Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း မြှင့်တက်လျှက်ရှိ

              လွိုင်ကော်မြို့နယ်တွင် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မှုံပြာ၊ လင်ဖုံလေး၊ ကုန်းသာ၊ နန်းမယ်ခုံ ကျေးရွာများမှ အများဆုံး စိုက်ပျိုးထွက်ရှိပြီး ဇွန်လ ပထမပတ်တွင် ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်  ဖြစ်လျှက်ရှိရာ ယခင် မေလ ပထမပတ်တွင် တစ်ပိဿာလျှင် (၅၆၀) ကျပ်ဈေးသာ ရှိပြီး ယခင် မေလ ပထမပတ် နှင့် ယခု ဇွန်လ ပထမပတ် နှိုင်းယှဉ်လျှင် တစ်ပိဿာ (၄၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း ၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ ခရမ်းချဉ်သီး စိုက်ပျိုးရာ ဒေသများသည် ဒေသအခြေအနေအရ အနည်းငယ်သာ စိုက်ပျိုးနိုင်ပြီး ဈေးကွက် လိုအပ်ချက်ကို ထုတ်လုပ်နိုင်ခြင်း မရှိ၍ အခြားဒေသဖြစ်သည့်  ရှမ်းပြည်နယ် အင်းလေးဘက်မှ   တင်သွင်းနေရသဖြင့်  သယ်ယူစရိတ်များခြင်းကြောင့်  ဈေးနှုန်း မြှင့်တက်ရခြင်းဖြစ်သည်ဟု သိရပါသည်။

DOCA(ကယား)

(502) စပါးဈေးနှုန်း မြှင့်တက်လျှက်ရှိ

         ကယားပြည်နယ်တွင် စပါးကို အဓိကထား စိုက်ပျိုးလျှက်ရှိပြီး ၂၀၂၀-၂၀၂၁ မိုးစပါးစိုက်ဧက (၈၂၃၃၂)ဧက၊ ရိတ်ဧက (၈၂၁၉၇) ဧက၊အထွက်နှုန်းမှာ(၅၅၇၁၆၀၉) တင်းထွက်ရှိကြောင်း၊ ယခုနှစ် လက်ရှိ စပါးဈေးကွက်တွင် 502 စပါးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ တစ်တင်းလျှင် (၁၂၇၈၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်နှစ် ရာသီပေါ်ချိန်တွင် 502 စပါးဈေးနှုန်း မှာ တစ်ပိဿာလျှင် (၆၅၀) ကျပ်၊ တစ်တင်းလျှင် (၈၃၀၇) ကျပ် ဈေးသာ ရှိခဲ့ပြီး ယခင်နှစ် နှင့် ယခုနှစ် နှိုင်းယှဉ်လျှင် တစ်ပိဿာ (၃၅၀) ကျပ် ၊ တစ်တင်းလျှင် (၄၄၇၃) ကျပ်ထိ ဈေးနှုန်း မြှင့်တက်လာကြောင်း ၊ ယခင်နှစ် ထက် ဈေးနှုန်း မြှင့်တက်လာရခြင်းမှာ စပါးစိုက် တောင်သူများမှာ ဒေသအခြေအနေအရ နွေစပါးကို ရာသီချိန်အမီ စိုက်ပျိုးနိုင်မှုမရှိ၍ နွေစပါး ထွက်ရှိမှု မရှိခြင်းကြောင့် လက်ရှိ စပါးဈေးနှုန်း ပိုမိုမြှင့်တက်လာရခြင်းဖြစ်ကြောင်း ၊ ၎င်း 502 စပါးကိုဆန်ကြိတ်ခွဲ၍ မန္တလေးမှ တဆင့် တရုတ်သို့ တင်ပို့ကြောင်း ဆန်၊စပါး စိုက်ပျိုးထုတ်လုပ် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ကယား)

