Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

   မုံရွာမြို့တွင် ရောင်းချနေသော နွားနို့ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ၊ စက်မှုဇုန်ရပ်ကွက်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နွားများကို စိုက်ပျိုးရေးလုပ်ငန်းအတွက် မွေးမြူကြသလို စားဝတ်နေရေးအတွက်လည်း မွေးမြူကြကြောင်း သိရသည်။

      စက်မှုဇုန်ရပ်ကွက်တွင် ဗမာနွားများနှင့် နို့စားနွားများကို တစ်နိုင်တစ်ပိုင် မွေးမြူကြပြီး နွားနို့များကို ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိရာ ရောင်းလိုအားကောင်း၍ နွားနို့များ  လောက်ငှမှု မရှိသဖြင့် နို့စားနွားများကို တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် မွေးမြူလာကြောင်း သိရပါသည်။

  ၂၀၂၅  ခုနှစ်၊ စက်တင်ဘာလ၊ စတုတ္တပတ်အတွင်း ရောင်းချနေသော နွားနို့ဈေးနှုန်းများမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင် အစိမ်း(၃၀၀၀)ကျပ်၊ ကျိုချက်ပြီး (၁) လီတာ တစ်ဘူးလျှင် (၃၅၀၀) ကျပ်၊ ဒိန်ချဉ် (၁) လီတာ၊ တစ်ဘူးလျှင် (၄၅၀၀)ကျပ်တို့ဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောင်းချနေသော ဓာတ်မြေသြဇာဈေးနှုန်းများ

       စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ သီးနှံများ စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩ ဇာများကို စိုက်ပျိုးတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာစတုတ္တပတ်တွင် ဖြစ်ပေါ်ခဲ့သော ဓာတ်မြေသြဇာ ဈေးနှုန်းများမှာ ဝိစာရ (၁၅:၁၅:၁၅) တစ်အိပ်လျှင် (၁၇၀၀၀၀)ကျပ်၊ ပိုတက်(46 k) တစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ ယူရီးယားဓါတ်မြေဩဇာ(အာမို) တစ်အိတ်လျှင် (၁၃၀၀၀၀) ကျပ်၊ ကွန်ပေါင်း (၁၅:၁၅:၁၅)(ကောမတ်) တစ်အိတ်လျှင် (၂၀၀၀၀၀) ကျပ်၊ ပန်းဖူး (သစ်) (တရုပ်) တစ်အိတ်လျှင် (၁၅၀၀၀၀)၊ မျှားကမ္ဘာ(တရုပ်)တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ပုလဲဓါတ်မြေဩဇာ(ရွှေတောင်) တစ်အိတ်လျှင်(၁၂၀၀၀၀)ကျပ်၊ တီစူပါ(မျှားကမ္ဘာ)တစ်အိပ်လျှင် (၁၁၉၀၀၀)ကျပ်၊ နိုက်ထရိုဖော် စကာ(ဩဘာ)တစ်အိတ်လျှင် (၂၀၈၀၀၀)ကျပ်၊ ပန်းဖူး (မြန်မာ့ဩဘာ) တစ်အိတ်လျှင် (၁၃၀၀၀၀) ကျပ်၊အာမို(၁၅:၁၅:၁၅)(ဩဘာ)တစ်အိတ်လျှင် (၂၀၀၀၀၀)ကျပ်၊ သံဂွန်း(၁၀:၁၀:၅)(အာမို) တစ်အိတ်လျှင် (၁၀၀၀၀၀)ကျပ်၊ ကျွဲနက် (၁၅: ၁၅: ၁၅) (အာမို)တစ်အိတ်လျှင် (၁၉၆၀၀၀)ကျပ် ၊ MC (ကွန်ပေါင်း) တစ်အိတ်လျှင် (၁၆၇၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ်လျှင် (၉၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ   စတုတ္တပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၄၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၆၀၀၀၀ ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၂၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ၄၇၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၆၀၀၀၀ ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၇၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၂၅၀၀၀ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀ ၊ ဧည့်မထ (ဆန်)(သစ်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၈,၀၀၀၊ ၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၃,၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

   အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း၁၀၀ လျှင် ကျပ် ၁၇,၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်(သစ်)  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧရာမင်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀    ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။ 

