Main menu

“ချင်း(ဂျင်း)သစ်များစတင်ဝင်ရောက်”

Powered by Drupal

   အေးမြကြည်လင်ဈေးနှင့်မြို့မဈေးတို့တွင် ရှမ်းပြည်နယ်၊ကလော၊အောင်ပန်း၊ရွာငံတို့ဘက်မှ ဂျင်းသစ်များစတင်ဝင်ရောက်လျက်ရှိပါသည်။ဂျင်းကပူရုံ၊စပ်ရုံ၊ဟင်း၏အနံ့ရသာကို ပြည့်စုံရုံတင် မဟုတ်ဘဲ၊အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ သကြားဓာတ်၊သံဓာတ်စသည်ဖြင့်အာဟာရ ဓာတ်တွေေလည်းကြွယ်ဝကြောင်း၊ ဂျင်းစားသုံးခြင်းဖြင့် အစာကြေခြင်း၊ မအီအသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်းစသည့် ရောဂါများ သက်သာစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရှိကြောင်းကျန်းမာရေးစာဆောင်များမှသိရှိရပါသည်။ဂျင်းတက်(အဟောင်း)တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ဂျင်းတက်(အသစ်)တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ဂျင်းပေါက်(အနု) တစ်ပိဿာလျှင်(၇၀၀၀) ကျပ်၊ ဂျင်းပေါက်(အကြမ်း) တစ်ပိဿာလျှင် (၅၀၀၀)ကျပ် ရောင်းဝယ် လျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)