Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/ နီနှင့် အာလူးဈေးနှုန်းများ

              ၃.၁၂.၂၀၂၄ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ တစ်ပိဿာဈေးနှုန်းများမှာ အောင်ပန်းထူး-၂ ကျပ် ၁၂၅၀၀၊  အောင်ပန်းထူး-၃ ကျပ် ၁၄၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၅၀၀၀၊ အောင်ပန်းထူး-၅ ကျပ် ၁၆၀၀၀၊ ကြက်သွန်နီဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် အမြင့်ဆုံးဈေး ၄၃၀၀ မှ အနိမ့်ဈေး ကျပ် ၄၂၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် အမြင့်ဆုံးဈေး ကျပ် ၃၈၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၃၇၀၀၊  ဆိပ်ဖြူလတ်သန့် ကျပ် ၃၃၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၂၂၀၀၊ မြင်းခြံ ရှယ် ကျပ် အမြင့်ဆုံးဈေးကျပ် ၄၃၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၄၀၀၀၊ လတ်ကြီး အမြင့်ဆုံးဈေး ကျပ် ၃၇၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၃၃၀၀၊  လတ်သန့်  အမြင့်ဆုံးဈေး ကျပ် ၃၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၂၈၀၀၊ လတ်ချော ကျပ် အမြင့်ဆုံးဈေး ကျပ် ၂၃၀၀ မှ အနိမ့်ဆုံးဈေးကျပ် ၂၁၀၀၊ ၊ တောင်သာ ရှယ် ကျပ် ၃၈၀၀၊ တောင်သာလတ်ကြီး ကျပ် ၃၃၀၀၊ တောင်သာလတ်သန့် ကျပ် ၂၆၀၀၊ တောင်သာလတ်ချော ကျပ် ၁၇၀၀၊ ပခုက္ကူလတ်ကြီး ကျပ် ၃၈၀၀၊ ပခုက္ကူလတ်ချော ကျပ် ၂၅၀၀၊ အာလူး တစ်ပိဿာဈေးနှုန်း အောင်ပန်း(A-1) ကျပ် ၆၀၀၀၊ အောင်ပန်း(OK) ကျပ် ၇၀၀၀၊ အောင်ပန်း(S-1) ကျပ် ၈၀၀၀၊ အောင်ပန်း(S-2) ကျပ် ၉၀၀၀၊ တရုတ်အာလူး ကျပ် ၉၀၀၀ ဈေးတို့အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

                ၃.၁၂.၂၀၂၄ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာဈေးနှုန်းများမှာ ပန်းရဲ အမြင့်ဆုံးဈေး ကျပ် ၆၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၀၀၀၊ မြှားနီ အမြင့်ဆုံးဈေး ကျပ် ၆၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၅၅၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ ပန်းတနော်(ရှည်) အမြင့်ဆုံးဈေး ကျပ် ၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀၊ မိုးထောင်မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၁၄၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၀၀၀၊ ဆင်ဖြူကျွန်း(ပု) အမြင့်ဆုံးဈေး ကျပ် ၁၄၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၂၀၀၀၊ မြစ်ဝ (ပု) အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ”

              ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျှက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၂၆.၁၁.၂၀၂၄)ရက်နေ့မှ (၃၀.၁၁.၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ(၉)ခုနှင့် စားအုန်းဆီတန်ချိန် (၃၂၉၈.၅၈၆)တန်ကို ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဟင်းနုနွယ်စျေးကွက်

     ဟင်းနုနွယ်သည် စိုက်ပျိုးရန်လွယ်ကူပြီး အကြမ်းခံသောဟင်းရွက်ဖြစ်သည့်အပြင် ဗီ‌တာမင်-အေနှင့်သံဓါတ်ကြွယ်ဝသည့် ဟင်းရွက်ဖြစ်သည်။ ဟင်းနုနွယ်အမျိုးအစားမှာ အနီရောင်နှင့်အစိမ်း ရောင်ရှိပြီး အများအားဖြင့် ဟင်းနုနွယ်အစိမ်းရောင်ကိုသာ စိုက်ပျိုးလျက်ရှိပါသည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့်မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် သင်္ကြန်အပြီး မေလနှင့်ဇွန်လ၊  အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အများအပြား အောင်မြင် စိုက်ပျိုးဖြစ်ထွန်းပါသည်။

