှေသေး ကျပ် ၁၀၀၀၀၊ ငါးမီးတံသွယ် ကျပ် ၉၀၀  ဈေးတို့အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်မှစုံစမ်း သိရှိရပါသည်။

DOCA(ရန်ုကုန်)

သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

   သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇူလိုင် စတုတ္ထအပတ်တွင် စပါး၊ ဆန် ဈေးနှုန်း မှာ အနည်းငယ်အပြောင်းအလဲရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသ ကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ၏ တတိယအပတ်၌ မော်လမြိုင်သို့ (၂၇၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၇၀၀အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၂၆) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဇူလိုင်လ၏ စတုတ္ထအပတ်တွင် မော်လမြိုင်သို့ (၂၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၂၀၀) အိတ်ခန့်၊ စုစုပေါင်း(၄၈၀၀အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၃၁) တန်ခန့် စီးထွက်ခဲ့ပြီး ယခင် တတိယအပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ပို၍ စီးထွက်ခဲ့ပါသည်။

          သထုံခရိုင်အတွင်းသို့ ဇူလိုင်လ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်း ဒေသကြီးမှ (၂၅၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၂၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၈၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၃၁) တန်ခန့်စီးဝင်ခဲ့ပြီး၊ ဇူလိုင်လ၏ စတုတ္ထအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၂၂၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၂၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၁၆) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ တတိယအပတ်နှင့် နှိုင်းယှဉ်ပါက လျော့၍ စီးဝင်ခဲ့ပါသည်။

          သထုံခရိုင်အတွင်း၌ ဇူလိုင်လ၏ စတုတ္ထအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၂၇၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၂၆၀၀၀၀၀) ခန့်၊ ကမာကြည် (၁၇၀၀၀၀၀)ခန့်၊ ဧည့်မထ (၁၄၀၀၀၀၀)ခန့်နှင့် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၁၀၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၁၁၀၀၀၀) ခန့်၊ ကမာကြည် (၇၅၀၀၀) ခန့်၊ ဧည့်မထ (၅၉၀၀၀) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အနည်းငယ် အပြောင်း အလဲရှိကြောင်း  သိရှိရပါသည်။

DOCA (မွန်)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးတောင်သူများသည် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးကြောင်း သိရသည်။

    ကျွန်းလှမြို့နယ်တွင် ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုးကြောင်း ဈေးနှုန်းအနေဖြင့် ဇူလိုင်လ တတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင်(၈၁၀၀၀) ကျပ် ၊ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုပတ်အတွင်း ပဲစဉ်းငုံ(၁)တင်းလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ထွက်ရှိသည့် ပဲစဉ်းငုံများကို ရွှေဘိုမြို့ရှိပွဲရုံများ၊ မန္တလေးမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဈေးနှုန်းများ

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို           ယခင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီး ဈေးနှုန်း များမှာ ဖရဲသီး အကြီး တစ်လုံးလျှင်(၆၅၀၀)ကျပ်၊  ဖရဲသီး အလတ် တစ်လုံးလျှင်(၅၀၀၀)ကျပ်နှင့် ဖရဲသီး လက်လီ အသေး တစ်လုံးလျှင်(၃၅၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင်(၃၀၀)ကျပ် (၂)စိတ်လျှင် (၅၀၀)ကျပ်ဈေး၊ ဒူးရင်းသီး  အကြီး တစ်လုံးလျှင်(၅၀၀၀၀)ကျပ်၊  ဒူးရင်းသီး အလတ် တစ်လုံးလျှင် (၃၅၀၀၀) နှင့် ဒူးရင်းသီး အလုံးသေး တစ်လုံးလျှင် (၃၀၀၀၀)ကျပ် ၊ ကြက်မောက်သီးလတ်()လုံးလျှင် (၂၅၀)ကျပ်၊ အကြီး()လုံးလျှင် (၄၀၀)ကျပ်နှင့် (၁၁)လုံးလျှင် (၄၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ မင်းကွတ်သီး ()လုံးလျှင် (၄၀၀)ကျပ်၊ (၁၁)လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

