Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်ရှိ ပြောင်းစိုက်ပျိုးမှုအခြေအနေ

    တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ဝါးတီးကျေးရွာအုပ်စု၊ညောင်ပင်ရွာမှ ကျေးလက်နေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ ရာသီအလိုက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ပြောင်းဖူးသည် ဒေသတွင်းအများဆုံး စားသုံးကြပြီး ဈေးကွက်ဝင်၍ အာဟာရဓါတ်  ကြွယ်ဝ သော သီးနှံတစ်မျိုးဖြစ်သည်။

       ပြောင်းဖူးတွင် အဖြူမျိုး (ဖန်စီဗစ်) နှင့် အဝါမျိုး (King) ဟူ၍ နှစ်မျိုးရှိပြီး အချိန်မရွေးစိုက်၍ ရသည်ဆိုသော်လည်း မိုးရာသီစိုက်ပျိုးရခြင်းသည် ရေးသွင်းရန်မလိုသည့်အတွက် ကုန်ကျစရိတ်သက်သာ စေပါသည်။လက်ရှိချိုးယူရရှိသောပြောင်းဖူးများသည် ဧပြီလမှစိုက်ပျိုးထားသောသီးနှံများဖြစ်ပြီး ပြောင်းဖူး မျိုးထုပ်(၁)ထုပ်လျှင် ၅၀၀၀၀ကျပ်ဖြင့် ဝယ်ယူခဲ့ရပြီး တစ်ဧကလျှင် မျိုးထုပ်(၆)ထုပ်အထိ စိုက်ပျိုးနိုင် ပါသည်။ ဖြစ်ထွန်းလာသောသီးနှံများကို အကြီးတစ်ဖူးလျှင် ၄၀၀ ကျပ်၊ အလတ် တစ်ဖူးလျှင် ၂၅၀ မှ ၃၀၀ အထိ ရောင်းချရပြီး မိုးနှောင်းပိုင်းတွင်စိုက်ပျိုးသော ပြောင်းဖူးများသည် စိုက်ပျိုးသူနည်းပါးသဖြင့် ဈေးကောင်းပိုရပါသည်။

          တစ်ဧကကုန်ကျစရိတ်အနေဖြင့် မိုးရာသီတွင် ၇၀၀၀၀၀ ကျပ်မှ ၈၀၀၀၀၀ ကျပ်အထိ ကုန်ကျပြီး ဆောင်းရာသီတွင် ၁၀၀၀၀၀၀ ကျပ် မှ ၁၁၀၀၀၀၀ကျပ် အထိ ကုန်ကျနိုင်ပါသည်ဟု ခန့်မှန်း သိရှိရသည်။ ဆောင်းရာသီတွင် စိုက်ပျိုးရသောပြောင်းသီးနှံသည် ရေသွင်းရသည့်အတွက် ကုန်ကျစရိတ် ပိုသော်လည်း အနှံထွက်ချိန်တွင် မိုးရွာသွန်းမှုမရှိသဖြင့် အပျက်အစီးနည်းပါးခြင်း၊ စိုက်ပျိုးသူနည်းပါးခြင်း တို့ကြောင့်  အထွက်နှုန်းကောင်းပြီးဈေးကောင်းရသည်ဟု ပြောင်းစိုက်ပျိုးသည့် ကျေးလက်နေတောင်သူ တစ်ဦးထံမှသိရှိရသည်။

DOCA(ပဲခူး)

ဈေးတက်နေဆဲ လက်ပံတန်းမြို့ရှိကြက်ဥ/ဘဲဥဈေးကွက်

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးကြီးအတွင်း ရောင်းချလျှက် ရှိသောကြက်ဥ/ဘဲဥ လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ ကြက်ဥ (အကြီး)တစ်လုံးလျှင် ၅၀၀/ကျပ်၊ကြက်ဥ(အလတ်)တစ်လုံးလျှင် ၄၈၀/ကျပ်၊ကြက်ဥ (အသေး) တစ် လုံးလျှင် ၄၄၀/ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
   ဘဲဥဈေးကွက်ရောင်းချမှုအနေဖြင့် ဘဲဥ(အကြီး)တစ်လုံးလျှင် ၆၀၀/ကျပ်၊ဘဲဥ(အလတ်) တစ် လုံးလျှင် ၅၅၀/ကျပ်၊ဘဲဥ(အသေး)တစ်လုံးလျှင် ၅၀၀/ကျပ်၊ငုံးဥ(တစ်လုံး)လျှင် ၁၀၀/ကျပ်ဈေးနှုန်း တို့ ဖြင့်အရောင်းအဝယ်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်မင်းလှမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းဈေးကွက်

