Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီစာငှက်ပျောသီး

   မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ရာသီစာငှက်‌ပျောသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊မတ္တရာ၊ကျောက်ဆည်၊စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ငှက်ပျောသီးအများအပြား စိုက်ပျိုး ကြောင်း သိရပါသည်။ ဖီးကြမ်း၊သီးမွှေး၊  ရခိုင်၊ ငှက်ပျောချဉ်နှင့်ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက် အတွင်း အများဆုံးတွေ့ရှိရပါသည်။ ငှက်ပျောသီး သီးနှံကို အဟာရဓါတ်စာ၊ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်  ထည့်သွင်းသုံးစွဲခြင်း၊ဘုရားပွဲနှင့်မိရိုးဖလာကန်တော့ပွဲများတွင် သုံးစွဲကြောင်း သိရပါသည်။ မတ္တရာမြို့နယ်ထွက်ငှက်ပျောသီးမှာ အခွံထူပြီး၊အရသာမှာ အချိုဓါတ်အနည်း ငယ်လျော့ ကြောင်း နှင့် ကျောက်ဆည်မှ ထွက်သည့် ငှက်ပျောသီးမှာ အခွံပါးပြီး၊အချိုဓါတ်များ ကြောင်း သိရပါ သည်။ ဖီးကြမ်း၊ သီးမွှေးနှင့် ရခိုင်ငှက်ပျော သီးများကို  ဘုရားပွဲနှင့် မိရိုးဖလာပွဲ များတွင် သုံးစွဲမှု များပြီး၊ ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံး နှင့်သုံးစွဲသည့်ငှက်ပျော ခိုင်အရေ အတွက်အလိုက်၊ အလုံးအရွယ်အစားအလိုက် စျေးနှုန်းအမျိုးမျိုး ရောင်းချကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်ဇူလိုင်လ ဒုတိယပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများ အနေဖြင့် တစ်ဖီးလျင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊      ( တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ရခိုင် ငှက်ပျောသီးနှင့် ငှက်ပျော ချဉ်သီး မှာ၁၅၀ဝ/-နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး(တောင်ငူသီး) မှာ၅၀၀ဝိ/- နှင့်၈၀၀ဝိ/-စျေးတို့ ဖြစ်ပေါ် လျက်ရှိပြီး၊ရာသီစာအဖြစ် စားသုံးသည့် ငှက်ပျောသီးမှာ သီးနှံစျေးကွက်တွင် အရောင်း သွက်လျက် ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်စကားဝါပန်း

    မန္တလေးမြို့၊ထနောင်းပင်စျေးတွင် မိုးရာသီဖြစ်၍ စကားဝါပန်းကုံးများ ဝင်ရောက်မှုများ ပြား ပြီး၊အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပားဒေသ) တို့မှထွက်ရှိသည့် ပန်းများနှင့် ရှမ်းပြည်နယ်တို့မှ ထွက် သည့်စကားဝါပန်းနှင့်စကားဖြူပန်းများ ဝင်ရောက်မှုများပြားကြောင်း သိရပါသည်။၂၀၂၅ခုနှစ် ဇူလိုင် လဒုတိယပတ်အတွင်း စျေးနှုန်းများမှာ  စကားဝါပန်းနှင့် စကားဖြူပန်း ၁၀ ကုံးလျှင်လက္ကားစျေး ၂၀၀ဝိ/-နှင့် ၂၅၀ဝိ/- ၊လက်လီစျေး၃၀၀၀ ကျပ် နှင့် ၃၂၀၀ကျပ်စျေးအသီးသီးဖြင့် ရောင်းချလျက် ရှိကြောင်း သိရပါသည်။         

DOCA(မန္တလေး)                                                                 

အရောင်းသွက်သည့်ရာသီစာပိန္နဲသီး

     မန္တလေးစျေးကွက်သို့  မိုးရာသီအတွင်း  ပြင်ဦးလွင်မြို့နယ်နှင့်  မတ္တရာမြို့နယ် တို့မှထွက်ရှိ သည့်ရာသီစာပိန္နဲသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊  အ‌ရောင်းသွက်လျက်ရှိကြောင်း သိရပါ သည်။  ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပိန္နဲသီး အကြွပ် သီး တစ်လုံး လျှင် ၁၀၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်၊ ပိန္နဲသီးအချို  (အပျော့သီး) တစ်လုံးလျှင် ၈၀၀၀ ကျပ် နှင့် ၁၀၀၀၀ကျပ်စျေးတို့ဖြစ်ပေါ် လျက်ရှိပြီး၊အလုံးအရွယ်အစားပေါ် မူတည်၍ စျေးအနည်းငယ်ပြောင်း လဲမှုရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