ဆန် စီးဝင်၊ စီးထွက်မှုနှင့် ပြောင်း၊ ပဲအမျိုးမျိုးတင်ပို့မှု အခြေအနေ

               ကယားပြည်နယ်သည် ကုန်စည်စီးဆင်းမှု မှာ ပုံမှန်ရောင်းဝယ်လည်ပတ်လျက်ရှိပြီး မေလအတွင်း အခြားတိုင်ဒေသကြီး / ဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုများမှာ (၁၉၇၅)အိတ်၊ (၉၉)တန်နှင့် ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ (၇၈၇)အိတ် (၃၉.၃)တန်၊ ပြောင်း တင်ပို့မှုမှာ (၈၄၇၃)အိတ် (၁၀၂) တန်၊ ရှိပြီး ယခင် မေလအတွင်း အခြားဒေသမှ ဆန်တင်သွင်းမှုမှာ (၁၈၇၀)အိတ်၊ (၉၉)တန်၊ ကယားပြည်နယ်မှ ဆန်တင်ပို့မှုမှာ (၁၂၈၀)အိတ်၊ (၆၄)တန်၊ ပြောင်းတင်ပို့ မှုမှာ(၃၅၇၀)အိတ်၊ (၁၇၅)တန် တို့ရှိပြီး ယခင်လနှင့်ယခုလ နှိုင်းယှဉ်ကြည့်လျှင် ဆန်တင်သွင်းမှု(၁၀၅  )အိတ်၊ (၅)တန်လျော့နည်းလာခြင်း၊ ဆန်တင်ပို့မှု ( ၄၉၃) အိတ် ( ၂၅)တန်ပိုလာပြီး  ပြောင်းတင်ပို့မှုမှာလည်း (၄၉၀၃)အိတ်၊( ၂၄၅)တန် ပိုလာကြောင်းတွေ့ရပါတယ်။ ထို့အပြင် ကယားပြည်နယ်မှ ကြက်သွန်နီ တင်သွင်းမှုမှာ (၁၁၈၈၀) အိတ်၊ ပဲအမျိုးမျိုး တင်ပို့မှုမှာ (၂၂၅၅) အိတ်၊ မြေပဲတင်ပို့မှုမှာ (၃၀၀)အိတ် တင်ပို့ခဲ့ကြောင်းမြို့ဦးဂိတ် စာရင်းများအရ သိရှိရပါတယ်။

DOCA(ကယား)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

                  အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(26.၅.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၁.6.၂၀၂၂) ရက်နေ့ အတွင်း နှမ်းနက်စမုံနှင့်နှမ်းပြာဈေးနှုန်းတို့မှာ ပြောင်းလဲမှုမရှိဘဲ နှမ်းဖြူနှင့်နှမ်းနီတို့မှာ ယခင်အပတ် (၁၅၅၀၀ဝိ/-) ယခုအပတ်(၁၆၅၀၀ဝိ/-)ရှိခဲ့၍  (၁၀၀၀ဝိ/-)ကျပ် အသီးသီးဈေးမြင့်ခဲ့ပါသည်။

            ပဲမျိုးစုံဈေးကွက်တွင် ဘိုကိတ်ပြာမှာ  ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲစဉ်းငုံ(နီ) (၂၀)ပိဿာဝင် (၁)တင်း ယခင်အပတ် (၄၂၀၀ဝိ/-) ယခုအပတ်(၄၂၄၀ဝိ/-)ဖြစ်၍ (၄၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်(၄၅၅၀ဝိ/-) ယခုအပတ်(၄၆၅၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ကျပ်ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(HL) ယခင်အပတ်(၄၇၀၀ဝိ/-) ယခုအပတ်(၄၇၅၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၇၅၀ဝိ/-) ယခုအပတ်(၄၈၀၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲကြီး ယခင်အပတ်(၆၇၀၀ဝိ/-) ယခုအပတ်(၆၉၀၀ဝိ/-)ဖြစ်၍ (၂၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ ယခင်အပတ် (၄၂၀ဝိ/-) ယခုအပတ် (၄၂၇၅)ကျပ်ဖြစ်၍ (၇၅)ကျပ် ဈေးမြင့်တက်ခဲ့ပြီး၊  မြေပဲလုံးဆံနီမှာ ယခင်အပတ် (၄၀၀ဝိ/-) ယခုအပတ် (၃၉၅ဝိ/-)ရှိ၍ (၅ဝိ/-)ဈေးလျော့နည်းခဲ့ကာ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက်(စမုံ) (၇၅၀)အိတ်၊ နှမ်းပြာ(၁၂၅)အိတ်၊ နှမ်းဖြူ(၁၀၀)အိတ်၊ နှမ်းနီ(၁၂၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၈၅၀)အိတ်၊ မတ်ပဲ(၂၈၀)အိတ်၊ ကုလားပဲ(HL)(၇၈၀)အိတ်၊ ကုလားပဲ(မြကြေး)(၆၀၀)အိတ်၊ ဘိုကိတ်ပြာ(၄၅၀)အိတ်၊ ပဲကြီး(၇၇၀) အိတ်၊ မြေပဲလုံးဆံဖြူ(၈၅၀) အိတ်၊ မြေပဲလုံးဆံနီ(၆၅၀)အိတ်တို့အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