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းရှိ ရောင်းချနေသော ဟင်းသီး ဟင်းရွက်များမှာ မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများမှဝင်ရောက်သည့်အပြင် ပုတီးကုန်း သဲကုန်း၊ ပေါင်းတည် စသည့်မြို့နယ်များမှလည်း ဝင်ရောက်ရောင်းချနေကြောင်း သိရှိရ ပါသည်။
    ထိုသို့ဝင်ရောက်ရာတွင် ဇူလိုင်လတတိယပတ်တွင် ခရမ်းချဉ်သီး ထိုင်ဝမ် ၁ပိဿာ ၄၀၀၀/၅၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် ၁ထုပ်လျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ပန်းဂေါ်ဖီ ၁ထုပ် ၃၀၀၀  ကျပ်၊ အာလူး ၁ပိဿာ ၄၅၀၀ မှ ၅၀၀၀ ကျပ်၊ ရွှေဖရုံသီး ၁စိပ်လျှင် ၅၀၀ ကျပ်၊ ဗူးသီး ၁လုံးလျှင် ၂၅၀၀ မှ ၃၀၀၀ ကျပ်၊ ငရုတ်ပွ ၁ပိဿာ ၁၃၀၀၀ ကျပ်၊ ချဉ်ပေါင်ရွက် ၁စည်းလျှင် ၂၀၀ ကျပ်၊ ပဲသီး ၁၀တောင့် ၁စည်းလျှင် ၃၀၀ မှ ၄၀၀ ကျပ်၊ ကန်စွန်းရွက် ၁စည်းလျှင် ၂၀၀ မှ ၂၅၀ ကျပ်၊ ခရမ်းရှည်သီး ၁လုံးလျှင် ၄၀၀ မှ ၅၀၀ ကျပ်၊ဆလပ်ရွက် ၁စည်းလျှင် ၅၀၀ မှ၇၀၀ ကျပ်၊သံပုရာသီး ၁လုံးလျှင်  ၅၀ မှ ၁၀၀ ကျပ်၊ ငရုတ်သီးစိမ်း ၁ပိဿာလျှင် ၅၀၀၀ကျပ်၊ ရုံပတီသီး ၁စည်းလျှင် ၁၀၀ ကျပ်၊ ဘုံလုံသီး တစည်းလျှင် ၁၀၀၀/၁၅၀၀ ကျပ်၊ ဂေါ်သခါးသီးတစ်လုံးလျှင် ၇၀၀ ကျပ်၊ခဝဲသီးတတောင့်လျှင် ပြောင်းဖူး  တစ်ဖူးလျှင် ၅၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ပုတီး ကုန်း၊ သဲကုန်း၊အေးမြသာယာမှပြောင်း ဖူးနှင့် ဗူးသီးများ အများဆုံးဝင်ရောက်ပြီး တစ်နေ့လျှင် ပြောင်းဖူး ၃၀ဖူး အိတ် ၂၅ခန့်၊ဗူးသီး ၁၀လုံး အိတ် ၁၅အိတ်ခန့်၊ ခရမ်းချဉ်သီး ၁၀ပိဿာ ဝင်းခြင်း ၁၅ခြင်းခန့် ဝင်ရောက်ကြောင်း ဟင်းသီးဟင်းရွက် ရောင်းချနေသော ကုန်သည်များထံမှ သိရှိ ရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့တွင်ဇူလိုင်လ၏အခြေခံစားကုန်ဈေးနှုန်းများ

