Main menu

“ကျောက်ဆည်ဒေသထွက်ဖီးကြမ်းငှက်ပျောစျေးနှုန်းစျေးကွက်”

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် အညာဒေသလယ်တွင်းကိုးခရိုင်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး စိုက်ပျိုးရေးကိုအခြေခံ၍ စပါး၊ပဲမျိုးစုံ၊ဆီထွက်သီးနှံမျိုးစုံ၊ ငရုတ်၊ သရက်နှင့်ငှက်ပျော စသည့်သီးနှံများအား ရာသီအလိုက်စိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများ အနက်ငှက်ပျောသီးနှံအားတစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ငှက်ပျောစိုက်ဧက ကျောက်ဆည်မြို့နယ်တွင်(၁၂၈၂)ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ငှက်ပျောကို ရာသီမရွေး စိုက်ပျိုးနိုင်ကြောင်း ၊ ငှက်ပျောစိုက်ပျိုးရာတွင် (၁)ဧကလျှင်အပင်(၈၀၀)စိုက်ပျိုးရကြောင်း၊တစ်ပင်နှင့်တစ်ပင်(၈)ပေခြားကာစိုက်ပျိုးရပြီး(၉-၁၀)လ အကြာတွင် ငှက်ပျောဖူးများစတင်ထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး(၃)လကြာလျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်များရရှိလာပါသည်။ ကျောက်ဆည်ဒေသ၌ အများအားဖြင့် ဖီးကြမ်းငှက်ပျောမျိုးများကို အဓိကထားစိုက်ပျိုးကြပါသည်။ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၂၀)သိန်းကျပ်ဝင်းကျင် ခန့်ကုန်ကျကြောင်း သိရှိရပါသည် ။ ငှက်ပျောခြံများမှ ငှက်ပျောအခိုင်(၄၀)ပါ လှည်းတစ်စီးလျှင် (၄၆၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်ဖြစ်နေကြောင်း၊ ငှက်ပျောသီးဖီးကြမ်း တစ်ဖီးစျေးနှုန်းမှာ လက်ရင်း(၄၀၀၀/-)ကျပ် ၊ လက်ဖျား(၃၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ (၁)ဧက အကျိုးအမြတ် အနေဖြင့် သိန်း(၇၀)ဝန်းကျင်ခန့်မြတ်ကြောင်း၊ ကျောက်ဆည်မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် ငှက်ပျောခြံအထိ လာရောက်ဝယ်ယူကြကြောင်း ၊ စျေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ပဲခူးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ကျောက်ဆည်မြို့နယ်ရှိ ငှက်ပျော ပွဲစားများသည် ရွှေသိမ်တော်ဘုရားရှိ ကန်တော့ပွဲရောင်းချသည့်ဆိုင်များသို့လည်း ရောင်းချလျက်ရှိပါကြောင်း ၊ ရွှေသိမ်တော်ဘုရားသည် ဆုတောင်းပြည့်စေတီဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ စဉ်ဆက်မပြတ်လာရောက်ကြပြီး ကန်တော့ပွဲထိုး၍ ဆုတောင်းအဓိဌာန်များပြုလုပ်မှု နေ့စဉ်များပြားပြီး အခါကြီးရက်ကောင်းရက်မြတ် များတွင် ပိုမိုများပြားသဖြင့် ငှက်ပျောသီးရောင်းအား အလွန်ကောင်းမွန်လျက်ရှိပါကြောင်း ၊ ငှက်ပျောစိုက်တောင်သူများအနေဖြင့် ဖီးကြမ်းငှက်ပျောများ စိုက်ပျိုးရာတွင် အကျိုးအမြတ်များ ရရှိပြီး တွက်ခြေကိုက်သဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း ၊ ငှက်ပျောပင် စိုက်ပျိုးရာတွင် (၁)နှစ်နီးပါးအချိန်ကြာကြာစောင့်ရသော်လည်း စိုက်ပျိုးပြီးစီး၍ ရောင်းတန်းဝင်အပင်များဖြစ်လာ ပါက ငှက်ပျောခိုင်၊ ငှက်ပျောအရွက်၊ ငှက်ပျောပင်ပေါက်က‌လေးများပါ ရောင်းချရသည့်အတွက် တစ်ပင်လုံးအသုံးဝင်သောကြောင့် ဖီးကြမ်းငှက်ပျောမျိုးများကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)