
ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ မုန်လာဥဖြူများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊ အောင်ပန်းမှ ဝင်ရောက်လျက်ရှိကြောင်း မုန်လာဥသီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း ၊ အေးသောဒေသနှင့် အပူပိုင်းဒေသတွင်လည်း စိုက်ပျိုးဖြစ်ထွန်းကြောင်း ပြင်ဦးလွင်၊ နောင်ချိုနယ် များတွင်လည်း စိုက်ပျိုးကြကြောင်း၊ မုန်လာဥဈေးနှုန်းအနေဖြင့် ယခင်လတွင် (၁၀)လုံးတစ်စည်း လျှင် လက်ကားဈေး (၈၀၀/-) ကျပ်၊ လက်လီတစ်စည်းလျှင် (၁၀၀၀/-)ကျပ်၊ ယခုလတွင် (၁၀)လုံး တစ်စည်းလျှင် လက်ကားဈေး(၄၀၀/-)ကျပ်၊ လက်လီတစ်စည်းလျှင်(၆၀၀-၇၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်လျှင် မုန်လာဥဈေးနှုန်းအနည်းငယ်ကျဆင်းလျက် ရှိကြောင်း၊ ဟင်းသီးဟင်းရွက်များထဲမှ အဟာရဓာတ်အများဆုံးပါဝင်သော မုန်လာဥဖြူကို လူအများ နှစ်ကြိုက်စွာ စားသုံးလျက်ရှိကြောင်း၊ မုန်လာဥဖြူကို အချဉ်ရည်ဟင်း၊ ဟင်းချိုချက်၍လည်း စားသုံးကြကြောင်း၊ အတို့ အမြုပ်အဖြစ်လည်း စားသုံးကြသလို မုန်လာဥကို အချဉ်တည်၍လည်း ပြန်လည်ရောင်းချလျက်ရှိကြောင်း၊ မုန်လာဥဖြူအား စားသုံးခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သော အရာတွေကို တိုက်ထုတ်ပေးခြင်း၊ အစာခြေစနစ်ကို ကျန်းမာစေနိုင်ခြင်း၊ ကိုယ်ခံအားကောင်းစေ ခြင်းနှင့် နှလုံးကိုကျန်းမာစေကြောင်း၊ အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် မုန်လာဥဖြူကို နေ့စဉ် စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)