Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကောင်းရလျက်ရှိသော ပဲလွမ်းနီ

             ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် တောင်သူများသည် လယ် ယာမြေများအပြင် ကိုင်းမြေများတွင်လည်း  ပဲသီးနှံကို စိုက်ပျိုးကြပါသည်။ ဇလွန်မြို့နယ်အနေ ဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ပဲလွမ်းနီ စိုက်ဧက (၄၄၆၇)ဧက စိုက်ပျိုးပြီး မြေနုကျွန်းများ မြစ်ရေကျချိန် ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုး၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် စတင်အသီးဆွတ်ခူးနိုင်ပြီဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းအောင်သည် (၁၉.၁.၂၀၂၅ ) နေ့တွင် ဇလွန်မြို့နယ် သဲရိုးကျေးရွာရှိ မြေနုကျွန်းတွင် ပဲလွမ်းနီ တစ်ဧက စိုက်ပျိုးထားသော တောင်သူ ဦးတင်သိန်း၏ ပဲလွမ်းနီစိုက်ခင်းသို့သွားရောက်၍ စိုက်ပျိုး ထွက်ရှိမှု ဈေးနှုန်းဈေးကွက်အခြေအနေများကို ကွင်းဆင်း လေ့လာခဲ့ပါသည်။

          ကွင်းဆင်းဆွေးနွေးမှုအရ တောင်သူဦးတင်သိန်းအနေဖြင့် ကိုင်းမြေတစ်ဧကပေါ်တွင် ပဲလွမ်း နီ လေးပြည်ကို စိုက်ပျိုးထားပြီး ယခုအခါ အသီးစတင်ခူးဆွတ်လျက်ရှိပါသည်။ ပဲလွမ်းနီတစ်ဧက စိုက်ပျိုးရန်အတွက် မြေပြင်၊ မျိုး၊ သွင်းအားစု၊ ရေတင်၊ ခူးဆွတ်ခြင်း အတွက် တစ်ဧက ပျမ်းမျှ ၇ သိန်းကျပ်ခန့်ကုန်ကျပါသည်။ စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် အသီးများစတင်သီးလာပြီး သီးတောင့် များ ခြောက်လာချိန်တွင် စတင်ခူးဆွတ်ပြီး နေရောင်ခြည် ၂ ရက်ခန့် အခြောက်လှန်းကာ ချွေလှေ့ရပါ သည်။ အသီးတောင့်အခြောက်များအား (၅)ကြိမ်ခန့် ခူးဆွတ်နိုင်ပြီး အပင်ရှင်သန်ကြီးထွားမှုကြောင့်  အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း ၂၀ ခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ယခင်နှစ် ပဲလွမ်းနီ တစ်တင်းလျှင် ၇၆၀၀၀/- ကျပ်သာ ရှိခဲ့ပြီး၊ ယခုနှစ် ပဲလွမ်းနီ တစ်တင်းလျှင် ၉၄၀၀၀/- ကျပ် ဈေးနှုန်းပေါက်လျက်ရှိကာ အထွက်နှုန်း ပိုမိုဖြစ်ထွန်းသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိကြောင်း တောင်သူဦးတင်သိန်းထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်၏ ရာသီစာ ထောပတ်ပဲ ဈေးနှုန်း၊ ဈေးကွက် အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ထောပတ်ပဲများကို စိုက်ပျိုးကြကြောင်း၊ ပေါ်ဦးပေါ်ဖျားထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း ၊ ဇန်နဝါရီလစတုတ္ထပတ်အတွင်း ထောပတ်ပဲ(၁)ပြည်လျှင် ၆၀၀၀ကျပ်၊ ထောပတ်ပဲနို့ဆီဗူး(၂)ဗူးလျှင် ၁၅၀၀ကျပ်နှင့် ထောပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် ၈၀၀ကျပ် ဖြင့်ရောင်းချကြောင်း၊ ရာသီစာဖြစ်သည့်အတွက် ထောပတ်ပဲအစိုများ အရောင်းအဝယ်သွက်လျက် ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

          ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့် မစိမ်းပါ။ ကောက်ရိုးမှိုသည် သဘာဝ အလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာ သည်ကိုလည်း တွေ့ရကြောင်း၊ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲ၊ ဖွဲနုများကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြကြောင်း၊ ကောက်ရိုးမှိုကို စနစ်တကျ စိုက်ပျိုးခြင်းမရှိသဖြင့် အထွက်နှုန်းမကောင်းခြင်း၊ လုံးဝမထွက်ခြင်း၊ အထွက်နောက်ကျခြင်းနှင့် အပွင့်ငယ်ခြင်းတို့ဖြစ်တတ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးစိုက်ပျိုးသူ ဦးဝင်းဦး၏ပြောပြ ချက်အရ ကောက်ရိုးမှိုစိုက်ပျိုးချိန်သည် အလွန်အရေးကြီးကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော အခြေခံကုန်ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်) ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေးမြေဆွေး စသည်တို့နှင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ် အနေဖြင့် အလျား(၉)ပေနှင့် အကျယ်(၃)ပေကို ကျပ်(၄၅၀၀၀)ခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ကောက်ရိုးမှိုများကို စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ်ဘောင် လျှင်(၁၀-၁၅)ပိဿာထိ ခူးဆွတ်ရကြောင်း၊ ဈေးကွက်အတွင်း  ကောက်ရိုးမှိုတစ်ပိဿာလျှင် လက် လီဈေးကျပ် (၁၂၀၀၀)ခန့်နှင့် လက်ကားဈေး(၁၀၀၀၀)ကျပ်ခန့် ရောင်းချရသောကြောင့် စိုက်ပျိုးသူ များအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ ရာသီစာ မုန်လာဥဖြူ ဈေးနှုန်း၊ ဈေးကွက် အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် မြို့ပေါ်ရပ် ကွက်များတွင် မုန်လာဥဖြူများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ထွက်ရှိသည့်မုန်လာဥဖြူ များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း ၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း မုန်လာဥဖြူ အကြီး(၄)ဥပါတစ်တွဲလျှင် ၆၀၀ကျပ်၊ မုန်လာဥဖြူ(အသေး)(၄)ဥပါတစ်တွဲလျှင် ၄၀၀ ကျပ်ဖြင့်ရောင်း ချကြောင်း၊ ရာသီပေါ်သီးနှံဖြစ်သည့်အတွက် မုန်လာဥဖြူများ ရောင်းအားကောင်းလျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ခရမ်းသီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၅)ရပ်ကွက်တွင် ခရမ်းသီး ပင်များစိုက်ပျိုးကာ မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူ ဦးကျော်ဦး၏ ပြောပြချက်အရသိရသည်။

          ခရမ်းသီပင်ကို စတင်စိုက်ပျိုးမည်ဆိုလျှင် ထယ်ရေးပြင်ရပြီး ပျိုးထောင်ကာ မိုးဦးကျကာလ တွင် စတင်စိုက်ပျိုးရသည်။ မြေတစ်ဧကတွင် အပင် (၇၀၀ - ၈၀၀)အထိစိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧကစိုက်လျှင် ထယ်ထိုး၊ ထွန်မွှေ၊ မျိုး၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် အလုပ်သမားခ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်ငွေကျပ် သုံးသိန်းခွဲန့်ရှိကြောင်း၊ ခရမ်းပင်ကို ရေပေးခြင်း၊ အချိန်မှန်ပေါင်းရှင်းပေးခြင်း၊ ပိုးသတ်ဆေးဖျန်းပေးခြင်းကို ပြုလုပ်ပေးရကြောင်း၊ ခရမ်းမျိုးမှာ အရှည်မျိုး ဆင်စွယ်ခရမ်းနှင့် အလုံးမျိုး ထောပတ်ခရမ်း တို့ကိုစိုက်ပျိုးကြောင်း သိရသည်။

ခရမ်းသီးပင်စိုက်ပျိုးပြီး သုံးလအကြာတွင် အသီးကို စတင်ခူးဆွတ်ရောင်းချရပြီး  တစ်ရက် ခြားတစ်ခါခူးဆွတ်ပါက ပိဿာချိန် (၇၀)ခန့်ရရှိကြောင်း၊ ၊ လက်ရှိရောင်းချနေရသည့် ဈေးနှုန်း များမှာ ခရမ်းသီးတစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ်(၁၀၀၀)နှုန်းနှင့် လက်လီဈေး(၁၂၀၀)ကျပ် ဖြင့့််  ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ခရမ်းစိုက်တောင်သူ၏ ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

          ဇန်နဝါရီလစတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ် အိတ်လျှင် (၁၁၃၀၀၀)ကျပ်၊ အာမို၊ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ (50)kg တစ်အိတ်လျှင်(၁၈၀၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင် (၁၈၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီ တစ်ဘူးလျှင်(၄၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများတည်ငြိမ်နေကြောင်း  ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရပါသည်။    

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ကမ်းနားစျေးသို့ ပန်းဂေါ်ဖီနှင့်ဂေါ်ဖီထုပ်များဝင်ရောက်လျက်ရှိ

          နေပြည်တော်တပ်ကုန်းမြို့နယ်မှ ထားဝယ်မြို့ကမ်းနားစျေးသို့ တရုတ်နှစ်သစ်ကူးနေ့အမှီ (၁၀)ဘီးကားများဖြင့် ပန်း‌ဂေါ်ဖီ၊ ဂေါ်ဖီထုပ်များ အများအပြားဝင်‌ရောက်လျက်ရှိပြီး ထားဝယ်မြို့ ကုန်စိမ်း ဒိုင်များမှ ပန်းဂေါ်ဖီတစ်ဖူးလျှင် ၂၅၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ကားအစီးပြတ် ဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