သံပုရာသီးစျေးကျ

    မန္တလေးစျေးကွက်သို့  မိုးရာသီဖြစ်၍   မန္တလေးတိုင်း ဒေသကြီး ၊  စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှ သံပုရာသီးနှင့် သံပုယိုသီးများဝင်  ရောက်မှုများပြား လျက်ရှိကြောင်း သိရပါ သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ   သံပုရာသီး ၁၀ လုံး လျှင် ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ သံပုယိုသီး ၁၀ လုံးလျှင် ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြစ် ပေါ် လျက်ရှိပြီး၊အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိ ကြောင်း   သိရပါ သည်။  မိုးရာသီအချိန်ဖြစ်၍ သံပုရာသီးနှင့်သံပုယိုသီးမှာ  ဝင်ရောက်မှုများပြား သည့်အတွက် စျေး အနည်း ငယ်လျော့ကျသွားကြောင်း သိရပါသည်။ 

DOCA(မန္တလေး)

ဩဇာသီးမှည့်ဈေးကွက်

      ဩဇာသီးသည် အပေါ်ခွံမှာ အဖုအထစ်လေးတွေရှိပြီး အတွင်းမှာ ဖြူဖြူချိုချို အသားလေးနဲ့ အစေ့အနက်ရောင်လေးတွေနှင့် အရသာ အလွန်ကောင်းမွန်ပါသည်။ ဩဇာပင်သည် ဩဇာသီးဘဲ စားရခြင်းမဟုတ်ဘဲ အရွက်ရော အပင်အခေါက်ကပါ ဆေးဖက်ဝင်ပါသည်။ ဩဇာပင်သည် အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနို်ငငံက အပူပိုင်းဒေသများတွင် ပေါက်ရောက် ပါသည်။ဩဇာသီး၊ ဩဇာရွက်တို့မှာ အနာကျက်စေနိုင်တဲ့ အာနိသင်ရှိပါသည်။ ထိခိုက်ဒဏ်ရာ ရသောအခါ ဩဇာရွက်ကို ခြေပြီး အနာပေါ်ကို အုံတာ ဒါမှမဟုတ် ဩဇာသီးအနှစ်ကို အနာပေါ်ကို အုံပေးခြင်းဖြင့်  ပိုးတွေကို သေစေနိုင်ပြီး အနာကျက်စေဖို့ အကောင်းဆုံး ထောက်ကူ ပေးနိုင်ပါသည်။ ဩဇာသီး စားပေးတာက ဝက်ခြံတွေကို သက်သာစေနိုင်သလို ဩဇာပင်ရဲ့ အမြစ်ကတည်း ဝက်ခြံတွေ ထပ်မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရသည်။ဩဇာရွက်ကို ခြေ၍ ဩဇာရွက်သတ္ထုရေကို ဆားအနည်းငယ်နှင့် သောက်ပေးက မန်းကိုနိုင်စေသည်။ဩဇာပင်သည် နေရာဒေသမရွှေး ပေါက်ရောက်ဖြစ်ထွန်းသည်။ မိမိတို့၏ အိမ်ခြံဝင်းများတွင်လည်း မိသားစု စားသုံးနိုင်ရန်အတွက်လည်းစိုက်ပျိုးလေ့ရှိသည်။ ယခုအခါ မန္တလေးမြို့ဟောင်းဈေးကွက်အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ဝင်ရောင်လျှက်ရှိပြီး ဩဇာသီး တစ်လုံးလျှင် (၅၀၀-၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သစ်သီးမျိုးစုံအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(မန္တလေး)

