
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မရွေးကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ဆန်လှော်မရွေးကိုလည်း သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်ရေ ၊ ကြံသကာရေ လောင်းထားသော မြန်မာမုန့်ဖြစ်ပြီး ရွှေဘိုမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ နောက်ဆုံးပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ဆန်လှော်မရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မရွေး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဆန်လှော်မရွေး (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း ပေါက်ပေါက်ဆုတ် ဈေးနှုန်းအနေဖြင့် ပေါက်ပေါက်ဆုတ် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ပေါက်ပေါက်ဆုတ်(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်မျိုးစုံ ရောင်းချ သည့် ဈေးသည်ထံမှ သတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)