သဲကုန်း မြို့နယ်၏ရာသီပေါ် မန်ကျီးသီးဈေးကွက်

            ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ခြံဝန်း ကျယ်များတွင် အောင်မြင်ဖြစ်ထွန်းစွာ ပေါက်ရောက်လျက်ရှိသော ၊ သက်ရင့်မန်ကျဉ်းသီးပင်ကြီး များစွာ ရှိကြပါသည်။ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှ စတင်၍ မန်ကျဉ်းသီးမှည့်များစ တင်ပေါ်ပေါက် လာပြီးဖြစ်၍ ၊ ခြံသမားနှင့် မန်ကျဉ်းသီးမှည့် ကောက်ယူပွဲစားတို့ကြား မန်ကျဉ်းသီး ဈေးကွက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

            မန်ကျဉ်းသီးမှည့် ဈေးကွက်တွင် (၃)မျိုး (၃)စားရှိပါသည်။ (၁) အခွံချွတ်ဈေး၊ (၂) အခွံချွတ်၊ အမျှင်ချွတ်ဈေးနှင့် (၃) အခွံချွတ်၊ အမျှင်ချွတ် ၊ အစေ့ထွက်ဈေးတို့ဖြစ်ပါသည်။ ခြံသမားအများစု သည် မိမိတို့မန်ကျည်းသီးကို အခွံချွတ်ပြီးမှသာ ပြန်လည်ရောင်းချကြ၍ အခွံချွတ်ပြီး ဈေး(၁) ပိဿာ လျှင် (၅၅၀၀)ကျပ်ရရှိကြောင်း သိရပါသည်။ မန်ကျည်းသီး(၁)တင်းလျှင် အခွံချွတ်ပြီး (၇)ပိဿာမှ (၈)ပိဿာအထိထွက်ရှိပါသည်။ အပင်တက်သူအား ဌားရမ်းခ (၁) ဦးလျှင် (၅၀၀၀)ကျပ် သို့မဟုတ် (၁)ပိဿာပေးရ၍ ခြံပိုင်ရှင်မှ (၁)တင်းလျှင် (၆)ပိဿာမှ(၇)ပိဿာအထိ အသားတင် ရရှိကြပါသည်။ မန်ကျည်းသီးပင်အကြီး(၁၀)ပင်ရှိသော ခြံသမားတစ်ဦးအဖို့ (၁)နှစ်လျှင် အနည်းဆုံးတင်း (၁၀၀)ခန့်  ထွက်ရှိ၍ ၊ ထိုခြံသမား၏ မန်ကျည်းပင်မှ ရရှိသော (၁)နှစ် ဝင်ငွေကို ခန့်မှန်းတွက်ချက်နိုင်ပေသည်။

             မန်ကျည်းသီးမှည့်အမျှင်ချွတ်၊ အစေ့ထွတ်ခြင်းများကို မြို့ပေါ်ဒိုင်ကြီးများ လက်ဝယ်သို့ ရောက်ရှိပြီးမှသာ ပြုလုပ်သည်ကများပါသည်။ ယနေ့အစေ့ထွတ် သန့်စင်ပြီး မန်ကျည်းသီးမှည့် အသစ်(၁)ပိသာလျှင် (၈၀၀၀)ကျပ်ဈေးရှိ၍ အဟောင်း(၁)ပိသာလျှင် (၁၀၀၀၀)ကျပ်ဈေး ရှိကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)   

ရွာငံဒေသမှ ကော်ဖီသီးမှည့်များ စတင်ထွက်ရှိ

          ယခုအခါ ကော်ဖီရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံဒေသမှထွက်ရှိသော ကော်ဖီသီးမှည့်များကို Export ကုမ္ပဏီများနှင့် ကော်ဖီလုပ်ငန်း လုပ်ကိုင် ကြသောလုပ်ငန်းရှင်များက စတင်ဝယ်ယူနေကြောင်း သိရှိရပါသည်။ လက်ရှိတွင် ရွာငံဒေသထွက် အရည်အသွေးကောင်းမွန်သော ကော်ဖီသီးမှည့်များကို ကော်ဖီလုပ်ငန်းလုပ်ကိုင်ကြသော လုပ်ငန်း ရှင်များက ဈေးကောင်းပေး၍ ဝယ်ယူလျက်ရှိနေကြောင်း သိရသည်။ ကော်ဖီသီးမှည့်အစို တစ်ပိဿာ လျှင် (၇၀၀၀-၈၀၀၀)ကျပ် ရှိပြီး ကော်ဖီသီးအခြောက် တစ်ပိဿာလျှင် (၄၀၀၀၀-၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။ ရွာငံဒေသထွက်ကော်ဖီများသည် ကမ္ဘာ့အဆင့်မီ Special Coffee အဆင့် အသိအမှတ်ပြုခံထားရပြီးဖြစ်ရာ မိမိတို့ အမှတ်တံဆိပ်များနှင့် ကော်ဖီကုန်ချောများ ကမ္ဘာ့ ဈေးကွက်တွင် နေရာရရှိလာနိုင်ရေးအတွက် ကြိုးပမ်းသွားကြရန် လိုအပ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

