Main menu

မန္တလေးစျေးကွက်ရှိမတ်ပဲ

Powered by Drupal

           ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံစိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက်နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ (ကျောက်စရစ်)၂၆၀၀၀၀ ကျပ်နှင့် ၂၇၀၀၀၀ကျပ်၊ မတ်ပဲ ၂၄၀၀၀၀ ကျပ်နှင့် ၂၅၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်) ၄၃၃၃ကျပ်နှင့် ၄၅၀၀ ကျပ်၊ မတ်ပဲ ၄၀၀၀ ကျပ်နှင့် ၄၁၆၇ ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ(ဟောင်း) ၆၁၆၇ ကျပ်၊မတ်ပဲ(ရေသွင်း) ၅၈၃၃ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲမှာ ဈေးလျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)