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ရှိ မြို့မဈေးကြီးတွင် လူသုံးကုန် စားသောက်ကုန်များ လက်လီလက်ကားရောင်းချလျက်ရှိသည်။ဇူလိုင်လဒုတိယပတ်တွင် ဖြစ်ပေါ်နေ သောအခြေခံစားသောက်ကုန်၏ ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၉၀၀၀၀ ကျပ်၊တစ်ပြည်လျှင် ၈၀၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၃၈၀၀၀ ကျပ်၊တစ်ပြည် လျှင် ၆၀၀၀ ကျပ်၊ မိန်မိန်လေးတစ်အိတ်လျှင် ၈၆၀၀၀ ကျပ်၊ တစ်ပြည်လျှင် ၄၀၀၀ ကျပ်၊ဇီယာ ဧည့်မထရိုးရိုးတစ်အိတ်လျှင် ၆၉၀၀၀ ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
    မြေပဲဆီ၊နှမ်းဆီ တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၁၆၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ မြေပဲဆံ(အနီ)တစ်ပိဿာ ၁၁၀၀၀ ကျပ်၊ကုလားပဲခွဲခြမ်း တစ်ပိဿာ ၆၀၀၀ ကျပ်၊အာလူးတစ်ပိဿာ ၅၀၀၀ ကျပ်၊ဂျင်းတစ်ပိဿာ ၆၀၀၀ ကျပ်၊အိုင်အိုဒင်းဆား တစ်ထုပ်လျှင် ၁၃၀၀ ကျပ်တို့ဖြစ်ပါသည်။
   မွေးမြူရေးထွက်ကုန်ဖြစ်သော ငါးခူ၊ငါးကျီး တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ငါးကြင်းတစ် ပိဿာ ၁၅၀၀၀ ကျပ်၊ငါးမြစ်ချင်းတစ်ပိဿာ ၁၀၀၀၀ ကျပ်၊ငါးမြစ်ချင်းခြစ် တစ်ပိဿာ ၄၀၀၀ ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာ ၅၅၀၀၀ ကျပ်၊ ဗမာ(ကြက်)တစ်ပိဿာ ၃၅၀၀၀ ကျပ်၊ (CP) ကြက် တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ဆိတ်သားတစ် ပိဿာ ၅၀၀၀၀ ကျပ်၊ကြက်ဥ တစ်လုံးလျှင် ၄၅၀/၄၆၀/၄၈၀ ကျပ်၊ဘဲဥတစ်လုံးလျှင် ၅၀၀/၆၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဈေးအပြင်တန်းရှိ သစ်သီးဈေးကွက်

    ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးရှိ ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသော  သစ်သီးဈေးနှုန်းများမှာ ပန်းသစ်တော်သီး ၁ လုံးလျှင်  (၃၅၀၀/၅၀၀၀/၇၀၀၀/) ကျပ်၊ သင်္ဘောသီး မှည့် ၁လုံးလျှင် (၁၅၀၀/၂၀၀၀/)ကျပ်၊ နာနတ်သီး (၁)လုံး (၂၀၀၀/၃၀၀၀/)ကျပ်၊ နင်္ဂါးမောက်သီး (၁)လုံး (၁၅၀၀/၂၀၀၀/ )ကျပ်၊ဖရဲသီး ၁ လုံး (၅၀၀၀/)ကျပ်၊ လိမ္မော်သီး ၁ လုံး ၂၀၀၀/ကျပ်၊ပန်းသီး ၁ လုံး (၂၀၀၀/) ကျပ်မှ ၂၅၀၀/ကျပ် မာလကာသီး ၁လုံးလျှင် ၁၀၀၀/ ၁၅၀၀/ကျပ်၊ ဒူးရင်းသီးတစ်လုံးလျှင် ၁၀၀၀၀/၁၅၀၀၀ ကျပ်၊ ကြက်မောက်သီးတစ်လုံးလျှင် ၃၀၀ကျပ်၊မင်းဂွတ်သီးတစ်လုံးလျှင် ၃၀၀ ကျပ်၊ သပျစ်သီး ၁၀ကျပ်သားလျှင် (၃၀၀၀/၄၀၀၀/)ကျပ်၊ ဈေးများဖြင့် ရောင်းချ နေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရှိ ငါးဈေးကွက်

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့(မြို့မ) ဈေးအတွင်း၌  ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ(တစ်ပိဿာ)လျှင် ၁၅၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၈၀၀၀ မှ ၁၂၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၅၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၄၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ)လျှင် ၂၅၀၀၀ ကျပ်၊ ငါးကျီး(တစ်ပိဿာ)လျှင် ၂၅၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ် သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ) လျှင် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းချ နေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

အခြေခံစားကုန်များနှင့်သားငါးဈေးကွက်အခြေအနေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့ပေါ်ရှိ မြို့မဈေးနှင့် ရွှေတည် ဈေးကွက်အတွင်း ယခုလ ၂၀၂၅ ဇူလိုင်လ ဒုတိယပါတ်တွင် အခြေခံစားကုန်များဈေးနှင့် သားငါး ဈေးနှုန်းများကို  သွားရောက်စုံစမ်းခဲ့ပါသည်။