သစ်တော်သီးဈေးကွက်

     သစ်တော်သီ ကြွပ်ကြွပ်လေးကို ဆား၊ သကြား၊ ငရုတ်သီးမှုန့် တို့နှင့် ပါးပါးလေးနဲ့နယ် သံပုရာသီးလေး ညှစ်ပြီး စားပါက  အလွန်စားကောင်းပါသည်။ သစ်တော်သီးသည် အခွံညိုညိုလေးမှာ အညိုရင့်ရင့် အစက်လေးတွေ ပါနေပြီး အလယ်ချက်တိုင်လေးနှင့်  အတွင်းသားက ဖြူဖြူကြွပ်ကြွပ် ချိုချိုချဉ်ချဉ် အရသာရှိပါသည်။ သစ်တော်သီးတွင်  အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူတွေရဲ့ အာဟာရစုပ်ယူမှုကို ကောင်းမွန်စေသလို အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပါသည်။ ဝမ်းမှန်စေသလို လေပွတာ၊ အစာမကြေတာမျိုးမဖြစ်စေဖို့ကာကွယ်ပေးနိုင်ပါသည်။အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပြီး အစာခြေစနစ်ပြဿနာတွေ ကင်းဝေးစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင် ပါသည်။သစ်တော်သီးတွင် ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါတာကြောင့် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပါသည်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းအဆီတွေကို လျှော့ချပေးနိုင်မှုက နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးတိုးရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရသည်။အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေပြီး အဝမလွန်အောင် ကာကွယ်ပေးနိုင်သလို ဝိတ်ကျစေဖို့လည်း ထောက်ကူပေးပါသည်။ အူမကြီးက အဆိပ်အတောက်တွေ ကိုလည်း ဖယ်ရှားပေးနိုင်ပါသည်။သစ်တော်သီးမှာ ပါဝင်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က အစာခြေ လုပ်ငန်းစဉ်ကို အချိန်ကြာကြာ လုပ်ဆောင်စေခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါသည်။ သစ်တော်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုသော်လည်း အများကြီး စားလျှင် လေချုပ်ခြင်း မျိုးဖြစ်စေနိုင်သောကြောင့် အလွန်အကျွံ မစားမိဖို့ လိုအပ်ကြောင်း ဆေးပညာ ဗဟုသုတမှ လေ့လာ သိရှိရပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ ပေါ်ဦးပေါ်ဖျား သစ်တော်သီးများ ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ ဝင်ရောက်လျှက်ရှိပါသည်။ စတင်ထွက်ပေါ်ချိန်ဖြစ်၍ သစ်တော်သီး အလုံးအကြီး၊ အသေးပေါ်မူတည်၍ တစ်လုံးလျှင် (၂၀၀၀-၃၀၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိကြောင်း သစ်သီးမျိုးစုံအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(မန္တလေး)

မကွေးမြို့ပေါ်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းဈေးကွက်အခြေအနေ

      ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် မကွေးမြို့၏ ဘိလပ်မြေဈေးကွက်မှာ အရောင်း အဝယ်ပုံမှန်ရှိနေပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ဇူလိုင်လ(ပထမပတ်) တွင် ကြံ့နှစ်ကောင်(နီ) အမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၃၀၀၀)၊ အပါချီအမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၂၈၀၀)ရှိခဲ့ပြီး (ဒုတိယပတ်)တွင် ကြံ့နှစ်ကောင်(နီ)အမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အပါချီ အမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ် (၂၀၅၀၀)တို့ဖြစ်ကြောင်း သိရသည်။

     ဓါတ်မြေဩဇာဈေးနှုန်းအနေဖြင့် ဇူလိုင်လ(ဒုတိယပတ်)တွင် တက်တိုးမြေဩဇာ(ကွန်ပေါင်း) (၅၀)kg တစ်အိတ်လျှင် ကျပ်(၉၇၀၀၀)၊ အာမိုအပြာ (15:15:15)  (၅၀)kg တစ်အိတ်လျှင် ကျပ် (၁၄၀၀၀၀)၊ အာမိုအနက် (16:16:8) ကွန်ပေါင်း (၅၀)kg တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ သီးစုံ (ဝါ၊စိမ်း၊ပြာ) ကွန်ပေါင်း (၅၀) kg တစ်အိတ်လျှင် ကျပ်(၉၆၀၀၀)၊ ပုလဲပန်းဖူး(ဖြူ) (၅၀)kg တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဇာမဏီ (ကွန်ပေါင်း) (၅၀)kg တစ်အိတ်လျှင် ကျပ်(၉၆၀၀၀)၊ ကောမတ် G 46% (ပုလဲ) (၅၀)kgတစ်အိတ်လျှင် ကျပ်(၉၈၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက် ရှိပါသည်။

