Main menu

ကန့်ဘလူမြို့နယ်၌ ဆလပ်ရွက်နှင့် မုန်လာဥဖြူ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် ရာသီချိန်အလိုက် စားဖို ဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ဆလပ်ရွက်ကို မြို့ပေါ်ရပ် ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာများတွင် မိမိတို့နေအိမ်ခြံဝင်းများ၊ မိမိတို့ယာကွက်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဆလပ်ရွက်နှင့် မုန်လာဥဖြူများကိုလည်း စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာသည့်အတွက်  ထိုက်သင့်သည့်အကျိုးအမြတ် ရရှိကြောင်း သိရသည်။

      ဆလပ်ရွက်သည် အစားအသောက်အမျိုးမျိုးနှင့်တွဲဖက် စားသုံးကြသည့်အတွက် စားသောက် ဆိုင်များ၊ ထမင်းဆိုင်များ၊ အကင်ဆိုင်များ၊ အသုတ်ဆိုင်များစသည့် ဆိုင်များမှဝယ်ယူအသုံးပြုသည့် အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဆလပ်ရွက်အပင်ကြီး()ပင်လျှင် (၅၀၀)ကျပ်၊ အလတ်()ပင်လျှင် (၄၀၀)ကျပ်နှင့် အသေး()ပင် လျှင်(၃၀၀)ကျပ်၊ မုန်လာဥဖြူ အကြီး()ဥပါတစ်တွဲလျှင် (၇၀၀)ကျပ်၊ မုန်လာဥဖြူ(အသေး)()ဥပါတစ်တွဲလျှင် (၅၀၀)ကျပ်တို့ ဖြင့်ရောင်းချကြောင်း၊ တို့ဖြင့်ရောင်းချကြောင်း၊ မြို့မဈေးရှိကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)