သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော သနပ်ခါးတုံး ဈေးနှုန်း

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသည် ဈေးရောင်းသူ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက် လျက်ရှိပြီး ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့်မုံရွာမြို့တို့ရှိ လက်လီ/ လက္ကား အရောင်းဆိုင်များမှ ဝယ်ယူရောင်ချလျက်ရှိကြောင်း သိရသည်။ မိမိတို့ဒေသတွင် လည်း သနပ်ခါးကို အိမ်ခြံဝင်းများနှင့် တောင်ယာများတွင် တစ်ပိုင်တစ်နိုင် အနည်းငယ် စိုက်ပျိုး ရောင်းချလျက်ရှိကြပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာ့ရိုးရာ သနပ်ခါးဈေးနှုန်းမှာ သနပ်ခါးတုံး အကြီးအသေးပေါ်မူတည်၍ အတုံးကြီး(၁)တုံးလျှင်(၄၀၀၀မှ ၅၀၀၀)ကျပ်၊ သနပ်ခါးတုံး အလတ်(၁)တုံးလျှင်(၂၀၀၀ မှ ၃၀၀၀)ကျပ်ထိဈေးနှင့် သနပ်ခါးတုံး အသေး (၁)တုံးလျှင်(၁၀၀၀ မှ ၁၈၀၀)ကျပ်ထိ နှင့် သနပ်ခါးတုံးအမြစ်တုံးကလေးများသည် (၅၀၀ မှ ၇၀၀)ကျပ်ထိ ဈေးနှုန်းအသီးသီးတို့ဖြင့် အရွက်အစား အမျိုးအစားပေါ်မူတည်၍ ရောင်းချလျက် ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)









