ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ကြက်သွန်ဖြူ ဈေးနှုန်းအခြေအနေ
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးမှ အများဆုံးမှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ကန့်ဘလူမြို့နယ်တွင် ကြက်သွန်ဖြူ ယခုနိုဝင်ဘာလအတွင်း ကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ (၂၅) ကျပ်သားလျှင် ကျပ် (၅၀၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)(၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀) ဈေးနှုန်း အသီးသီးရောင်းချလျက်ရှိကြောင်း ယခု ဒီဇင်ဘာလဆန်းပိုင်းတွင် ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သားလျှင် ကျပ် (၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)(၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာကြက်သွန်ဖြူ အသေးစတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း အသီးသီး ရောင်းချလျက်ရှိကြောင့် နိုဝင်ဘာလထက် ကြက်သွန်ဖြူ(ကြူကုတ်)အမျိုးအစားသာ ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကြက်သွန်ဖြူအရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)