Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လက်ပံတန်းမြို့ချင်းနှင့်ကြက်သွန်ဖြူ ဈေးကွက်အခြေအနေ

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ချင်းဈေးနှုန်းများမှာ အောက်တိုဘာလနောက်ဆုံးပတ်တွင် ချင်း (၁၀)ကျပ်သားလျှင် ၁၀၀၀ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာလနောက်ဆုံးပတ်တွင်လည်း ၁၀၀၀ ကျပ်ရှိနေပါသည်။  ချင်းဈေးနှုန်းများအတက်အကျမရှိ ယခင်လဈေးနှုန်းအတိုင်းဈေးငြိမ်နေကြောင်းသိရသည်။

             ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် အောက်တိုဘာလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၂၈၀၀ ကျပ်၊ယခု  နိုဝင်ဘာလနောက်ဆုံးပတ်တွင် လည်း ဈေးနှုန်းအပြောင်းအလဲမရှိပဲ ဈေးငြိမ်နေကြောင်းသိရသည်။

             ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့်  အောက်တိုဘာလနောက်ဆုံးပတ်တွင် (၁၀) ကျပ်သားလျှင် ၁၅၀၀/ ၂၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး ယခုနိုဝင်ဘာလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ(ရှမ်းစ) ၁၀ကျပ်သားလျှင် ၁၅၀၀/၂၀၀၀ ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဥ တစ်လုံးဈေးကွက်လည်းရှိနေပြီး တစ်ဆယ်ကျပ်သားလျှင် ၃၀၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ချင်းကုန်း ဒေသကြက်မွေးမြူရေးလုပ်ငန်း

              တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စု ချင်းကုန်းကျေးရွာတွင် ဒေသကြက်မွေးမြူရေးလုပ်ငန်းမှ ဒေသကြက် အကောင် ၁၂၀၀ ကို မွေးမြူထားကြောင်းသိရသည်။ ကြက်မများကို ဥနှုန်းကျချိန်တွင် ထုတ်ရောင်းပြီး ကြက်ဖများကိုမူ မွေးမြူပြီး ၃ လအကြာတွင် ထုတ်ရောင်းရကြောင်းသိရသည်။

             ကြက်မွေးမြူရေးအတွက် လိုအပ်သောကြက်ပေါက်များကို ယခင်က မန္တလေးမြို့တွင် မှာယူရသော်လည်း ယခုအခါတွင် တောင်ငူမြို့ ဧဒင်ကြက်မွေးမြူရေးခြံမှ တစ်ကောင်လျှင် ၁၈၀၀ ကျပ်ဖြင့် ဝယ်ယူရပါသည်။ ကြက်အစာတစ်အိတ်ကို ဆန်ကွဲ(၂)အိတ်နှင့်ရောပြီး လေးရက်ခန့်ကျွေးရကြောင်းသိရသည်။

              ကြက်များကို အချိန်တစ်ပိဿာလျှင် ၁၈၅၀၀ ကျပ်နှုန်းဖြင့် ရန်ကုန်မြို့ရှိကြက်ဒိုင်များက လာရောက်ဝယ်ယူကြောင်း၊ ကြက်ဥများကို တစ်လုံးလျှင် ၆၅၀ ကျပ်နှုန်းဖြင့် မန္တလေးမြို့သို့တင်ပို့ရောင်းချရကြောင်း လုပ်ငန်းရှင်ဒေါ်ရီမြင့်၏ ပြောပြချက်အရသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ကောင်းအကြော်စုံ

               တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာရှိ ကောင်းအကြော်စုံလုပ်ငန်းသည် ပဲဖူးကြော်၊ စားတော်ပဲကြော်၊ ကြက်သွန်ကြော်၊ ငရုတ်သီးကြော်များကိုထုတ်လုပ်သည့် တပိုင်တနိုင်ကုန်ထုတ်လုပ်ငန်းဖြစ်ကြောင်းသိရသည်။