     အခြေခံစားကုန်များဖြစ်သော ကြက်သွန်နီထိပ်စတစ်ပိဿာ (၂၀၀၀)ကျပ်၊ ကြက်သွန်နီ အသေးတစ် ပိဿာ(၁၅၀၀)ကျပ်၊ ကြက်သွန်ဖြူကြူကုတ်တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ဥတစ်လုံးတစ်ပိဿာ  (၁၈၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ရှမ်းမွှာ တစ်ပိဿာ (၁၅၀၀၀)ကျပ် ၊အာလူး တစ်ပိဿာ (၄၅၀၀)ကျပ်၊ ငရုပ်ရှည်   တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ မကျီးသီးမှည့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နနွင်းတက် တစ်ပိဿာ (၁၀၀၀၀)ကျပ် ၊     စီပီကြက် တစ်ပိဿာ (၂၅၀၀၀)ကျပ် ၊ ဗမာကြက် တစ်ပိဿာ (၃၂၀၀၀)ကျပ် ၊ အမဲသား တစ်ပိဿာ (၂၅၀၀၀)ကျပ် ၊ ရန်ကုန် ငါးမြစ်ချင်း တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ ငါးခူတစ်ပိဿာ (၂၇၀၀၀) ကျပ်၊ ရိုးရိုး ငါးကြင်းတစ်ပိဿာ (၁၅၀၀၀) ကျပ်၊ပုဇွန်ထုပ်ကြီး တစ်ပိဿာ (၅၀၀၀၀) ကျပ်၊ ပုဇွန်ထုပ် အသေးတစ်ပိဿာ(၃၀၀၀၀) ကျပ် ရှိကြောင်း   စုံစမ်းသိရှိခဲ့ရပါသည်။

     အခြေခံစားကုန်များနှင့် သားငါးဈေးနှုန်းများမှာ ယခင် ၂၀၂၅ ဇွန်လ ဒုတိယပါတ် ဈေးနှုန်းများနှင့် ယခု ၂၀၂၅ ဇူလိုင်လ ဒုတိယပါတ် ဈေးနှုန်းများ နှိုင်းယှဉ်ပါကစားဖိုချောင်သုံး စားကုန်အချို့ ဈေးနည်းငယ် ကျဆင်းသွားပြီး ကျန်စားကုန်များ အတက် အကျမရှိဘဲ ဈေးနှုန်းများ တည်ငြိမ်လျှက်ရှိကြောင်း   စုံစမ်းသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

ရာသီချိန်လှိုင်လှိုင်ထွက် ပဲတောင့်ရှည်ဈေးကွက်

   ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ရာသီအလိုက် ပဲသီးနှံအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် ပဲတောင့်ရှည်ပင်များ စိုက်ပျိုးဖြစ်ထွန်း လျှက်ရှိ၇ာ ယခုလအတွင်း ဟင်းသီးဟင်းရွက် စိုက်ခင်းများမှ  ပဲတောင့်ရှည်များ စိုက်ပျိုးဖြစ်ထွန်း လျှက်ရှိရာ လှိုင်လှိုင်ထွက်လျှက်ရှိပါသည်။ မိုးဦးကာလ ဇူလိုင်လအထိ ဟင်းသီးဟင်းရွက် (၂၂၄၄)ဧက စိုက်ပျိုးပြီးကြောင်း မြေစာရင်းဦးစီးဌာနမှ သိရပြီး ပဲတောင့်ရှည်သည် အနယ်နယ် အရပ်ရပ်ရှိ ဟင်းသီးဟင်းရွက် ဈေးကွက်များ၌ နှစ်စ   ရောင်းအား ကောင်းခဲ့၍ ယခုနှစ် ပေါင်းတည်မြို့နယ်၌ ပဲတောင့်ရှည် စိုက်ပျိုးသူ များပြားလာကြောင်း သိရှိရပါသည်။

   ထိုပဲတောင့်ရှည်ပင်ကို မိုးဦးကျမှ စတင်၍ စိုက်ပျိုးလေ့ရှိကြပြီး ရက်(၃၀)ခန့်  ကြာလျှင် စတင်ဆွတ်ခူး ရောင်း ချ နိုင်ကြောင်း နှင့် တစ်ဧက ကုန်ကျစရိတ်မှာလည်း ကျပ်သုံးသိန်းကျော်ခန့် ကုန်ကျပြီး အကျိုးအမြတ်များစွာရရှိသည့်အတွက် ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲကို တောင်သူများစွာ စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆီထွက်သီးနှံ မိုးနှမ်းအား တိုးမြှင့်စိုက်ပျိုးလာ

