Main menu

ကန့်ဘလူမြို့မဈေးရှိ သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ်ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် လက်လုပ်ချဉ်များကို ကိုယ်တိုင်ပြုလုပ်ပြီး “မြို့မဈေး”တွင်ရောင်းချလျက်ရှိရာ သရက်သီးကုလားတည် ချဉ်နှင့် နှမ်းပတ်ချဉ်များလည်း အပါအဝင်ဖြစ်ကြောင်း၊  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် အတွင်း ကန့်ဘလူ“မြို့မဈေး”၌ သရက်သီးကုလားတည်ချဉ် လက္ကားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊  လက်လီတစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၁၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် စားသုံးသူများ၊ ဒံပေါက်ဆိုင်များမှ ဝယ်ယူလျက်ရှိကြောင်း၊ နှမ်းပတ်ချဉ်လက်လီ တစ်ထုပ်လျှင် (၅၀၀)ကျပ်၊ လက်ကားတစ်ထုပ်လျှင် (၄၅၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရသည်။   

DOCA(စစ်ကိုင်း)