            ဝါဈေးကွက်အနေဖြင့် ယခင်အပတ်(၂၆.၅.၂၀၂၂)နေ့နှင့် ယခုအပတ် (၁.၆.၂၀၂၂) နေ့အတွင်း တစ်ပိဿာလျှင် (၂၂၀ဝိ/-)ဈေးနှုန်းဖြင့် ပိဿာချိန် (၂၈၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

 

မကွေးကုန်စည်ဒိုင်၏ ပဲမျိုးစုံနှင့် နှမ်းဈေးကွက်အရောင်းအဝယ်ဖြစ်မှု အခြေအနေ

         မကွေးကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၈.၅.၂၀၂၂))မှ ယခုအပတ်(၃.၆.၂၀၂၂) အတွင်း နှမ်းနက် ရိုးရိုး၊ ပဲနောက်၊ ကုလားပဲကြီး(929)၊  ပဲကြီးဖြူ၊ ပဲကြီးမဲ၊  ပဲထောပတ်၊ မတ်ပဲ၊ စားတော်ပဲတို့သည် စျေးနှုန်း ပြောင်းလဲမှုမရှိဘဲ ပဲမျိုးစုံအနေဖြင့် ကုလားပဲကြီး ( HL) (၁၉) ပိဿာ (၁) တင်းလျှင် ယခင်အပတ် (၄၄၂၀၀) ကျပ်၊ ယခုအပတ် (၄၄၇၀၀) ကျပ် ဖြစ်၍ (၅၀၀) ကျပ် စျေးမြင့်တက်ခဲ့ကြောင်း၊ ပဲလွန်းဝါ (၁၉) ပိဿာ (၁) တင်းလျှင် ယခင်အပတ်(၃၉၅၀၀)ကျပ်၊ ယခုအပတ်(၄၁၀၀၀)ကျပ်ဖြစ်၍ (၁၅၀၀)ကျပ်စျေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲလုံးသေး (၁၉) ပိဿာ (၁) တင်းလျှင် ယခင်အပတ်(၄၂၀၀၀)ကျပ်၊ ယခုအပတ် (၄၃၅၀၀) ကျပ် ဖြစ်၍ (၁၅၀၀)ကျပ် စျေးမြင့်တက်ခဲ့ကြောင်း၊ ပဲစဉ်းငုံနီ (၁၉) ပိဿာ (၁)တင်းလျှင် ယခင်အပတ် (၄၂၀၀၀) ကျပ်၊ ယခုအပတ် (၄၂၅၀၀)ကျပ် ဖြစ်၍ (၅၀၀) ကျပ်တို့ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။

           နှမ်းမျိုးစုံအနေဖြင့် နှမ်းနီ(၁၅)ပိဿာ  (၁)တင်းလျှင် ယခင်အပတ် ( ၅၇၀၀ဝိ/-) ကျပ်၊ ယခုအပတ်  (၅၅၇၀ဝိ/-)ကျပ်ဖြစ်၍(၁၃၀ဝိ/-) ကျပ် စျေးလျော့နည်းခဲ့ကြောင်း၊ နှမ်းဖြူ(၁၅)ပိဿာ(၁)တင်းလျှင် ယခင်အပတ်(၆၀၀၀ဝိ/-) ကျပ်၊ ယခုအပတ်( ၅၉၀၀ဝိ/-)ကျပ်ဖြစ်၍ (၁၀၀ဝိ/-) ကျပ်စျေးလျော့နည်းခဲ့ကြောင်း ၊ နှမ်းနက်စမုံ(၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၆၈၃၃ဝိ/-)ကျပ်၊ ယခုအပတ်( ၆၇၆၇ဝိ/-)ကျပ်ဖြစ်၍ (၆၆ဝိ/-) ကျပ်စျေးလျော့နည်းခဲ့ကြောင်း ၊ နှမ်းညိုကြား (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၅၃၃၃ဝိ/-)ကျပ်၊ ယခုအပတ်(၅၂၃၃ဝိ/-)ကျပ်ဖြစ်၍ (၁၀၀ဝိ/-) ကျပ် စျေးလျော့နည်းခဲ့ကြောင်း၊ ဂျပန် (နှမ်းဖြူ)(၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၆၀၇၀ဝိ/-)ကျပ်၊ ယခုအပတ် (၆၀၆၇ဝိ/-)ကျပ်ဖြစ်၍ (၃ဝိ/-)ကျပ်စျေးလျော့နည်းခဲ့ကြောင်း၊ ပဲတီစိမ်း (၁၉)ပိဿာ (၁)တင်းလျှင် ယခင်အပတ်၊ (၄၈၀၀ဝိ/-)ကျပ်၊  ယခုအပတ်(၄၇၅၀ဝိ/-)ကျပ်ဖြစ်၍ (၅၀ဝိ/-)ကျပ် စျေးလျော့နည်းခဲ့ကြောင်း သိရသည်။

