Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

    တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာကျပ်သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ မတ်လ အထိ(၁၂)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၉.၈၃၈)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၆.၂၄၈)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၆.၀၈၆) ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ (၁)နှစ်စာ လျာထားချက်အပေါ်  (၂၂.၀၃)% ဆောင်ရွက် နိင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ် စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

       ပို့ကုန်အနေဖြင့် (၁၈.၃.၂၀၂၃ မှ ၂၄.၃.၂၀၂၃)ရက်နေ့ အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀.၅၄) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၂၅.၃.၂၀၂၃ မှ ၃၁.၃.၂၀၂၃)ရက်နေ့အထိ စီးကရက် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၂၀၀)၊ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၄၆)၊ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း(၀.၂၄၆) တင်ပို့နိုင်ခဲ့ပါ ကြောင်း၊ သွင်းကုန်အနေဖြင့် (၁၈.၃.၂၀၂၃ မှ ၂၄.၃.၂၀၂၃)ရက်နေ့အထိ  ဆံပင်တန်ချိန်အားဖြင့် ၆.၈၄၀ တန်၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၂၆) တင်သွင်း နိုင်ခဲ့ပြီး၊ (၂၄.၃.၂၀၂၃ မှ ၃၁.၃.၂၀၂၃)ရက်နေ့အထိ  ဆံပင် တန်ချိန်အားဖြင့် ၁.၇၀၀ တန်၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ် လာသန်း (၀.၀၀၆) တင်သွင်းနိုင်ခဲ့သည့်အတွက် ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန် ဒေါ်လာသန်း (၀.၁၉၂) ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ် လာသန်း (၀.၀၂၀)  လျော့နည်းတင်သွင်းနိုင်ခဲ့ပါကြောင်း  တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ပခုက္ကူမြို့တွင် ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိ

     ပခုက္ကူမြို့တွင် ယောနယ်မှ ဗမာကြက်သွန်ဖြူများဝင်ရောက်နေသကဲ့သို့ မန္တလေးဘက်မှဝင်ရောက်လာသော ကြက်သွန်ဖြူ(ကြူကုတ်)၊ ရှမ်းပြည်နယ်၊ အောင်ပန်းမှ ကြက်သွန်ဖြူ(ရှမ်းစ)များအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

  ကြက်သွန်ဖြူမှာ ကြက်သွန်နီထက် သုံးစွဲမှုနည်းသောကြောင့် အဝင်နည်းသည်ကိုတွေ့ရှိရပါသည်။ တစ်ပတ်လျှင် ဗမာကြက်သွန်ဖြူအိတ်ရေ(၇၀၀-၈၀၀)အိတ်အဝင်ရှိကြောင်း၊  တစ်ပတ်လျှင် မန္တလေးဘက်မှကြူကုတ်အိတ်ရေ (၃၀၀-၄၀၀)အိတ်အတွင်း အဝင်ရှိကြောင်း၊ တစ်ပတ်လျှင် ရှမ်းစအိတ်ရေ(၁၀၀-၂၀၀) အတွင်းသာအဝင်ရှိကြောင်းနှင့် ဗမာကြက်သွန်ဖြူ၊ ကြူကုတ်ကြက်သွန်ဖြူများသာ အရောင်းအဝယ်ဖြစ်ပြီး ကြက်သွန်ဖြူ(ရှမ်းစ)မှာ အနည်းငယ်အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။

