Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငရုပ်သီးခြောက် ဈေးနှုန်း

         ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်း ရောင်းချနေသော ငရုပ်သီးခြောက်ဈေးနှုန်း အနေဖြင့် ငရုပ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင် (၄၀၀၀)ကျပ်နှင့်(၁၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်နှင့် ငရုပ်သီးလှော်ကြော် (၁၀)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ/နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ‌‌ရောင်းချလျက်ရှိသော ‌ရွှေပဲသီး နှင့် ဘိုစားပဲသီး ဈေးနှုန်း

           ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ ‌ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း‌ ရောင်းချလျက်ရှိသော  ‌ရွှေပဲသီးဈေးနှုန်းမှာ  ‌ရွှေပဲသီး  လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်နှင့်၂၅ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၁၀) ကျပ်သားလျှင်(၁၂၀၀)ကျပ်ဈေးနှုန်းများဖြင့်လည်းကောင်း၊ ဘိုစားပဲသီးဈေးနှုန်းမှာ ဘိုစားပဲသီး အပြား လက်က္ကား တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ဘိုစားပဲသီး အလုံး လက္ကား တစ်ပိဿာလျှင်(၅၅၀၀) ကျပ်၊ ဘိုစားပဲသီး အလုံး လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် မြင့်တက်လာသော မုံညှင်းထုတ် ဈေးနှုန်း

          ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ယခင် ဇွန်လ စတုထ္ထပတ်တွင် သစ်ရာမြိုင်ဈေးအတွင်းရောင်းချလျက်ရှိသော  မုံညှင်းထုတ် ဈေးနှုန်းမှာ မုံညှင်းထုတ် လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး   ယခု ဇူလိုင်လ ပထမပတ်တွင် မုံညှင်းထုတ် ဈေးနှုန်းမှာ လက္ကား တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေး နှုန်းများဖြင့်ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက မုံညှင်းထုတ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ် မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပေါက်ပေါက်ဆုတ် ဈေးနှုန်း

          ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရေဦးမြို့နယ် ဒေသထွက် ပေါက်ပေါက်ဆုတ်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပေါက်ပေါက်ဆုတ် ဈေးနှုန်းအနေဖြင့် ပေါက်ပေါက်ဆုတ် လက္ကား တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးကွက်

        ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော  ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ငရုပ်သီးစိမ်း၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးတို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဂေါ်ရခါးသီး တစ်လုံးလျှင်(၅၀၀/၇၀၀)ကျပ်၊ မုံလာထုတ် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၃၅၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ကန်ဇွန်းရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၂၀၀၀/၂၅၀၀)ကျပ် ကင်းမုံသီး တစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ ပဲလင်းမြွေသီး တစ်တောင့်လျှင်(၇၀၀/၈၀၀/၅၀၀)ကျပ်၊ ရွှေပဲသီး တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ် မုံညှင်းထုတ် တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည်(၅)တောင့်ပါ တစ်စည်းလျှင်(၄၀၀)ကျပ်၊ မျှစ်စိမ်း တစ် ပိဿာလျှင်(၇၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငရုပ်သီးစိမ်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင် (၈၀၀၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၆၀၀၀) ကျပ် နှင့် ဘိုစားပဲသီး တစ်ပိဿာလျှင် (၈၀၀၀/၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော ပန်းသစ်တော်သီး နှင့် ပန်းသီး ဈေးနှုန်း

          ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရ သည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး အကြီး(၁)လုံးလျှင်(၃၅၀၀)ကျပ်၊ အလတ်(၁)လုံး လျှင်(၃၀၀၀)ကျပ် နှင့် အသေး(၁)လုံးလျှင်(၂၅၀၀)ကျပ်၊ ပန်းသီး ဈေးနှုန်းများအနေဖြင့် ပန်းသီး အကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၄၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၃၅၀၀)ကျပ် နှင့် ငွေကျပ် (၁၀၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် ‌အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ‌ပန်းငရုတ်ပွသီး ဈေးနှုန်း

          ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံမျိုးစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ ဂျူးမြစ်၊ ကန်ဇွန်းဥ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပြောင်းဖူး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းငရုတ်ပွသီးကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမအပတ် သစ်ရာမြိုင်ဈေးအတွင်းရှိ ပန်းငရုတ်ပွသီး ဈေးနှုန်းမှာ ပန်းငရုတ်ပွသီး လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ပန်းငရုတ်ပွသီး လက်လီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ပန်းငရုတ်ပွသီး (၁၀) ကျပ်သားလျှင်(၁၂၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်ဒေသထွက် ဗုံလုံသီး(ပဲလင်းမြွေသီး)ဈေးနှုန်းကျဆင်းလျက်ရှိ

       ထားဝယ်တွင် ဗုံလုံသီး (ပဲလင်းမြွေသီး)များ စတင်ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ ဗုံလုံသီး သည် သခွား၊ ဗူး၊ ဖရုံတို့လို အနွယ်ပင်ဖြစ်၍ မိုးရာသီတွင်ထွက်ပေါ်လေ့ရှိပြီး ယခုအခါ ရေလောင်း၍ စိုက်ပျိုးကြသည်။ ထားဝယ်မြို့အနီးဝိုက်ရှိ ခြံများတွင်စိုက်ပျိုးကြပြီး နီးစပ်ရာ ဈေးများသို့ လာရောက် ရောင်းချကြပါသည်။ ထိုအသီးသည် အပေါ်ယံ အလွှာကို ဓားနှင့်ခြစ်ပြီး အရွယ်တော် အတုံးလေးများ တုံး၍ အလယ်အူတိုင်ကိုထုတ်ပြီး ကြက်သား (သို့) ပုစွန်ခြောက်ကိုထောင်းပြီး အစာသွပ် ချက်စား လျှင် အလွန်ကောင်းသည့် ဟင်းလျာတစ်မျိုး ဖြစ်ပါသည်။ ဗုံလုံသီးတွင် ဗီတာမင်နှင့် သတ္တုဓါတ်များ ပါသဖြင့် စားသုံးပေးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ 

              ဗုံလုံသီး(ပဲလင်းမြွေသီး)ကို တစ်တောင့်လျှင် ၅၀၀ ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

 

ကျွန်းလှမြို့၌ ရောင်းချနေသော နှင်းသီး နှင့် ထောပတ်သီး ဈေးနှုန်း

          ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ နှင်းသီး၊ ဓေါပတ်သီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက် ရှိ ကြောင်းသိရ သည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နှင်းသီး ဈေးနှုန်းများမှာ နှင်းသီး  တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် နှင့် (၂၅)ကျပ် သားလျှင် (၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ထောပတ်သီး ဈေးနှုန်းအနေဖြင့် ထောပတ်သီး တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်ဖြင့် လည်းကောင်း ထောပတ် သီး(1)kgလျှင် (၈၀၀၀)ကျပ် ဈေးဖြင့်လည်းကောင်း၊ ထောပတ်သီး တစ်လုံးလျှင် (၁၀၀၀/၁၂၀၀၀) ကျပ်တို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နဂါးမောက်သီး နှင့် လိမ္မော်သီး ဈေးနှုန်း

           ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီးများကို မန်ကျည်းအင်း ကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး လက္ကား အကြီး တစ်လုံးလျှင်(၁၅၀၀)ကျပ်၊    လက်လီ အကြီး တစ်လုံးလျှင်(၂၀၀၀)ကျပ်၊ လက္ကား အသေး တစ်လုံးလျှင်(၁၀၀၀)ကျပ်နှင့် လက်လီ အသေး တစ်လုံးလျှင်(၁၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး လိမ္မော်သီး ဈေးနှုန်းများမှာ လိမ္မော်သီး လက္ကား တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ် ၊ (၅၀)ကျပ် သားလျှင်(၁၂၀၀၀)ကျပ်နှင့် လိမ္မော်သီး(၂၅)ကျပ် သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှသိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း