Main menu

ကျောက်သခွားမွှေးသီး နှင့် စပျစ်သီး ဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီးနှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကျောက်သခွားမွှေး သီး၏ ဈေးနှုန်းများမှာ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၅၅၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး အသေး(၁)လုံးလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း စပျစ်သီး ဈေးနှုန်းများမှာ စပျစ်သီး ထိုင်ဝမ် အလုံးကြီး တစ်ပိဿာ(၃၆၀၀၀)ကျပ်၊ စပျစ်သီး ထိုင်ဝမ် အလုံးကြီး (၅၀)ကျပ်သားလျှင် (၁၈၀၀၀)ကျပ်၊ စပျစ်သီး အလုံးသေး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ စပျစ်သီး အလုံးသေး (၅၀)ကျပ်သား လျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင် အပတ်ထက် စပျစ်သီး အလုံးကြီး ဈေးနှုန်း အနည်းငယ် မြင့်တက်လာကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)