   ဈေးနှုန်းများအနေဖြင့် မတ်လ (နောက်ဆုံးပတ်) တွင် ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ အရွယ်အစားကိုလိုက်၍ ဗမာကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၄၀၀၀-၈၀၀၀)ဈေးရှိပြီး ကြက်သွန်ဖြူ(ကြူကုတ်)လက်လီဈေးတစ်ပိဿာလျှင် ကျပ်(၂၅၀၀-၆၀၀၀)ကြားနှင့်  ရှမ်းစလက်လီဈေးတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၆၀၀၀)ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုဧပြီလဆန်းတွင် မတ်လ(နောက်ဆုံးပတ်)ဈေးနှုန်းများအတိုင်း အတက်အကျမရှိဘဲ ဈေးငြိမ်နေပြီး အရောင်းအဝယ်အနည်းငယ်အေးနေကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် ဒေသတွင်းသုံးစွဲမှုများပြီး ကြက်သွန်ဖြူကြော်လုပ်ငန်းရှင်များနှင့် လက်ဖက်/ပဲကြော်လုပ်ငန်းရှင်များက အများဆုံးဝယ်ယူကြကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘိုခရိုင်၊ ရေဦးခရိုင်နှင့် ကသာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရပါသည်။

   ၂၀၂၃ခုနှစ်၊ ဧပြီလ(ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ်(၂၂၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၈၀၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀လျှင် ကျပ်(၁၇၅၀၀၀၀)၊  ဧရာမင်း (ဆန်) (သစ်)  ၂၄ ပြည်ပါ တစ် အိတ် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၁၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ်လျှင်ကျပ် ၇၅၀၀၀၊  ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၆၅၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် ပါ တစ်အိတ်  ၆၅၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

  ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ၁၄၀၀၀၀၀၊ ဧည့်မထ (ဆန်)(သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၅၀၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၁၃၀၀၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၅၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်၁၃၀၀၀၀၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၆၂၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁၃၀၀၀၀၀၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၂၀၀၀၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊  ဧရာမင်း (ဆန်) (သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၅၀၀၀၊  မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၃၀၀၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊  ဧရာ မင်း(ဆန်)(သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ မတ်လ (နောက်ဆုံး)ပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေး သို့ အိတ်ရေ ၇၉၂၈၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၈၅၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၆၁၈၈၀)အိတ်၊ တန်အားဖြင့် (၈၀၉၄)စီးထွက်ခဲ့ပြီး၊ ယခု ဧပြီလ (ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသ ကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၅၀၀၊ မန္တလေး သို့ အိတ်ရေ ၇၀၂၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၈၅၀၀၊ ကချင်သို့ အိတ်ရေ ၁၂၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၄၉၃၀၀)အိတ်၊ တန်အားဖြင့် (၇၄၆၅)စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၂၅၈၀) တန်အားဖြင့် (၆၂၉) လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်တွင် ဖြစ်ပေါ်နေသော သစ်သီးဝလံဈေးကွက်

      ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ဧပြီလအတွင်း ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ရွှေလိမ္မော် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ပျားလိမ္မော်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ စပျစ်သီး တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ စတော်ဘယ်ရီတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ပန်းသီးတစ်လုံးလျှင် ၇၅၀ကျပ်မှ ၁၃၀၀ကျပ်ထိ၊ ပန်းသစ်တော် တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ၊ ထောပတ်သီး တစ်လုံးလျှင် ၅၀၀ကျပ်မှ ၁၀၀၀ကျပ်ထိ၊ မာလကာသီး တစ်လုံးလျှင် ၃၅၀ကျပ်မှ ၅၀၀ကျပ်ထိ၊ ဖရဲသီးတစ်လုံးလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ၊ သခွားမွှေးသီး တစ်လုံးလျှင် ၅၀၀ကျပ်မှ ၁၀၀၀ကျပ်ထိ၊ နာနတ်သီးတစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ၊ ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင်  ၁၅၀၀ကျပ်၊ သီးမွှေးငှက်ပျောသီး တစ်ဖီးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ၊ ရခိုင်ငှက်ပျောသီး တစ်ဖီးလျှင် ၁၀၀၀ကျပ်  မှ ၁၅၀၀ကျပ်ထိ၊ ကန်စွန်းဥ တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ သံပရာသီး တစ်လုံးလျှင် ၁၀၀ကျပ်မှ ၂၀၀ကျပ်ထိ၊ ရှောက်သီး တစ်လုံးလျှင် ၂၀၀ကျပ်မှ ၃၀၀ကျပ်ထိ၊ အုန်းသီး(အစိမ်း) တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကယား)

ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူဈေးကွက်

      ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြက်သွန်ဖြူအသစ်များ ဈေးကွက်ကို စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။  ရှမ်းပြည်နယ်တွင် အဓိကစိုက်သောသီးနှံဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်အနှံ့အပြားမှာ စိုက်ပျိုးပါကြောင်း၊  နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှာ စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလတို့တွင် စတင်ရိတ်သိမ်းပါကြောင်း၊ ယခုဈေးကွက်ကိုဝင်လာသော ကြက်သွန်ဖြူအသစ်များမှာ တောင်ကြီးမြို့နယ်အတွင်းကဖြစ်ပြီး ၊ အင်းလေးဒေသအရှေ့ဖက်ခြမ်းဒေသတွေဖြစ်သော နမ့်ပန်မြို့နယ်၊ မိုင်းပျိုးကျေးရွာအုပ်စု ၊အင်းယား ကျေးရွာအုပ်စု၊ ကျောက်တလုံးငယ်ကျေးရွာအုပ်စုမှဖြစ်ကြောင်း၊တစ်ဧကလျှင် ပိဿာ (၂၅၀) စိုက်၍ ထွက်ရှိမှုမှာ  ပိဿာချိန်(၂၅၀၀) ပတ်ချာလည်ခန့်ထွက်ရှိပါကြောင်း၊ ယခုတစ်ပတ်အတွင်း တစ်ပိဿာပေါက်ဈေးမှာ အပင်ပါ (အစို) အရောကို ၁၈၀ဝိ/-ဈေးပေါက်နေပါကြောင်း၊ ယခုလောလောဆယ်တွင် အစိုဓါတ်များရှိနေခြင်းကြောင့် အရည်အသွေး၊ အမျိုးအစား ခွဲခြားခြင်းမရှိဘဲ၊ အရော(ဂျွန်) တွေကိုသာ ဈေးကွက်မှာရောင်းချလျက်ရှိပါကြောင်း၊ သင်္ကြန်ပြီး ဈေးကွက်အခြေအနေကို ကြည့်ပြီးမှသာ ဈေးဖွင့်မှာဖြစ်ပြီး၊ ထိုအချိန်မှသာ အမျိုးအစားအလိုက် ဈေးဖွင့်မှာဖြစ်ကြောင်း ဈေးကွက်မှ သတင်းရရှိပါသည်။

DOCA(ရှမ်း)

မြင်းခြံခရိုင်၏ ဆောင်းပဲတီစိမ်း စိုက်ပျိုးထွက်ရှိမှုအခြေအနေ

     မြင်းခြံခရိုင်၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှုအနေဖြင့် (၅၃၄၃)ဧကစိုက်ပျိုးပြီး  ရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၅၃၄၃)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါကြောင်းနှင့် တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ (၁၂.၆၁)၊အထွက်တင်းမှာ(၆၇၃၉၄)တင်း ထွက်ရှိလျက်ရှိကြောင်း သိရှိရပါသည်။ မြို့နယ်အလိုက်စိုက် ပျိုးမှု၊ရိတ်သိမ်းမှုနှင့်  တစ်ဧကအထွက်နှုန်းများအနေဖြင့် မြင်းခြံမြို့နယ်တွင် စိုက်ဧက(၉၁)ဧက၊ ရိတ် သိမ်းဧက(၉၁)၊ ပျမ်းမျှအထွက်နှုန်း (၇.၇၀)၊ အထွက်တင်းမှာ(၇၀၁)တင်း၊  တောင်သာမြို့နယ်တွင် စိုက်ဧက (၈၀၄) ဧက၊ ရိတ်သိမ်းဧက  (၈၀၄) ဧက၊ ပျမ်းမျှအထွက်နှုန်းမှာ  (၆.၅၅)၊  အထွက်တင်း    (၅၂၆၆) တင်းနှင့် နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက(၄၄၄၈)ဧက၊ ရိတ်သိမ်းဧက(၄၄၄၈)ဧက၊ ပျမ်းမျှအထွက်နှုန်းမှာ(၁၃.၈၁)နှင့် အထွက်တင်းမှာ(၆၁၄၂၇)တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာ စာရင်းများအရ သိရှိပါသည်။

      မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဆောင်းပဲတီစိမ်းကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတွင်စိုက်ပျိုး၍ မတ်၊ ဧပြီနှင့် မေလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း သိရှိရပါသည်။ ပဲတီစိမ်းကို ရိတ်သိမ်းချိန်လွန်တွင် သတိပြုရမည့်အချက်အနေဖြင့် သီးနှံများကို ရိတ်သိမ်းပြီးနောက် ပိုင်း ကိုင်တွယ်ထိန်းသိမ်းတတ်မှု အပေါ်တွင်မူတည်နေမှာဖြစ်ပြီး ရိတ်သိမ်းချိန်လွန်တွင် ပဲမျိုးစုံသီးနှံများအား ထိန်းသိမ်းရာ၌ သိုလှောင်ရုံနှင့်ပတ်ဝန်းကျင် ရေဝပ်မှုမရှိစေရန်၊သန့်ရှင်းမှု၊သိုလှောင်ရုံဧရိယာ သယ်ယူပို့ဆောင်ရေးယာဉ်နှင့် ထုပ်ပိုးပစ္စည်းစသည်တို့ကို ဓါတုဆေးများဖြင့် ပက်ဖျန်းပေးရန် လိုအပ်မှာဖြစ်ပြီး ကြွက်အန္တရာယ်နှင့် သန့်ရှင်းရေး ထိခိုက်စေမည့် အခြားဇစ်မြစ်များကိုလည်း အထူး ဂရုပြုရမည်ဖြစ်ပါသည်။သို့မှသာအရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။အစိုဓာတ်ကို ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ဂရုပြုသိုလှောင်ပြီး မှန်ကန်စွာစစ်ဆေးနေရမည် ဖြစ်ပါသည်။၎င်းအပြင် ပဲသီးနှံများသည်အဓိက ရေငွေ့ပျံခြင်း၊စိုထိုင်းဆများပြားခြင်းကြောင့် ပျက်စီးလွယ်တတ်သည်ဖြစ်၍ ပတ်ဝန်းကျင်စိုထိုင်းဆ ၄၀ရာခိုင်နှုန်းထက် မပိုအောင်ဂရုစိုက်ရမည်ဖြစ်ပါသည်။ အထူးသဖြင့်ပိုးကျရောက်မှုမှ ကင်းဝေးစေရန် ကျရောက်တတ်သော ပိုးများနှင့်အသုံးပြုရမည့် ဆေးများကို စနစ်တကျ အချိန်ကာလအလိုက် ကာကွယ်နှိမ်နင်းရန်မှာလည်း များစွာအရေးကြီးကြောင်း ဖတ်ရှု့လေ့လာသိရှိရပါသည်။

       မြင်းခြံကုန်စည်ဒိုင်တွင် ယခုနှစ်တစ်ပိသာဈေးနှုန်းမှာ (၂၉၀၀)မှ (၃၀၀၀)ကျပ်ထိရှိကြောင်း သိရှိရပါသည်။ယခင်နှစ်ကာလတူဈေးနှုန်းမှာ (၁၉၅၀)ကျပ်မှ (၂၀၅၀)ကျပ်ထိရှိပြီး၊ယခုနှစ်တွင် တစ်ပိသာလျှင် ပျမ်းမျှ (၉၅၀)ကျပ်ထိ ဈေးမြင့်တတ်ခဲ့ပြီး ထွက်ရှိသောပဲများအား မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ် (၂၉-၃-၂၀၂၃) ရက်နေ့တွင်  နှမ်းနက်(စမုံ) (၄၅)ပိသာဝင်(၁)အိတ်လျှင် ကျပ်(၂၅၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၄-၄-၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၂၅၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းပြာ(၁)အိတ်လျှင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်၌လည်း ကျပ်(၂၃၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းဖြူ(၁)အိတ်လျှင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်၌လည်း ကျပ်(၂၆၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းနီ(၁)အိတ်လျှင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်၌လည်း ကျပ်(၂၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ (၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၉၀၀)အိတ်၊ နှမ်းပြာ(၁၅၀)အိတ်၊ နှမ်းဖြူ(၇၅)အိတ်နှင့် နှမ်းနီ(၁၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

