
ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင် သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး ၊ ရုံးပတီသီး နှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုတ်သီးစိမ်းများဖြစ်သည့် မိုးထော်ငရုပ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုပ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း ၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုတ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ မိုးထော်ငရုတ် (ကျောက်စိမ်းသီး)(၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်း တစ်ပြည်လျှင် (၁၀၀၀၀) ကျပ်၊ နို့ဆီတစ်ဘူးလျှင် (၁၃၀၀)ကျပ်နှင့် ကုလားအော် ငရုတ်သီးစိမ်း တစ်ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ပန်းငရုတ်ပွသီး ဈေးနှုန်းအနေဖြင့် ပန်းငရုတ်ပွသီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ပန်းငရုတ်ပွသီး (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)