         ယခင်အပတ် (၂၈.၅.၂၀၂၂) မှ ယခုအပတ် (၃.၆.၂၀၂၂) အထိ နှမ်းဖြူ(၅၀.၂၃) တန်၊ နှမ်းနီ(၁၀.၃၄) တန်၊ နှမ်းနက်စမုံ(၄၀.၄၂)တန်၊ နှမ်းနက်(ရိုးရိုး)(၅.၂၄)တန်၊ နှမ်းညိုကြား(၅.၆၀)တန်၊ ပဲတီစိမ်း(၂၀၀.၄၃) တန်၊ ကုလားပဲ(၁၅၀.၀၀)တန်၊ ပဲကြီးဖြူ(၄၀.၆၂)တန်၊ စားတော်ပဲ(၄.၉၈)တန်၊ မတ်ပဲ(၅၀.၀၀)တန်၊ ထောပတ်ပဲ(၅၀.၀၀)တန်တို့ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မကွေးကုန်စည်ဒိုင်မှသိရှိရ ပါသည်။

DOCA(မကွေး)

ရှမ်းပြည်နယ်(တောင်ပိုင်း) ငွေနှင်းမှိုဈေးကွက်

          ရှမ်းပြည်နယ်(တောင်ပိုင်း)ဈေးကွက်တွင်  ဈေးကွက်ဝင်သီးနှံဖြစ်တဲ့ ငွေနှင်းမှိုစိုက်ပျိုး ထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေများကို  ကွင်းဆင်းလေ့လာခဲ့ပါတယ်။ ဟိုပုံးမြို့နယ်ရှိ ငွေနှင်းမှို အထုပ်ရေ (၅၀၀)ခန့်စိုက်ပျိုးထုတ်လုပ်သူနှင့်တွေ့ဆုံ၍  စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ မေးမြန်း ဆွေးနွေးခဲ့ပါတယ်၊ ငွေနှင်းမှိုစိုက်ပျိုးနည်းမှာ မှိုထုပ်များကို အစီအရီထား၍စိုက်ပျိုးပြီး အချို့မှာ စင်များဖြင့် စိုက်ပျိုးကြတယ်လို့လဲသိရပါတယ်၊ မှိုမျိုးထုပ်မှာ တစ်ထုပ်လျှင်(၅၀ဝိ/- ၆၀ဝိ/-)ခန့် ဈေးရှိ ပါတယ်၊ မှိုမျိုးထုပ်များကို နေ့စဉ်ရေဖျန်းပေးရပါတယ်၊ တစ်ရက်လျှင် ရေ(၄)ကြိမ်ခန့် (ရာသီဥတု အေးလျှင်) ရေဖျန်းပေးရပြီး ရာသီဥတုပူလျှင် တစ်ရက်ကို(၇)ကြိမ်ခန့် ရေဖျန်းပေးရပါတယ်၊ စိုက်ပျိုးပြီး (၁၅)ရက်ခန့်တွင် စင်ခူးဆွတ်နိုင်ပြီး (၂၃/၂၄)ရက်နေ့ထိ ခူးဆွတ်နိုင်ပါတယ်၊ (၁၅)ရက်နှင့် ရက်(၂၀) ကြားတွင် ခူးပါက မျိုးထုပ်(၅၀၀)ကို မှိုပိဿာ(၂၂)ပိဿာခန့်ထွက်တယ်လို့သိရပါတယ်၊ ခူးဆွတ်ပြီး မှိုထုပ်များကိုလည်း ရေမဝင်အောင် ဂရုစိုက်ရပါတယ်၊ ရေဝင်၍မရပါ၊ မျိုးထုပ်(၅၀၀)စိုက်လျှင် မျိုးထုပ် တစ်ထုပ်နှင့် တစ်ထုပ်မှာမတူ၍ အထုပ်(၅၀၀)လုံးမှိုမထွက် ဟုလည်းသိရှိရပါတယ်၊ ရာသီဥတုပူလျှင်လည်း မှိုလေးများခြောက်သွားသဖြင့် အေးအောင်ထားပေးရပါတယ်၊ မှိုစိုက်ပျိုးရန်လိုအပ်သည့် အပူချိန် မှာ (25 HC) ရှိရန်လိုအပ်သည်ဟုသိရှိရပါတယ်၊ မှိုကို သတ်သတ်လွတ်စားသုံးသူများ အများဆုံးစားသုံး ကြပါတယ်၊ မှိုကို မှန်မှန်စားသုံးခြင်းဖြင့် ကင်ဆာရောဂါ အခွင့်အလမ်းမဖြစ်ပေါ်နိုင်ကြောင်းနှင့် ငွေနှင်းမှို အခြောက်တွင် အသားဓါတ်(၄၇.၉၃%) ပါဝင်ကြောင်းလည်း လေ့လာသိရှိရပါတယ်၊ Organic သီးနှံဖြစ်သောကြောင့် ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိသေးသော်လည်း ပြည်တွင်းစားသုံးမှုမြှင့်တက်လာတဲ့ဈေးကွက် ဝင်သီးနှံတစ်မျိုးဖြစ်ပါတယ်၊ ငွေနှင်းမှိုတစ်ပိဿာဈေးနှုန်းမှာ လက်ကားဈေးတစ်ပိဿာလျှင် (၃၅၀ဝိ/-) ရှိပြီး လက်လီတစ်ပိဿာလျှင် (၅၀၀ဝိ/- ၅၅၀ဝိ/-)ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါတယ်။

