ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ ဆန်ဈေးနှုန်းများ

ရွှေဘိုခရိုင်အတွင်းတွင် ဇူလိုင်လ ဒုတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ ပထမပတ်တွင် ရန်ကုန်သို့ (93557)အိတ်၊ မန္တလေးသို့ (56594) အိတ်၊ နေပြည်တော်သို့ (1040)အိတ်၊ပဲခူးတိုင်းသို့ (6902)အိတ်၊ မကွေးတိုင်းသို့ (၁၃8၀)အိတ်၊ ရှမ်း(တောင်)သို့ (18752)အိတ်၊ ကချင်ပြည်နယ်သို့ (4210)အိတ်၊ မွန်ပြည်နယ်သို့ (၁1055)အိတ်၊ ကရင်ပြည်နယ်သို့ (31၈၀)အိတ် ၊မူဆယ်သို့ (56၀)အိတ်၊ ထားဝယ်သို့ (၇၈၅)အိတ်၊စုစုပေါင်း အိတ်ရေ 198015 တန်အားဖြင့် 9901တန် စီးထွက်ခဲ့ပါသည်။
ယခု ဇူလိုင်လ ဒုတိယပတ်တွင် ရန်ကုန်သို့ (69248)အိတ်၊ မန္တလေးသို့ (53510) အိတ်၊ နေပြည်တော်သို့ (1705)အိတ်၊ပဲခူးတိုင်းသို့ (6၇၉၅)အိတ်၊ မကွေးတိုင်းသို့ (၃၁၉၉)အိတ်၊ ရှမ်း(တောင်)သို့ (1၅၂၃၆)အိတ်၊ ကချင်ပြည်နယ်သို့ (၁၆၅၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၀၇၂၅)အိတ်၊ ကရင်ပြည်နယ်သို့ (၁၄၈၀)အိတ်၊ မူဆယ်သို့ (၁၈၀)အိတ်၊ ဧရာဝတီသို့ (၅၄၅)အိတ်၊ စုစုပေါင်း အိတ်ရေ 164273 တန်အားဖြင့် 8214တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ 33742၊ တန်အားဖြင့် 1687တန် လျော့၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀၊ ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၅00000၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀၊ 747စပါး တင်း 100လျှင် ကျပ်1400000 ၊747ဆန် 24ပြည်ပါ တစ်အိတ်လျှင် ကျပ် 58000၊ရွှေဝါထွန်းစပါး တင်း100လျှင် ကျပ်1400000၊ ရွှေဝါထွန်း ဆန် 24ပြည်ပါတစ်အိတ်လျှင် ကျပ် 63000ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)