DOCA(ရှမ်း)

ပန်းတနော်မြို့နယ်တွင်စိုက်ပျိုးလျက်ရှိသော နဂါးမောက်ပိန်းပန်း စိုက်ပျိုးသူဝင်ငွေရ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် ရွှေမြှင်တင် ဘုရားလမ်းတွင် စိုက်ပျိုးနေသော နဂါးမောက် ပိန်းပန်း ရောင်းစုံစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသူများ ဝင်ငွေရရှိနေကြောင်း သိရသည်။ ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သင်ဖျာလုပ်ငန်းများလုပ်ကိုင်ပြီး စီးပွားဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

          နဂါးမှောက် ပိန်းပန်းကို စိုက်ပျိုးရာတွင် ၂၀၂၂ခုနှစ်က အပင်၅၀၀ကို ၄၀၊ ၆၀၊ ခြံမြေကွက်တွင် စတင်စိုက်ပျိုးပြီး ယခုဆို အပင် ၇၀၀ထိ ပွားလျက်ရှိကြောင်း၊ ၂၀၂၂ခုနှစ်က ပိန်းပန်းမျိုးကို နဂါးမောက် ပိန်းပန်းအနီ ၁ပင်ကို ၂၀၀၀ကျပ်၊ ပိန်းပန်းအဖြူကို ငွေကျပ် ၅၀၀၀ဖြင့် ဝယ်ယူ စိုက်ပျိုးရ ကြောင်း၊ ယနေ့ ပန်းမျိုးဈေး ပိန်းပန်းအနီ ငွေကျပ် ၅၅၀၀၊ ပိန်းပန်းအဖြူ ငွေကျပ် ၁၀၀၀၀ ဈေးပေါက်ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။ ပိန်းပန်းကို စတင်စိုက်ပျိုးပြီး ၁နှစ်အကြာ တွင် ပန်းများ ရောင်းတန်းဝင်ရောက်လာပြီး ၁လကို ၂ကြိမ် ခူး၍ ရရှိကြောင်း၊ ပိန်းပန်း စိုက်ပျိုးမှု ပန်းအိုး၊ နေကာ ပိတ်စိမ်းဇကာ၊ ဝါးစင်၊ လုပ်သားခ၊ မျိုး၊ သွင်းအားစု ကုန်ကျစရိတ်အနေဖြင့် ၂၀၂၂ခုနှစ်က ငွေကျပ် ၁ ၈၀၀ ၀၀၀ သိန်း ကုန်ကျခဲ့ကြောင်းသိရသည်။

          နဂါးမောက် ပိန်းပန်း ဈေးနှုန်းအနေဖြင့် ၁ပွင့်ကို ၅၀၀ မှ ၁၀၀၀ ကြားရောင်းချရကြောင်း၊ တစ်နှစ်တာအတွင်း ပန်းများ ရောင်းချနေရပြီး အကျိုးအမြတ် ငွေကျပ် ၂ ၅၀၀ ၀၀၀ ရရှိပြီး ဖြစ်၍ ငွေကျပ် ၇၀၀ ၀၀၀သိန်း အကျိုးအမြတ်ရရှိပြီ ဖြစ်ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

          ဈေးကွက်အနေဖြင့် မြို့နယ်အတွင်းသာ ရောင်းချနေပြီး အလှူ၊ မင်္ဂလာဆောင် အခမ်းအနား ၊ တရားဓမ္မရိပ်သာများမှ ပန်းအလှပြင်ဆင်ရန်အတွက် မှာယူဝယ်ယူသူများပြား ကြပြီး ဈေးကွက် ရရှိနေကြောင်း ရန်ကုန်မြို့မှ အသိမိတ်ဆွေများမှ လိုအပ်ပါက ပန်းများမှာယူဝယ်ယူကြောင်း တပိုင်တနိုင် နဂါးမောက် ပိန်းပန်းပင် စိုက်ကပျိုးရာမှ ဝင်ငွေရရှိသဖြင့် စိုက်ပျိုးသင့်သော ပန်းတစ်မျိုးဖြစ်ကြောင်း ကွင်းဆင်းလေ့လာမှုအရ သိရှိရပါသည်။

 

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း