Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ‌ပန်းငရုတ်ပွသီးဈေးနှုန်း

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံမျိုးစုံ ဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ ဂျူးမြစ်၊ ကန်ဇွန်းဥ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပြောင်းဖူး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းငရုတ်ပွသီးကို မန္တလေးမြိူ့မှ မှာယူရောင်း ချကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထအပတ် သစ်ရာမြိုင်ဈေးအတွင်းရှိ ပန်းငရုတ်ပွသီး ဈေးနှုန်းမှာ ပန်းငရုတ်ပွသီး လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် (၁၀) ကျပ်သားလျှင် (၁၂၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသူထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)

နဂါးမောက်သီး နှင့် လိမ္မော်သီးဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီးများကို မန်ကျည်းအင်း ကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး လက္ကား အကြီး တစ်လုံးလျှင်(၁၅၀၀)ကျပ်၊ နဂါးမောက်သီး လက်လီ အကြီး တစ်လုံးလျှင်(၂၀၀၀)ကျပ်၊ လက္ကား အသေး တစ်လုံးလျှင်(၁၀၀၀)ကျပ်နှင့် လက်လီ အသေး တစ်လုံးလျှင်(၁၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး လိမ္မော်သီး ဈေးနှုန်းများမှာ လိမ္မော်သီး လက္ကား တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ လိမ္မော်သီး လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုး စုံရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရ သည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း တည်ငြိမ်လျက်ရှိသော တီလားဗီးယားငါးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထအပတ်တွင် ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့် တီလားဗီးယားငါး(အကြီး)လက္ကားဈေး(၁)ပိဿာလျှင်(၁၃၀၀၀)ကျပ်၊တီလားဗီးယားငါး(အကြီး) လက်လီဈေး(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး(၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် တီလားဗီးယားငါးအသေး လက္ကား(၁) ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ တီလားဗီးယားငါးအသေးလက်လီ(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ တီလားဗီး ယားငါးအသေး (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှင့် တီလားဗီးယားငါးအသေး လက္ကား(၁) (၂၅)ကျပ် သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။ DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသောပုဇွန်ဆိတ်ဈေးနှုန်း

ကျွန်းလှမြို့တွင် ရောင်းချနေသော ဆန်လှော်မရွှေးဈေးနှုန်း

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ဆန်လှော်မရွေးကိူ ‌ဒေသ ထွက်အစားအစာအဖြစ် သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌ သော ဆန်လှော်မရွေးဖြစ်ပါသည်။ ဆန်လှော်မရွေးသည် ကြွပ်ကြွပ် ရွရွဖြင့် စားကောင်းပြီး ရေသောက် လျှင် ဗိုက်ပြည့်သော အစားအသောက်ဖြစ်သည့်အတွက် စားသုံးသူများမှ ဝယ်ယူစားသုံးကြမှုမှာ များပြား ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း နှင့် ဆန်လှော်မရွေးကို ရွှေဘိုမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်း သိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေ‌သော ဆန်လှော် မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မရွေး လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဆန်လှော်မ‌ရွေး လက်လီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဆန်လှော်မ‌ရွေး (၅၀) ကျပ်သားလျှင် (၆၀၀၀) ကျပ်၊ မန်းမ‌ရွေး (၂၅)ကျပ်သား လျှင် (၃၀၀၀)ကျပ် နှင့် မန်းမ‌ရွေး(၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း သစ်ရာမြိုင်ဈေးအတွင်း‌ရောင်းချနေ‌သော မရွေးသည်ထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ငှက်ပျောသီးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို တစ်နိင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ငှက်ပျောပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ် ပတ်ချာလည်များတွင် စိုက်ပျိုးကြပြီး ငှက်ပျောစိုက်ပျိုး သည့် အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော နှင့် ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေ‌သော ငှက်ပျောသီး ဈေးနှုန်း အနေဖြင့် ဖီးကြမ်း ငှက်ပျောတစ်ဖီးလျှင် အဖီးလှ/မလှပေါ်မူတည်၍ (၂၅၀၀/၃၀၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး) ငှက်ပျောအဖီးလှ/မလှပေါ်မူတည်၍(၃၅၀၀/၃၀၀၀)ကျပ်၊ ကသည်းငှက်ပျော(ခေါ်)ရခိုင် ငှက်ပျောသီး လှ/မလှပေါ်မူတည်၍ တစ်ဖီးလျှင်(၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော တစ်ဖီးလျှင် (၂၀၀၀/ ၂၅၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ပေါ်ရှိ ရပ်ကွက်ဈေးများတွင် ငှက်ပျောသီး ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း