Doca(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၏ ဆီထွက်သီးနှံနှင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသထွက်သီးနှံများကို ကန့်ဘလူ မြို့နှင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

  နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေ ဖြင့် ဇူလိုင်လ တတိယပတ်အတွင်း နေကြာ(၁)တင်းလျှင် (၅၇၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ဇူလိုင်လ တတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၂၉၀၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် (၁၀၄၀၀၀)ကျပ်၊ မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၂၁၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊  အစေ့ထုတ်ပြောင်း စိုက်ပျိုးရာ၌ မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၂၂၈၀၀)ကျပ်၊  ဇူလိုင်လ တတိယပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၆၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျိုက်မရော၌ တိုင်ထောင်ပဲသီးများအထွက်နှုန်းကောင်း၍ မိသားစုအပိုငွေရရှိ

  မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာ၌ ပဲတောင့်ရှည်သီးများ စိုက်ပျိုးမှု အထွက်နှုန်းကောင်း၍ အိမ်ရှင်မများ မိသားစုဝင်‌ငွေတိုးကာ အပိုဝင်ငွေ ရရှိလျက်ရှိခဲ့ကြောင်း သိရပါသည်။ ပဲတောင့်ရှည်သီးများ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ကာ ရောင်းဝယ်မှု စျေးကွက်ရှိသောကြောင့် စိုက်ပျိုးသူများအဆင်ပြေလျှက်ရှိကြောင်း သိရပါသည်။

          တိုင်ထောင်ပဲသီးစိုက်ပျိုးရန်အတွက် ကုန်ကျစရိတ်အနေဖြင့် ‌ငွေကျပ် (၃) သိန်းခန့် ကုန်ကျကြောင်း၊ မျိုးစေ့တစ်ဗူးလျှင် တစ်သောင်းကျော်ပေးရပြီး အစေ့မှ အပင်ငယ်များကို ပျိုးထောင်ကာ  အညွှန့်တက်လာလျှင် တိုင်ထောင်ပေးရကြောင်း၊ စိုက်ပျိုးပြီး (၄၅)ရက် အကြာတွင် အသီးများ ခူးယူရရှိကာ နှစ်ရက်ခြားတစ်ကြိမ် ပဲတောင့်များခူးရန် အစည်းလိုက် ဖောက်သည်ပေးရပြီး တစ်နေ့လျှင် အစည်းပေါင်း (၁၃၀)ခန့် ရရှိကာ နှစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရောင်းလျှင် တစ်သိန်းခွဲ၊ နှစ်သိန်းခန့်ရရှိသဖြင့် အိမ်ရှင်မများ မိသားစုဝင်ငွေတိုးပွား၍ ပဲသီးထွက်ချိန်၌ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ပဲသီးစိုက်ပျိုးသူ ဒေါ်စန်းစန်းမော်ထံမှ သိရပါသည်။

 DOCA (မွန်)

ကန့်ဘလူမြို့နယ်၏ စပျစ်သီးဈေးနှုန်း၊ဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးများ ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးသည် လူကြိုက်များသည့် အသီးတစ်မျိုးဖြစ်ပြီး၊ အရောင်အသွေး၊ အနံ့၊ အရသာနှင့်ပြည့်စုံပြီး၊ အစိမ်းရောင်၊ အနီရောင်၊ ခရမ်းရင့်ရောင် စသည်ဖြင့် အရောင်အမျိုးမျိုးရှိကြောင်း၊ စပျစ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက် ရှိကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သီး တရုတ်မျိုး(၁)ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ စပျစ်သီး ဗမာမျိုး(၁) ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးဝင်ရောက်မှုနည်းသော်လည်း လူကြီးလူငယ်မရွေး စားသုံးကြသည့်အတွက် ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

