Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း တည်ငြိမ်လျက်ရှိသော  တီလားဗီးယားငါး ဈေးနှုန်း

           ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

             ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ ပထမအပတ်တွင် ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများအနေဖြင့် ဗီးယားငါး(အကြီး)လက္ကားဈေး()ပိဿာလျှင်(၁၃၀၀၀)၊ လက်လီဈေး()ပိဿာလျှင် (၁၆၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် တီလားဗီးယား ငါးအသေး လက္ကား() ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ လက်လီ()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ် သား လျှင် (၆၀၀၀)ကျပ်နှင့် တီလားဗီးယားငါးအသေး လက္ကား() (၂၅)ကျပ် သားလျှင် (၃၀၀၀) ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် တည်ငြိမ်နေသော ဆန်လှော်မရွှေး ဈေးနှုန်း

             ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကိုလည်း သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ၊ ကြံသကာရေ ‌လောင်းထား‌သော မြန်မာမုန့်ဖြစ်ပြီး ရွှေဘိုမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေ‌သော ဆန်လှော်မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မရွေး လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၃၀၀၀)ကျပ် နှင့် (၁၀)ကျပ် သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း သစ်ရာမြိုင်ဈေးအတွင်း‌ ရောင်းချနေ‌သော မရွေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်တွင် ရောင်းချနေသော သကြားသရက်သီးအမှည့် ဈေးနှုန်း

           ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သကြားသရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

             ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့်  စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်းများမှာ သရက်သီးမှည့် လက်လီ အကြီး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၇၀၀)ကျပ် နှင့် ထန်းကုန် သကြားသရက် သီးမှည့် လက်လီ တစ်လုံး(၁၅၀/၂၀၀)ကျပ် (၁၀၀၀)ကျပ် ဖိုး(၈/၅)လုံး တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ငှက်ပျောသီး ဈေးနှုန်း

            ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို တစ်နိင်တစ်ပိုင်အနေဖြင့် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များတွင် စိုက်ပျိုးလျက်ရှိပြီး အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း) ဖီးကြမ်း(ငှက်ပြာ) ကသည်း ငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျောနှင့် ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံး စိုက်ပျိုးလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေ‌သော ငှက်ပျောသီးဈေးနှုန်း အနေဖြင့် ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် (၁၅၀၀/၂၀၀၀/၂၅၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး) တစ်ဖီးလျှင် (၃၅၀၀/၃၀၀၀ )ကျပ်၊ ကသည်းငှက်ပျော(ခေါ်)ရခိုင် တစ်ဖီးလျှင်(၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက် ပျော တစ်ဖီးလျှင် (၂၀၀၀/၂၅၀၀) ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ပေါ်ရှိ ရပ်ကွက်ဈေးများတွင် ငှက်ပျောသီး ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ ဒေသထွက် ဇရစ်ရိုး စျေးနှုန်း

     ဇရစ်ရိုးပင်များသည်ကျေးရွာများတွင် စိမ့်စမ်းရေမှ ဖြစ်ပေါ်လာသောစမ်းချောင်းငယ်များ၊ စိုစွတ်သောမြေများတွင် ဇရစ်ရိုးပင်များပေါများစွာပေါက်ရောက်ပါသည်။ ယခုအခါမိုးရာသီ ဇရစ်ရိုး များ ပေါ်ချိန်တွင် ဇရစ်ရိုးပင်မှ ဇရစ်ရိုးနုများကို ဒေသခံများကမိသားစုဝင်ငွေရရှိရေးအတွက် ခူး၍ ပြန်လည်ရောင်းချကြပါသည်။ ဇရစ်ရိုးပင်သည်ဆူးရှိသောအပင်ငယ်တစ်မျိုးဖြစ်ပြီး အရိုးတံနှင့်အရွက် ပါ (၂)မျိုးစလုံးစား၍ရသောအပင်ဖြစ်သည်။ မိုးရာသီတွင် ဇရစ်ရိုးပင်များ ပေါများစွာပေါက်ရောက်ပြီး ရောင်းအားကောင်းလာပါသည်။ မိုးရာသီဖြစ်သည့် အတွက် ဇရစ်ရိုးများတစ်စည်းလျှင် (၂၀၀-၃၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငရုပ်သီးစိမ်း ဈေးနှုန်း

             ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင် သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီးနှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုပ်သီးစိမ်းများဖြစ်သည့် မိုးထော်ငရုပ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုပ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။