     ဟင်းနုနွယ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသော ယခုကာလတွင် ထားဝယ်မြို့နယ်ရှိကျေးရွာများတွင် ဟင်းနုနွယ်များ အများအပြားစိုက်ပျိုးလျကိရှိပြီး စျေးကွက်ရောင်းတန်းဝင် အရွယ်အစားဖြစ်လာလျှင် အပင်လိုက်နှုတ်ယူစွတ်ခူးကာ ထားဝယ်မြို့ပေါ်ရှိစျေးများတွင် အစီးသေးတစ်စီးလျှင် ၄၀၀/၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကာ ရာသီပေါ်စားသောက်ကုန်သီးနှံတစ်ခုအဖြစ် ဒေသခံဟင်းသီးဟင်းရွက်စိုက်သူများ ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၏ ရော်ဘာစျေးကွက်အခြေအနေ

    တနင်္သာရီတိုင်း‌ဒေသကြီးတွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။ တနင်္သာရီတိုင်းဒေသကြီး၏ ရော်ဘာစိုက်ပျိုးဧရိယာမှာ ၃၅၁၇၇၇ဧက ဖြစ်ပြီး၊ အစေးလှီးဧရိယာမှာ ၂၀၂၇၁၉ဧက၊ အထွက်နှုန်း ၅၀၂.၂၁ပေါင်၊ အထွက်တန်အနေဖြင့် ၄၆၁၇၉မက်ထရစ်တန် (တစ်နှစ်စာပျမ်းမျှထွက်တန်)ဖြစ်သည်။

     တနင်္သာရီတိုင်းဒေသကြီးမှ ဒီဇင်ဘာလ ပထမပတ်အတွင်း ရော်ဘာစျေးနှုန်း အခြေအနေမှာ RSS-3 တစ်ပေါင်လျှင် (၂၉၀ဝိ/-) ကျပ်နှင့် RSS-5 တစ်ပေါင် (၂၈၀ဝိ/−)ကျပ် စျေးနှုန်းရှိပြီး ယခင်နှစ်အလားတူကာလတွင် RSS-3 တစ်ပေါင်လျှင် (၁၆၅ဝိ/-) ကျပ်နှင့် RSS-5 တစ်ပေါင် (၁၄၅ဝိ/−)ကျပ် ပေါက်ဈေးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သခွားသီးဈေးနှုန်း

     ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းများနှင့် တောင်ယာများတွင် သီးပင်၊စားပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိရာ  သခွားသီးပင် များကိုလည်း စိုက်ပျိုးထားပါသည်။ သခွားပင်များသည် ဘူး၊ဖရုံပင်လိုမျိုး နွယ်ပင်အမျိုးအစားတစ်မျိုးဖြစ်ပြီး ပူနွေးသောရာသီတွင် ပိုမိုဖြစ်ထွန်းပြီး ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် နေရောင်ခြည်ကောင်းစွာ ရရှိပြီး စိုထိုင်းဆနည်းသောအရပ်ဒေသများတွင် သခွားပင်စိုက်ပျိုးရန်သင့်တော်သည်။ သခွားသီးများကို စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်ပြီး သခွားသီးမှည့်ပါက အောက်ခြေရှိအညှာအက်ကွဲလာကြောင်း သိရပါသည်။

     ယခုအချိန်သည် သီးပင်၊ စားပင်များရောင်းကောင်းလျက်ရှိပြီး ထားဝယ်မြို့တွင် သခွားသီးဈေးနှုန်းမှာ အကြီးတစ်လုံးလျှင်(၅၀၀)ကျပ် နှင့် အသေးတစ်လုံးလျှင်(၃၀၀)ကျပ်ရှိပြီး ဈေးသည်များ တွက်ချေကိုက်လျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသည့် ဘိလပ်မြေဈေးနှုန်း၊ ဈေးကွက်

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN”အမှတ်တံဆိပ်ဘိလပ်မြေ‌ (50kg)တစ်အိတ်လျှင် ငွေကျပ်(၂၁၀၀၀)နှင့် “ကြံ့နှစ်ကောင်”အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ (50kg)တစ်အိတ်လျှင် ငွေကျပ်(၂၀၀၀၀)ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒီဇင်ဘာလပထမပတ်အတွင်း ဘိလပ်မြေဈေးနှုန်းများတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတင်းထုတ်ပြန်ကြေညာချက်အမှတ်(၁၆/၂၀၂၄)