DOCA(ရှမ်း)

“မြေပြန့်မှသည် တောင်ပေါ်ဆီသို့ ဈေးကွက်ချဲ့ထွင်လျက်ရှိသည့် ဆန်ဖြန့်ဖြူးရေးလုပ်ငန်း”

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူဦးစီးဌာန၊ ကျောက်မဲခရိုင်မှ တာဝန်ရှိသူများသည် ( ၁.၆.၂၀၂၂ ) ရက်နေ့တွင် ကျောက်မဲမြို့၊ ပိန္နဲကုန်းကျေးရွာရှိ “ရတနာအောင် ဆန်ဖြန့်ဖြူးရေး” လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး ဈေးကွက်ချဲ့ထွင်နေမှု အခြေအနေများအား မေးမြန်းခဲ့ကြကြောင်း သိရသည်။

           “ရတနာအောင် ဆန်ဖြန့်ဖြူးရေး”မှ ဆန်များကို ကုန်ကြမ်း(စပါး) အဖြစ် ပြည်၊ ကောလင်း၊ မိုးမိတ်၊ ရန်ကုန်စသည့်မြို့များရှိ ဆန်စက်များမှတဆင့် မှာယူကြောင်း၊ မှာယူသည့် ဆန်များအား ပြန်လည်သန့်စင်၍ အဓိကအားဖြင့် တောင်ပေါ်ဒေသ ( လက်ဖက်ထွက်ရှိရာဒေသများ ) သို့ ပြန်လည် ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။

          အခြားမြို့များမှ ကုန်ကြမ်း(စပါး)ကို ဝယ်ယူရာ၌ တစ်နှစ်ပတ်လုံး ဆန်ပြတ်လပ်မှုမရှိစေ ရန် သက်ဆိုင်သည့် ဆန်စက်ပိုင်ရှင်နှင့် ညှိနှိုင်း၍ ထိုဆန်စက်၌ပင် တစ်နှစ်ပတ်လုံးစာ ဝယ်ယူသို လှောင်ထားရှိပြီး လိုအပ်သည်နှင့်တပြိုင်နက် ကြိတ်ခွဲစေ၍ ကျောက်မဲမြို့သို့ ပေးပို့စေကြောင်း သိရသည်။ တစ်နှစ်ပတ်လုံးစာ ကုန်ကြမ်း(စပါး)ကို ကာလပေါက်ဈေးနှင့်အညီ ပေးချေကြောင်းလည်း သိရှိရသည်။

            ထိုသို့ ပေးပို့လာသည့် ကြိတ်ခွဲပြီးဆန်များအား ပြန်လည်သန့်စင်၍ အလတ်စနှင့် ထိပ်စဟူ ၍(၂)မျိုးခွဲခြား ရောင်းချပေးလျက်ရှိကြောင်း၊ အလတ်စ(၂၄)ပြည်(၁)အိတ်လျှင် ကျပ် ၂၇၀၀၀ မှ ၃၂၀၀၀ ကြား၊ ထိပ်စ (၂၄) ပြည်(၁)အိတ်လျှင် ကျပ် ၃၂၀၀၀ မှ ၃၈၀၀၀ ကြားရှိကြောင်း သိရသည်။(အလတ်စဟူသည် ကြိတ်ခွဲထားသည့်အတိုင်းပြန်လည်ရောင်းချသည့် ဆန်ဖြစ်၍ ထိပ်စဟူ သည်ကား တဆင့်ပြန်လည်သန့်စင်ပြီး ရောင်းချသည့်ဆန်ကို ဆိုလိုပါသည်။)

