Main menu

ကျွန်းလှမြို့တွင် ဈေးမြင့်တက်လာသော ပန်းဂေါ်ဖီ နှင့် ဂေါ်ဖီထုတ် ဈေးနှုန်း

Powered by Drupal

     သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချ ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ် လျက်ရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင်(၃၅၀၀)ကျပ် နှင့် အသေး တစ်ပွင့်လျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ဂေါ်ဖီထုတ် အကြီး တစ်ထုတ်လျှင် (၃၀၀၀)ကျပ်၊ အသေးတစ်ထုတ်လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)