     ပဲမျိုးစုံဈေးကွက်တွင် ပဲစင်းငုံ(နီ)(၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၅၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၇၅၅၀၀)၊ ယခင်အပတ်တွင် မတ်ပဲ(၁)တင်းလျှင် ကျပ်(၆၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၄၅၀၀)၊ ယခင်အပတ်တွင် ဘိုကိတ်ပြာ(၁)တင်းလျှင် ကျပ်(၄၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၄၄၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ ယခင်အပတ်တွင် ကုလားပဲ(HL)(၁)တင်းလျှင်  ကျပ်(၇၂၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၀၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးလျော့ခဲ့ကြောင်း၊ ယခင်အပတ်တွင် ကုလားပဲ (မြကြေး)(၁)တင်းလျှင်  ကျပ်(၇၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀) စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ ယခုအပတ်တွင် ပဲကြီး(၁)တင်းလျှင် ကျပ်(၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၀၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ပြီး (၃၀) ပိဿာဝင်အိတ်ဖြင့် ပဲစင်းငုံ(နီ) (၁၇၀၀)အိတ်၊ မတ်ပဲ(၁၂၀)အိတ်၊ ကုလားပဲ(HL) (၈၀၀)အိတ်၊ ကုလားပဲ (မြကြေး) (၆၅၀)အိတ်၊ ဘိုကိတ်ပြာ(၁၀၀)အိတ်နှင့် ပဲကြီး (၃၈၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

      မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၁၀၀)ဖြစ်ပြီး ယခုအပတ်၌ ကျပ်(၇၁၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ကြောင်း၊ ယခင်အပတ်တွင် မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာလျှင် ကျပ်(၆၁၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၅၀)ဖြစ်၍ ကျပ်(၅၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၄၀၀၀)ဖြစ်ပြီး ယခုအပတ်၌လည်း ကျပ်(၂၄၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ (၃၀)ပိဿာဝင်အိတ်ဖြင့် မြေပဲလုံးဆံ(နီ) (၂၅၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ) (၃၆၀)အိတ်နှင့်   မြေပဲတောင့်အစို (၄၃၀၀)တင်းအရောင်း အဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

 ယခင်အပတ်တွင် ဝါသီးနှံဈေး(၁)ပိဿာလျှင် ကျပ်(၂၉၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ပြီး ဝါပိဿာချိန်(၁၈၀၀၀)ပိဿာခန့်အရောင်းအဝယ်ရှိခဲ့ပါသည်။ ဘိုကိတ်ပြာ၊ ပဲစင်းငုံ(နီ)၊ ကုလားပဲ(မြကြေး)နှင့် ကုလားပဲ(HL)တို့အား ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေရပြီး ဝါသီးနှံ၊ ပဲကြီး၊ မြေပဲလုံးဆံ(နီ)၊ မြေပဲလုံးဆံ(ဖြူ)၊ မြေပဲတောင့်(အစို)နှင့် မတ်ပဲ စသည့်သီးနှံတို့ကို မန္တလေးမြို့သို့ တင်ပို့ရောင်းချခြင်းနှင့် မြေပဲလုံးဆံ(နီ)၊ မြေပဲလုံးဆံ(ဖြူ)နှင့်  ကုလားပဲ စသည့်သီးနှံတချို့ကိုလည်း အောင်လံမြို့အတွင်း ပဲကြော်လုပ်ငန်းရှင်များနှင့် ကုလားပဲခြမ်းစက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၅.၄.၂၀၂၃ )

    ၅.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း