           ဆန်များကို ရောင်းချရာ၌ တစ်နှစ်ပတ်လုံး အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိပြီး အလတ်စ အမျိုးအစားဆန်များမှာ အများဆုံး ရောင်းချရပြီး ထိပ်စအမျိုးအစား ဆန်များမှာ မှာယူသည့် အော်ဒါ(Order) အပေါ်မူတည်၍ ရောင်းချရကြောင်း သိရသည်။

          ဖြန့်ဖြူးရောင်းချရာ၌ ယင်းတောင်ပေါ်ဒေသမှ ထွက်ရှိသည့် လက်ဖက်များကို ကာလပေါက် ဈေးနှင့်တွက်ချက်၍ ဆန်နှင့်ဖလှယ်ရောင်းချပေးလျက်ရှိသည့်အပြင် ငွေသားဖြင့်လည်း ရောင်းချပေးလျက်ရှိကြောင်း၊ ထိုသို့ ရောင်းချပေးရခြင်းမှာ တောင်ပေါ်ဒေသနေ လက်ဖက်စိုက်တောင်သူများ နှင့် အခြေခံလူတန်းစားများ အဆင်ပြေစေရန် ရည်ရွယ်၍ ရောင်းချပေးနေရခြင်းဖြစ်ကြောင်း သိရသည်။ ထိုစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည့်အတွက် လက်ဖက်စိုက်တောင်သူများအနေဖြင့်လည်း ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း ပြောကြားချက်အရ သိရသည်။

          “ရတနာအောင် ဆန်ဖြန့်ဖြူးရေး”မှ ဆန်များကို တောင်ပေါ်ဒေသများအပြင် ကျောက်မဲမြို့ နှင့် အခြားနယ်များသို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ရှမ်း)

မွန်ဆားကြမ်းတောင်သူများရဲ့ အခက်အခဲ

            မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် တတိယဆားအများဆုံးထုတ်လုပ်သည့် နေရာတစ်ခု ဖြစ်သည်။ ဆားကွင်းဖော်သည့်လုပ်ငန်းများကို သံဖြူဇရပ်မြို့နယ်ရှိ ပင၊ စက်စဲနှင့် ပေါင်မြို့နယ် ထန်းပေါင်ချောင်းတို့တွင် အဓိကလုပ်ကိုင်ကြသည်။ ယခင်က ဆားကြမ်းများကို စစ်တောင်းစက္ကူစက်၌ ကုန်ကြမ်းအဖြစ်အသုံးပြုခဲ့ကြပြီး နာဂစ်မုန်တိုင်းဖြစ်ပွားပြီး နောက်ပိုင်းတွင် စစ်တောင်းစက္ကူစက် လည်ပတ်မှုလည်းရပ်နားသွားခဲ့သဖြင့် ဆားကြမ်းအသုံးပြုမှုနည်းသွားပြီး ဆားကွင်းမှထွက်ရှိသော ဆားများကို စားသုံးသူဈေးကွက်ထဲသို့ရောက်ရှိလာပြီး ဒေသတွင်း စားသုံးမှုအပြင် တနင်္သာရီတိုင်း မြိတ်၊ ထားဝယ်ဘက်သို့ တင်ပို့ရကြောင်း၊ နာဂစ်ဖြစ်ပွားပြီနောက်ပိုင်း မြိတ်၊ ထားဝယ်တို့တွင် ငါးခြောက်များပြုလုပ်ခြင်းနည်းပါးလာပြီး ဖမ်းမိသည့် ငါး၊ ပုဇွန်များကို အအေးခန်းစက်ရုံသို့ ပို့ကြသဖြင့် ယခုအခါ တနင်္သာရီတိုင်းသို့ တင်ပို့မှုနည်းပါးသွားကြောင်း သိရှိရသည်။

           ပြီးခဲ့နှစ် နိုဝင်ဘာလအတွင်း မွန်ပြည်နယ်ကထွက်ရှိသော နေလှမ်းဆားကြမ်းတစ်ပိဿာမှာ (၁၃၀) ကျပ်ဝန်းကျင်ပေါက်ခဲ့တဲ့အတွက် ဆားတောင်သူတွေအနေနဲ့က ဈေးကောင်းရတယ်လို့ ဆိုကြပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ် နေလှမ်းဆားရာသီတွင် လိုင်စင်တင်ထားသည့် ဆားကွင်းဧကပေါင်း (၄၂၄၁.၉၀) ရှိပြီး ဆားကြမ်း တန်ချိန် (၄၂၅၀၁၀) လျားထားကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနမှ သိရှိရပါသည်။ သို့သော်လည်း ယခုနှစ် ဒီဇင်ဘာလပိုင်းကစလို့ ဆားကွင်းအတွင်း နေလှမ်းဆားအသစ်များကို ကျုံယူနေပြီဖြစ်လို့ မကြာမီ ဈေးကွက်ထဲကို ဆားအသစ်တွေရောက်ရှိလာပါတော့မည်။ ဈေးကွက်ထဲ ဆားအသစ်တွေရောက် လာတော့မည်ဆိုလျှင် ဆားကြမ်းဈေးနှုန်းက ပြန်ကျလာနိုင်တယ်လို့လဲ ခန့်မှန်းပြောဆိုတာတွေလဲ ကြားသိရပါသည်။