    ဇူလိုင်လ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေနှင့် ဓါတ်မြေဩဇာဈေးနှုန်းမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းမှုရှိပြီး ဘိလပ်မြေမှာ ဒေသတွင်းဝင်ရောက်မှုနည်းသော်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရှိရသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ နံနံပင်ဈေးကျဆင်း

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ မြို့ပတ်ဝန်းကျင် ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ညောင်ပင်သာ၊ ရွာတော် စသည့်ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့မှ ဟင်းသီးဟင်းရွက်များ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် နံနံပင်(၁)ပိဿာလျှင် ကျပ်(၅၀၀၀-၅၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ(ဒုတိယပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀၀၀)ခန့်ကျဆင်းလာကြောင်း သိရသည်။ နံနံပင်ကို မြို့နယ်အတွင်းရှိကျေးရွာများတွင် အများဆုံးစိုက်ပျိုးသော်လည်း ယခင်လတွင် မိုးရွာသွန်းမှုများခြင်း၊ စိုက်ခင်းများအတွင်း မြစ်ရေဝင်ရောက်ခြင်းများရှိ၍ စိုက်ခင်း တချို့ပျက်စီးခဲ့ပြီး အခြားမြို့နယ်များမှ မှာယူရောင်းချရသောကြောင့် ယခင်လတွင် ဈေးနှုန်းမြင့် တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ပန်းတော်ပြင်၊ ဥယျာဉ်ကျေးရွာများ၌ လှိုင်လှိုင်ထွက်ရှိနေ သောကြောင့် ဈေးနှုန်းမှာပြန်လည်ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

ပဲတီပင်ပေါက် နှင့် ပဲတီပင်ပေါက်ချဉ် ဈေးနှုန်း

            ကျွန်းလှမြို့ ရာသီအရွေး ရောင်းချရန် ပဲတီစိမ်းကို ပဲတီပင် ပေါက်ဖောက်၍  ရောင်းချလျက်ရှိပြီး ပဲတီပင်ပေါက်သည် အဟာရဓါတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာဖြင်သည်။  ပဲတီပင်ပေါက်သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ တာမင်စီ ပါဝင်သောကြောင့် အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း၊ အမျှင်ဓါတ်နှင့်ပရိုတင်းဓါတ်ပါဝင်သောကြောင့် သွေးတွင်းသကြားဓါတ်ကိုတည်ငြိမ်စေပြီး ဆီးချိုရောဂါကို ကာကွယ်ပေး၍ ကယ်လိုရီနည်းပြီး အမျှင်ဓါတ် များသောကြောင့် ကိုယ်အလေးချိန်ကိုပါထိန်းညှိပေးပါသည်။

               ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် လက္ကား တစ်ပိဿာလျှင်(၄၇၀၀)ကျပ်၊ ပဲတီပင်ပေါက် လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၁၀)ကျပ်သားခန့် တစ်ပုံ လျှင် (၅၀၀)ကျပ်နှင့် ပဲတီပင်ပေါက်ချဉ် လက္ကား တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ ပဲတီပင်ပေါက်ချဉ် လက်လီ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စိုက်ပျိုးရောင်းချလျက်ရှိသော ပြောင်းချို ဈေးနှုန်း

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျှက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် ပြောင်းချိုပင်များ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

          ပြောင်းချိုပင်များကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး ပြောင်းရိုးများကို နွားစာအဖြစ် အသုံးပြုကြကာ ပြောင်းချိုဖူးသည်လည်း ယခင်နှစ်များထက် ဈေးကောင်းရရှိသည့်အတွက် ဒေသခံ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၅၀၀/၆၀၀)ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင်(၃၅၀/၄၀၀)ကျပ်၊ ကျပ်(၁၀၀၀)ဖိုးလျှင်(၃)ဖူး နှင့် ပြောင်းချို အဖူးသေး တစ်ဖူးလျှင်(၂၅၀)ကျပ်၊ ကျပ်(၁၀၀၀)ဖိုးလျှင်(၄)ဖူး ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း