   ပဲခူးတိုင်း (အနောက်) နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်ရှိ ‌‌‌  ဒေသတွင်း ဆီထွက်သီးနှံဖြစ်သော နှမ်းသီးနှံအား တစ်ပိုင်တစ်နိုင် တိုးမြှင့်စိုက်ပျိုးလာကြသည်။နှမ်းဆီ၊ပဲဆီသန့်တို့အား ဒေသဈေးကွက်တွင် စားသုံးသူများ၏ လိုအပ်ချက် အရ စိုက်ပျိုးကြိတ်ခွဲ စားသုံးနိုင်ရေး လယ်ယာမြေ ၊ခြံမြေနှင့် ကုန်းကွင်းတို့၌ သီးသန့်စိုက် ပျိုးလာကြောင်း သိရသည်။

     မိုးနှမ်းအား မေလဆန်းတွင် မိုးကြိုနှမ်းအဖြစ် စတင်စိုက်ပျိုးပြီး ဩဂုက်လတွင် ရိတ်သိမ်းနိုင်ပြီ ဖြစ် ၍ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးဧကမှာ (၁၅၇၀)ဧက ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဌာနမှ သိရသည်၊ ဒေသစိုက် နှမ်းမျိုးမှာ စမုံနက်နှင့်နှမ်းနီတို့ဖြစ်သည်။

     နှမ်းသီနှံပေါ်ချိန်တွင် မြို့နယ်ဆီစက်ငယ်များသို့ ဆီကြိတ်ခွဲ စားသုံးမှု့နှင့် ကုန်ကြမ်းဖြစ်သော နှမ်းဖတ် တို့အား ဆီစက်များမှ ကြိတ်ခအဖြစ် ကုန်ကြစရိတ် နည်းစွာ ဆီကြိတ်ခွဲ ရမှု့ အပေါ် စားဆီဖှုလုံမှု့ အထောက်အပံ့များ ရရှိစေပြီး ဆီသန့်များ စားသုံးနိုင်မှု့ ရရှိနိုင်ကြမည် ဖြစ်သဖြင့် ဆီထွက်သီးနှံများ ဖြစ်သော မိုးနှမ်းမြေပဲနှင့် ဆောင်းနှမ်း/မြေပဲ တို့အား နည်းစနှစ်တကျ စိုက်ပျိုး လာကြခြင်းဖြင့် ဒေသစားသုံးမှု့  ပိုလျှံပါက ပြည်တွင်းစားသုံးဆီဖူလုံမှု့ ရရှိနိုင်မည် ဖြစ်ပါသည်။

DOCA(ပဲခူး)

ရာသီပေါ်သီးနှံများ ဈေးကောင်းရ၍ တောင်သူများ တွက်ချေကိုက်

  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာများတွင်  ရာသီပေါ် ဟင်းသီး၊ ဟင်းရွက်မျိုးစုံကို စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်း ချလျက်ရှိပါသည်။  ယခုနှစ်တွင် မိုးဦးကျစော၍ ရေသွင်း ရေထုတ်ခြင်း ကုန်ကျစရိတ် ယခင်နှစ်ထက် သက်သာ၍ တောင်သူများ တွက်ချေကိုက်၍ အကျိုးအမြတ်များပိုမိုရရှိနေကြောင်း  သိရပါသည်။ 

   သဲကုန်းမြို့နယ် ပုတီးကုန်းမြို့ စိမ်းရောင်စို ကုန်စိမ်းဒိုင်တွင် ယခုဇွန်လ ဒုတိယပတ် ဖြစ်ပေါ်နေသော ဟင်းသီး၊ ဟင်းရွက် သီးနှံဈေးနှုန်းများမှာ သခွားသီးတစ်လုံးလျင် (၄၀)ကျပ်၊ ခရမ်းကျွတ်သီးတစ်လုံးလျှင် (၁၅)ကျပ်၊ ပဲတောင့်ရှည်သီး တစ်တောင့်လျှင် (၁၇)ကျပ်၊ ပြောင်းဖူးတစ်ဖူးလျှင် (၄၀၀)ကျပ်၊ ခဝဲသီးအရှည်တစ်တောင့်လျှင် (၄၀၀)ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီးအသေး တစ်ပိဿာလျှင် (၁၅၀၀)ကျပ်နှုန်း ဖြင့်ဝယ်ယူ၍  ရန်ကုန်ဒညင်းကုန်းဈေးကြီးသို့ ပြန်လည်တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

  DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း