          ၁၉၇၀ ခုနှစ်ခန့်တွင် စစ်တောင်းစက္ကူစက်အတွက် ပေါင်၊ ပငနှင့် စက်စဲတို့တွင် ဆားကွင်းဖော်ခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပြီးနောက်ပိုင်းတွင် စစ်တောင်းစက္ကူစက်ရပ်နားသွားသဖြင့် ဆားကြမ်းများကို စက်မှုကုန်ကြမ်းအဖြစ် သုံးစွဲမှုနည်းသွားကြောင်း သံဖြူဇရပ်မြို့နယ်၊ ပင ကျေးရွာမှ ဆားတောင်သူ ဦးနိုင်ဟုက ပြောကြားခဲ့ပါသည်။ ၎င်းကဆက်လက်၍ အဆိုပါ စက္ကူစက်အတွက် ဆားကြမ်းတန်ချိန် (၁၈၀၀) ခန့်ပို့ပေးရကြောင်း၊ ထို့ပြင် တနင်္သာရီဘက်က မြိတ်နှင့် ထားဝယ်တို့တွင် ရေခူဖမ်းခြင်း၊ ငါးခြောက်လုပ်ခြင်း၊ ငါးပိလုပ်ခြင်း၊ ကင်းမွန်ထည့်ခြင်းတို့အတွက် မွန်ပြည်နယ်မှ ဆားများကို တစ်နှစ်လျှင် ပိဿာချိန် ရာဂဏန်းနီးပါး ပို့ဆောင်ပေးရကြောင်း၊ သို့ရာတွင် နာဂစ်ဖြစ်ပွားပြီးနောက်ပိုင်း မြိတ်၊ ထားဝယ်ဘက်တွင် ငါးခြောက်လှန်းခြင်းနည်းသွားပြီး အအေးခန်းစက်ရုံမျာ တည်ဆောက်လာကြကာ ဖမ်းမိသော ငါး၊ ပုဇွန်များကို အအေးခန်းစက်ရုံသို့ ပို့ဆောင်ကြကြောင်း၊ ထို့ကြောင့် နောက်ပိုင်းတွင် တနင်္သာရီတိုင်းဘက်သို့ ဆားတင်ပို့မှု မရှိသလောက်နည်းသွားကြောင်း၊ စစ်တောင်းစက္ကူစက် ရပ်နားသွားသည့်အပြင် မြိတ်၊ ထားဝယ်ဘက်ပါ တင်ပို့မှုနည်းသွားသဖြင့် ဆားကွင်းမှာ ထွက်သမျှ ဆားများသည် ပြည်နယ်အတွင်း စားသုံးသူဈေးကွက်ကိုသာ ဦးတည်နေရကြောင်း ဦးနိုင်ဟုက ပြောကြားခဲ့ပါသည်။

       လွန်ခဲ့သည့် ဆားရာသီ (၂၀၂၀ နိုဝင်ဘာလ မှ ၂၀၂၁ ဧပြီလကုန်ထိ) တွင် Covid -19 ကာလ စီးပွားရေးကြပ်တည်းခြင်း၊ ဘဏ်မှ ငွေထုတ်ရာတွင် ခက်ခဲခြင်းတို့ကြောင့် ဆားတောင်သူများ အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီး ဆားကြမ်းဈေး တစ်ပိဿာ (၅၃) ကျပ်ထိ ထိုးကျသွားကြောင်း၊ ထို့ပြင် ရာသီဥတုမှာ လာနီညာရာသီဥတုကြောင့် မိုးအဆက်မပြတ်ရွာသွန်းပြီး ဆားများ အရည်ပျော်ခြင်းကြောင့် ဆားကွင်းမှ ဆားကျုံးရာတွင် တစ်နှစ်လျှင် (၁၄) ကြိမ်ခန့်ကျုံးရသော ဆားကွင်းများသည် (၈) ကြိမ်ခန့်သာ ကျုံးလိုက်ရပြီး ဆားများ ပျက်စီးခဲ့ရကြောင်း၊ ဈေးနှုန်းအနေဖြင့်လည်း (၅၃) ကျပ်မှ (၆၀) ကျပ်ခန့်သာ ရရှိသဖြင့် ဆားတောင်သူများ အရှုံးကြီးရှုံးကြကြောင်း ဆားတောင်သူတစ်ဦးက ပြောကြားခဲ့သည်။