               ပဲများကို မန္တလေးမြို့မှ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ဖြင့် မှာယူရပါသည်။ ရရှိလာသောပဲကြော်များကို ၅ ကျပ်သားအထုပ်များထုပ်၍ တစ်ထုပ်လျှင် ၇၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ဖြန့် ဖြူးရောင်းချပါသည်။ ပဲကြော်ရာတွင် ဆီ၊ ဆားအပြင် ဂျုံမှုန့်အနည်းငယ်ကိုလည်း ထည့်သုံးရကြောင်းသိရသည်။

              ငရုတ်သီးကြော်နှင့် ကြက်သွန်ကြော်တို့အတွက် လိုအပ်သည့်ငရုတ်သီးခြောက်နှင့် ကြက်သွန်နီများကို တောင်ငူမြို့ရှိ ပွဲရုံများတွင် ဝယ်ရသည်။ ကြက်သွန်ကြော်ကို ၂၅ ကျပ်သား အထုပ်များထုပ်၍ တစ်ထုပ်လျှင် ၁၈၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်းရောင်းချပါသည်။ ငရုတ်သီးကြော်ကိုမူ လိုသလောက်ချိန်တွယ်၍ ရောင်းချပေးကြောင်းသိရသည်။

              ကောင်းအကြော်စုံလုပ်ငန်းသည် မိသားစုအပြင် နေ့စား(၃)ဦးငှားရမ်းပြီး ထုတ်လုပ်လျက်ရှိကြောင်း၊ ထုတ်လုပ်သည့်အကြော်စုံများကို တောင်ငူ၊ ရေတာရှည်နှင့် အုတ်တွင်းမြို့နယ်ရှိ ကုန်စုံဆိုင်ကြီးများသို့ ပို့ဆောင်ပေးကြောင်း လုပ်ငန်းရှင် ဦးနေအောင်စိုး၏ ပြောပြချက်အရ သိရှိရပါသည်။

ကန့်ဘလူမြို့၏ ခရမ်းချဉ်သီးနှင့်အာလူးသီး ဈေးနှုန်းဈေးကွက်အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

    စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် ခရမ်းချဉ်သီးနှင့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့်ကန့်ဘလူမြို့များရှိ လက္ကား ကုန်သည်များမှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့်  ဒေသထွက်ခရမ်းချဉ်သီးများကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅) ကျပ်သားလျှင် ငွေကျပ်(၂၀၀၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၈၀၀၀)၊ အာလူးသီး(၁)ပိဿာလျှင်ငွေ ကျပ်(၇၂၀၀)ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး(၁)ပိဿာလျှင် ငွေကျပ်(၂၀၀၀)ဈေးနှုန်းကျဆင်း၍ အာလူးသီး(၁)ပိဿာလျှင် ငွေကျပ်(၆၀၀)ဈေးနှုန်း ကျဆင်းပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၏ရာသီစာ မုန်လာဥဖြူ ဈေးနှုန်း၊ဈေးကွက် အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

    ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များတွင် မုန်လာဥဖြူများစိုက်ပျိုးကြကြောင်း၊ ထွက်ရှိသည့်မုန်လာဥဖြူများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း ၊ ဒီဇင်ဘာလပထမပတ်အတွင်း မုန်လာဥဖြူ(အကြီး) (၄)ဥပါတစ်တွဲလျှင် ၇၀၀ ကျပ်၊ မုန်လာဥဖြူ(အသေး) (၄)ဥပါတစ်တွဲလျှင် ၄၀၀ ကျပ်ဖြင့်ရောင်းချကြောင်း၊ ရာသီစာ ဖြစ်သည့်အတွက် မုန်လာဥဖြူများရောင်းအားကောင်းလျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၏ရာသီစာ ထောပတ်ပဲ ဈေးနှုန်း၊ဈေးကွက် အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

      ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ထောပတ်ပဲများကို စိုက်ပျိုးကြကြောင်း၊ ပေါ်ဦးပေါ်ဖျားထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း ၊ ဒီဇင်ဘာလပထမပတ်အတွင်း ထောပတ်ပဲ(၁)ပြည်လျှင် ၇၇၀၀ကျပ်၊ ထောပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ရာသီစာဖြစ်သည့်အတွက် ထောပတ်ပဲအစိုများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ ဥလတ် တစ်လုံးလျှင်(၄၇၀)ကျပ် ၊ ဥသေးတစ်လုံးလျှင်(၄၅၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၇၀၀)ကျပ်၊ ဥသေးတစ်လုံးလျှင် (၆၅၀)ကျပ်၊ ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လကာလတူဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် အနည်းငယ်မြင့်တက်လာကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မများမှမိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ် ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြကြောင်း ကန့်ဘလူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင် ၊ အိမ်မဲမြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥများရောင်းချမှု အခြေအနေ

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိဝန်ထမ်းများသည် (-၁၂-၂၀၂၄) ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်ရှိအခွန်လွတ်ဈေးတွင် ကြက်ဥအလုံး(၃၀၀)အားသွားရောက်၍ ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

             ထိုသို့ရောင်းချပေးရာတွင် အများပြည်သူများသက်သာစွာဝယ်ယူနိုင်ရန် တစ်လုံးလျင် (၃၅၀)ကျပ်နှင့် လူ()ဦး လျင် ()လုံးနှုန်းဖြင့် အိမ်မဲမြိုု့နယ်ရှိအခွန်လွတ်ဈေးတွင် စုစုပေါင်းကြက်ဥအလုံးရေ (၃၀၀)အားရောင်းချပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ၊ လပွတ္တာမြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥများရောင်းချမှု အခြေအနေ

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိဝန်ထမ်းများသည်     (၃.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် လပွတ္တာမြိုု့နယ်ရှိ အမှတ်(၁)ရပ်ကွက်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀)နှင့် ရွေးနဒီရေပေါ် ဈေးတွင် ကြက်ဥအလုံး(၃၀၀၀) သွားရောက်၍ ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

             ထိုသို့ရောင်းချပေးရာတွင် အများပြည်သူများ သက်သာစွာဝယ်ယူနိုင်ရန် တစ်လုံးလျင် (၃၈၀)ကျပ်နှင့် လူ(၁)ဦး လျှင် (၅)လုံးနှုန်းဖြင့် လပွတ္တာမြိုု့နယ်ရှိ အမှတ်(၁)ရပ်ကွက်ဈေး နှင့် ရွေးနဒီရေပေါ်ဈေးတို့တွင် စုစုပေါင်းကြက်ဥအလုံးရေ (၆၀၀၀) အားရောင်းချပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများကို မအူပင်မြို့နယ်တွင် နေ့စဉ်ရောင်းချပေးလျက်ရှိ

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်တွင်း ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက်ရည်ရွယ်၍ ကြက်ဥ၊ ဘဲဥများကို နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

              ရောင်းချရာတွင် အမျိုးသမီးရေးရာအဖွဲ့ စည်ပင်သာယာရေးအဖွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ကြီးကြပ်ပါဝင်ကြပြီး (၂၈.၁၁.၂၀၂၄)ရက်နေ့က စတင်ရောင်းချကာ  ကမ်းနားလမ်း မီးသပ်ရုံးရှေ့တို့တွင် ကြက်ဥ အလုံး(၃၀၀၀) ကြက်ဥ တစ်လုံး ၃၅၀ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥ အလုံး(၃၀၀) ၁လုံး ၅၀၀ကျပ်ဖြင့်လည်းကောင်း၊  (၂၉.၁၁.၂၀၂၄)မှ (၂.၁၂.၂၀၂၄) ရက်နေ့အထိ ၃လမ်းဈေး၊ ၉လမ်း၊ အခွန်လွတ်ဈေး ဗန္ဓာပင်ဈေး၊ ဝေဋုဝန်ဈေးတို့တွင် အလှည့်ကျရောင်းချပေးလျက်ရှိရာ ကြက်ဥအလုံးရေ ၁၂၀၀၀ နှင့် ဘဲဥ အလုံးရေ ၂၄၀၀ ကို ရောင်းချပေးနေကြောင်း သတင်းရရှိပါသည်။ 

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း