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတင်းထုတ်ပြန်ကြေညာချက်အမှတ်(၁၆/၂၀၂၄) ဖြစ်သည့် ပြည်တွင်းစားဆန်များ(ရွှေဘိုပေါ်ဆန်း/ဧရာဝတီပေါ်ဆန်း)တို့ကို စားသုံးသူရေးရာဦးစီးဌာန၏ ရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ရန်နှင့် ဆန်ဈေးကွက်ဈေးနှုန်းများ သင့်တင်မျှတစေရေး အထူးအလေးပေး လိုက်နာဆောင်ရွက်ရန် နှိုးဆော်ချက် အား အောက်ပါ PDF File တွင် ဖတ်ရှုနိုင်ပါသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန်စီးထွက်မှုအခြေအနေ

         ယခင်နိုဝင်ဘာလ စတုတ္တပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၇၂၉၊ မန္တလေးသို့ အိတ်ရေ ၂၃၀၈၄၊ နေပြည်တော်သို့ အိတ်ရေ ၁၉၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၅၀၊ ကျောက်ပတောင်းသို့ အိတ်ရေ ၃၉၆၀၊ မိတ္ထီလာသို့ အိတ်ရေ ၅၆၁၆၊ တောင်ငူသို့ အိတ်ရေ ၈၅၂၊ ပဲခူးသို့ အိတ်ရေ ၂၇၄၅၊ မကွေးသို့ အိတ်ရေ ၅၆၀၊  ဘားအံသို့ အိတ်ရေ ၃၅၈၅၊ ကချင်သို့ အိတ်‌ရေ ၂၂၁၅၊ မွန်သို့ အိတ်‌ရေ ၂၁၈၅၊ ပြည်သို့ အိတ်ရေ ၁၈၀၊ မူဆယ်သို့ အိတ်ရေ ၂၂၅ စုစုပေါင်းအိတ်ရေ (၉၆၁၇၆)  အိတ်၊ တန်အား ဖြင့် (၄၈၀၈) စီးထွက်ခဲ့ပြီး ယခုဒီဇင်ဘာလ (ပထမ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၆၀၂၀၁၊ မန္တလေးသို့ အိတ်ရေ ၈၀၂၃၃၊ နေပြည်တော်သို့ အိတ်ရေ ၅၁၅၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၄၄၃၃၊ ကျောက်ပတောင်းသို့ အိတ်ရေ ၁၈၅၊ မိတ္ထီလာသို့ အိတ်ရေ ၉၅၀၀၊ တောင်ငူသို့ အိတ်ရေ ၈၃၅၊ ပဲခူးသို့အိတ်ရေ ၄၀၄၅၊ မကွေး အိတ်ရေ ၁၆၆၅၊  ဘားအံသို့ အိတ်ရေ ၁၁၀၇၀၊ ကချင် သို့ အိတ်‌ရေ ၃၂၆၀၊ မွန် သို့ အိတ်‌ရေ ၈၈၀၀၊ ပြည်သို့ အိတ်ရေ ၂၃၀၊ မူဆယ်သို့ အိတ်ရေ ၇၅၅ ၊ ကရင်သို့ အိတ်ရေ ၃၇၅၊  စုစုပေါင်း အိတ်ရေ (၁၉၆၁၀၂)  အိတ်၊ တန်အားဖြင့် (၉၈၀၅) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၉၉၉၂၆) အိတ်၊ တန်အားဖြင့် (၄၉၉၇)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

                            

ရွှေဘိုမြို့၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိကြောင်းသိရသည်။

             နိုဝင်ဘာလ၊ စတုတ္ထအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၉၀၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျင်(၉၅၀၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၁၂၀၀၀ဝိ/-)၊ ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာတစ်အိတ်လျင် (၁၇၀၀၀ဝိ/-)၊ ဒီမွန် 1.8တံဆိပ် ထိသေ/ စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျင်(၂၃၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ်ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာ တစ်ဗူးလျင်(၇၅၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး MCတံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာနှင့် ငှက်ကြီးတောင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့)၊ ရှောင်လင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့) ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်မှုမှာလည်း ပုံမှန်သာဖြစ်ကြောင်း  ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း