         ဆားဈေးကွက်တည်ငြိမ်ရေးနဲ့ပတ်သက်လို့ ယခင်စက်မှုကုန်ကြမ်းအဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ကြသော်လည်း စက်ရုံများပိတ်သိမ်းမှု၊ ရပ်ဆိုင်းမှုများကြောင့် ဆားကြမ်းထွက်သော်လည်း ဈေးကောင်းမရသည့် အခြေနေများနှင့်ရင်ဆိုင်ခဲ့ရကြောင်း၊ ထိုကြောင့် လက်ရှိထွက်ရှိနေသည့် ဆားကြမ်းများထက် အရည်အသွေးပိုမိုကောင်းမွန်သည့် ဆားများထုတ်လုပ်ကာ ပြည်တွင်းအပြင် ပြည်ပဈေးကွက်များကိုလဲ ရှာဖွေနိုင်ရန်လိုအပ်ကြောင်းနှင့် သို့မှသာ မွန်ပြည်နယ်ထွက် နေလှမ်း ဆားကြမ်းဈေးကွက် တည်ငြိမ်နိုင်မည်ဖြစ်ကြောင်း ဆား‌တောင်သူတွေရဲ့ပြောကြားချက်အရ သိရှိခဲ့ပါသည်။ ဆားကြမ်းဈေးကွက်တည်ငြိမ်ရေးအတွက် စက်မှုကုန်ကြမ်းအဖြစ်သုံးစွဲရန် ထုတ်လုပ်လိုသော်လည်း အသုံးပြုမယ့် စက်ရုံတွေကမရှိလေတော့ အရည်အသွေးမြှင့် ကုန်ချောအဖြစ်ထုတ်လုပ်ပြီး ဈေးကွက်ရှာဖွေနိုင်ကြမှသာလျှင် ဆားဈေးကွက် အခြေအနေတစ်ခုအထိ တည်ငြိမ်လာမည်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်သည်။

DOCA(မွန်)

 

 

မော်လမြိုင်မြို့၌ ဘိလပ်မြေဈေးကျကာ ဓာတ်မြေဩဇာဈေးတက်

              မော်လမြိုင်မြို့၌ ယခုဇွန်လပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းကျဆင်းလာကြောင်းသိရှိရပါသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင် အပတ် (မေလ နောက်ဆုံးပတ်)တွင်  ကြံ့နှစ်ကောင်(အနီ) ကျပ်၉၈၀၀၊ ဆင်(ထိုင်း) ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၉၅၀၀၊ ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၈၈၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၈၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၈၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းတက်လာပြီး၊  အရောင်းအဝယ်အေးနေကြောင်း သိရှိရသည်။

        အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၁၉၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၁၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ်၆၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ ရှိခဲ့ပြီး ယခုပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၅၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ် ၆၅၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၉၉၀၀၀၊ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

            အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မေလ (၂၇)ရက်နေ့မှ ဇွန်လ (၂)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် ၁ပိဿာလျှင် ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၅၀၀ မှ ၈၀၀ အတွင်း၊ ပန်းဂေါ်ဖီ တစ်ထုပ်လျှင် ကျပ် ၃၀၀ မှ ၉၀၀ အတွင်း၊ အာလူး ၁ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၁၇၀၀ အတွင်း၊ မုန်လာဥနီ ၁ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း၊ ရွှေဖရုံသီး ၁လုံးလျှင် ကျပ် ၁၀၀၀ မှ ၄၀၀၀ အတွင်း၊ ဗူးသီး ၁လုံးလျှင် ကျပ် ၆၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်) ၁ပိဿာလျှင် ကျပ် ၈၀၀ မှ ၁၃၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၅၀၀ မှ ၉၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) ၁ပိဿာလျှင် ၁၅၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁ပိဿာလျှင် ကျပ် ၃၀၀၀ မှ ၄၅၀၀ အတွင်း၊ ချင်း ၁ပိဿာလျှင် ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ချဉ်ပေါင်ရွက် ၁စီးလျှင် ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်) ၁ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ သံပရာသီး ၁လုံးလျှင် ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) ၁ပိဿာလျှင် ၁၀၀၀ မှ ၁၄၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၉၆၃၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၁၅၀၆၆)ကျော်၊ ဗူးသီးအလုံး ပေါင်း (၂၂၈၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၇၆၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၇၀၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း (၁၉၈၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၁၇၈၅)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း