        ၂၀၂ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း၏ ဈေးနှုန်း/ ဈေးကွက်အနေဖြင့် မိုးထော်ငရုပ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ၊(၅၀)ကျပ် သားလျှင်(၁၈၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ကုလားအော်  ငရုပ်သီးစိမ်း တစ်ပြည်လျှင် (၈၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၀၀၀)ကျပ်နှင့် ကုလားအော် ငရုပ်သီးစိမ်း တစ်ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဖြင့် နှိုင်းယှည်ကြည့်မည်ဆိုပါက ကုလားအော် ငရုပ်သီးစိမ်း ဈေးနှုန်းအနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ စပျစ်သီးဈေးနှုန်း

        တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ဇီးသီး၊ နဂါးမောက်သီး၊သရက်သီး၊ ဌက်ပျောသီး၊လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ဖရဲသီး၊ ပန်းသစ်တော်သီး၊ စိမ်းစားဥ ထားဝယ်မြို့မှ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ယခု ဇူလိုင်လ ဒုတိယပတ်တွင် ထားဝယ်မြို့၏ စပျစ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊၂၅ကျပ်သားလျှင် (၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။ အနည်းငယ်ညှိုးနွမ်းနေ သော စပျစ်သီးတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၄၅၀၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်း အသီးသီးနှင့် ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့အတွင်း ရာသီမရွေးစားသုံးနိုင်သော ချဉ်ပေါင်ရွက်

       ချဉ်ပေါင်ရွက်လို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်းမျက်လုံးထဲ မြင် မယ်ထင်ပါသည်။ သုံးမြှောင့်ပုံအရွက်စိမ်းစိမ်းလေးတွေက အရိုးနီနီ ဒါမှမဟုတ် ရိုးတံစိမ်းစိမ်းလေးမှာ ရွက်ချင်းဆိုင်ပြီး အစီအရီပေါက်နေတတ်တဲ့ အပင်ငယ်ဖြစ်ပါသည်။ အပူပိုင်းဒေသတွင် ချဉ်ပေါင်ပင် ပို၍ဖြစ်ထွန်းသည်။ 

      ချဉ်ပေါင်ရွက်ကို ထားဝယ်မြို့အနီး တဝိုက်ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ထွက်ရှိလာသော ချဉ်ပေါင်ရွက်များကို ထားဝယ်မြို့ပေါ်ရှိ ဈေးများအပြင် ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့‌ရောင်းချကြပြီး ဈေးနှုန်းအနေဖြင့် ချဉ်ပေါင်တစ်စီးလျှင် (၂၅၀-၃၀၀) ကျပ်နှုန်းများဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

ကျွန်းလှမြို့တွင် ရောင်းချနေသော ဂေါ်ဖီထုတ်(မုံလာထုတ်) နှင့် ပန်းဂေါ်ဖီ ဈေးနှုန်း

           သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို ကျွန်းလှမြို့နယ်အတွင်းထွက်ရှိသည့် ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက်ရှိသော ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အကြီး တစ်ထုတ်လျှင် (၃၅၀၀)ကျပ်၊ အလတ် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်နှင့် အသေး တစ်ထုတ်လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ပန်း‌ဂေါ်ဖီဈေးနှုန်းမှာ အကြီး တစ်ပွင့်လျှင် (၃၅၀၀)ကျပ်နှင့် တစ်ပွင့်လျှင်(၃၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက မုံလာထုတ်ဈေး အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့နယ်အတွင်းဟင်းသီးဟင်းရွက်ရောင်းချနေသောစျေးကွက်စျေးနှုန်းအခြေအနေ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်း ပေါများ သော်လည်း ဟင်းသီးဟင်းရွက်များလည်း ပေါများသောမြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများ သည် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ အနီးနားပတ်ဝန်းကျင် ကျေးရွာ များတွင်စိုက်ပျိုးလာကြပါသည်။နွေရာသီတွင် မြေအောက်ရေများစုပ်ယူပြီး စိုက်ပျိုးကြသော်လည်း ဒေသတွင်း ဖြစ်ထွန်းနေသော ဂေါ်ဖီပွင့်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပဲတောင့်ရှည်သီး၊ ကျောက်ဖရုံသီးတို့ကို စိုက်ပျိုးရောင်းချနေကြောင်း သိရပါသည်။ ယခုရက် သတ္တပတ်အတွင်း ဂေါ်ဖီပွင့် (တစ်ပွင့်) ကျပ် ၃၀၀၀၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ကျပ်- ၂၀၀၀ ၊ ငရုပ်သီးစိမ်း(တစ်ဗူး) ကျပ်-၁၅၀၀၊ ပဲတောင့်ရှည်သီး (တစ်စည်းလျှင်) ကျပ်-၂၀၀၀၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း