                                                                                              

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော သနပ်ခါးတုံး ဈေးနှုန်း

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဈေးများတွင်  ရှင်မတောင် သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့် မုံရွာမြို့တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် သနပ်ခါးပင်စိုက်ပျိုးရှင်သန်ရာနေရာများမှာ အပူပိုင်းဒေသများဖြစ်သည့် မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့ဖြစ်သည်။ ပခက္ကူ၊ ရေစကြို၊ မြိုင်၊ ပြည်၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ နွားထိုးကြီး၊ တောင်သာ နှင့် အရာတော်မြို့နယ်တို့တွင် သနပ်ခါးပင်များကို အများဆုံးတွေ့ရှိရပါသည်။

          သနပ်ခါးသည် မြန်မာလူမျိုးများအတွက်ချစ်ခင်မြတ်နိုးတန်ဖိုးထား နှစ်သက်ကြသည့်အရာတစ်ခု လည်းဖြစ်ပါသည်။ သနပ်ခါးကို အလှအပအတွက်သော်လည်းကောင်း၊ နေပူဒဏ် နေလောင်ဒဏ်မှ ကာ ကွယ်ရန်အတွက်သော်လည်းကောင်း၊ ဆေးဝါးအဖြစ်သော်လည်းကောင်း သုံးစွဲကြပါသည်။သနပ်ခါးကို ကလေး၊ လူကြီး ကြိုက်နှစ်သက်သလို အမျိုးသမီးများအပြင် အမျိုးသားမှာလည်း လိမ်းချယ်ကြလေ့ ရှိပါသည်။ သနပ်ခါးသည် ဆောင်တွင် နွေး၍ နွေတွင် အေးစေသည့်ဆိုရိုးအတိုင်း သနပ်ခါးလိမ်းထားလျှင် စိတ်ကိုကြည်လင်လန်းဆန်းစေပြီး အသားအရေကိုအေး‌မြချောမွေ့ စေသည့်အတွက် အမျိုးသမီးတိုင်း အရမ်းကြိက်နှစ်သက်စွာလိမ်းခြယ်ကြသည်ကိုသိရသည်။

ယခု ၂၀၂ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ရောင်းချနေ‌သော သနပ်ခါးတုံး ဈေးနှုန်း အနေဖြင့် အကြီး အသေးပါ်မူတည်၍အစားစားရှိပြီး သနပ်ခါး အကြီး အပွေး အထူအပါးပေါ်မူတည်၍ တစ်တုံးလျှင် (၅၀၀၀/၄၀၀၀/၃၀၀၀)ကျပ်၊ သနပ်ခါး အတုံး အသေး အပွေးအထူ အပါးပေါ်မူတည်၍ တစ်တုံးလျှင် (၂၀၀၀/၂၅၀၀/၂၈၀၀)ဈေးနှုန်း အသီးသီတို့ဖြင့် ရောင်းချ လျက ရှိကြောင်း ကျွန်းလှမြို့ သနပ်ခါးတုံး ရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ ကြက်ဆူစေ့သီးနှံဈေးနှုန်း အနည်းငယ်မြင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကြက်ဆူစေ့သီးနှံကို စိုက်ပျိုး ထားရှိကြောင်း၊ ၊ ကြက်ဆူစေ့သီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြား သော ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းမှာ ကြက်ဆူစေ့တစ်တင်းလျှင် (၄၅၀၀၀) ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ကြက်ဆူစေ့ဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း၊ ကြက်ဆူသီနှံကို သီးညှပ်အနေဖြင့်လည်းကောင်း၊ ယာခင်းဘေး၌လည်းကောင်း၊ စိုက်ပျိုး၍ရသောကြောင့် မြေနေရာ သီးသန့်မလိုကြောင်း၊ ကျွန်းလှမြို့နယ်မှထွက်ရှိသော ကြက်ဆူစေ့သီးနှံကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ ရောင်းချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း