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်းစပါး (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၇၀၀,၀၀၀၊  ဧရာမင်း (သစ်) ၂၄ ပြည် တစ်အိတ်မှာ (၁၃၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၆၀၀၀၀၊ မနောသုခ (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၈၀၀,၀၀၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ရွှေဝါထွန်းစပါး(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊  ရွှေဝါထွန်း (ဆန်)(သ) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၇၀၀၀၊ ရွှေသွယ်ရင်  (စပါး)(သစ် ) တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀,၀၀၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ အနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကား ဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီးအတွင်း စက်သုံးဆီပြတ်လတ်မှုမရှိစေရေး  စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံး ဆီ ရည်ညွှန်း ဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာ ရောင်းချလျက်ရှိကြောင်း  သိရသည်။

     ယခု  စက်တင်ဘာစတုတ္တလပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ကလေးခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၈၄၅)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၉၂၁)ကျပ် ၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ လျှင်(၃၅၃၀) ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင်(၄၁၂၅)ကျပ် ၊ ကသာခရိုင်တွင် စက်သုံးဆီ ဈေးနှုန်း များမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၅၄၅)ကျပ်၊ ဓါတ်ဆီ Octane(95) တစ်လီတာ လျှင်(၃၆၂၁)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၃၂၃၀) ကျပ် နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၃၈၂၅)ကျပ် ၊ ကန့်ဘလူခရိုင်တွင် စက်သုံးဆီ ဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၂၄၀)ကျပ်၊ ဓါတ်ဆီ Octane(95) တစ်လီတာလျှင်(၃၃၂၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင်(၂၈၈၀)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၃၅၅၀)ကျပ် ၊ စစ်ကိုင်းခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၀၄၅)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၂၁)ကျပ် ၊ ဒီဇယ် (ရိုးရိုး)တစ်လီတာ လျှင်(၂၇၃၀) ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင်(၃၃၂၅)ကျပ် ၊ မုံရွာ ခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၀၄၅)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီ တာလျှင်(၃၁၂၁)ကျပ် ၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင်(၂၇၃၀)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)တစ်လီတာ လျှင်(၃၃၂၅)ကျပ် ၊ ယင်းမာပင် ခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၀၄၅)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၂၁)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၂၇၃၀)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင်(၃၃၂၅)ကျပ် ၊  ရွှေဘိုခရိုင်တွင်  စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၀၃၅)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၁၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး)တစ်လီ တာလျှင် (၂၇၂၀)  ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင်(၃၃၁၅)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက    ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

သံလမ်းဈေးရှိ ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း

      မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ဂေါ်ရခါးပင်သည် နွယ်ပင်ဖြစ်သောကြောင့် အညွန့်များကိုလည်း စားသုံးနိုင်ကြပါသည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော်လှော် စားသုံးနိုင်ပြီး၊  အသီးကိုလည်း ဟင်းချိုချက်၍လည်းကောင်း၊ ကြက်ဥနှင့် ကြော်၍လည်းကောင်း၊ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်သည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၃၅၀)ကျပ်မှ (၄၀၀)ကျပ်ထိ  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

သာစည်ဈေးရှိ ခါကြက်ဥနှင့် သခွားသီးဈေးနှုန်း

      မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥ၊  သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥနှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး  စားသောက်ဆိုင်များမှလည်း  စီးပွားဖြစ် အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။ ခါကြက်ဥနှင့်သခွားသီးကို ထမင်းဝိုင်းများတွင် အတို့မြှုပ်အဖြစ်လည်းကောင်း၊ ခါးကြက်ဥကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်၍လည်းကောင်း စားသုံးကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင်   ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ ဥကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခါကြက်ဥ ဥသေး တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ သခွားသီး ဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၂၀၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံ ရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးရှိ ခဝဲသီးနှင့် ကြောင်လျှာသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခဝဲသီး များနှင့် ကြောင်လျှာသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ သာစည် ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ခဝဲသီးအား ခဝဲသီးဟင်းချိုအဖြစ် လည်း ချက်စား၍ရသလို ကြက်ဥနှင့် ကြော်စားပါက အလွန်အရသာရှိသော ဟင်းတစ်ခွက် ဖြစ်ပြီး၊ ကြောင်လျှာသီးမှာ မြေပဲဆံပဲမှုန့်တို့နှင့် သုပ်စားပါက ခံတွင်းမြိန်သော ဟင်းလျာ တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ခဝဲသီး ဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင် (၂၄၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၆၀၀/-) ကျပ်တို့ဖြင့်လည်းကောင်း၊  ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ကြောင်လျှာသီး အသေးတစ်တောင့်လျှင် (၈၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီးများကို  မိမိတို့နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချ လျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၇၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၄၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၇၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၃၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၂၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့နယ်၏အောင်မြင်ဖြစ်ထွန်းနေသည့်မိုးနှမ်းစိုက်ဧကများ

   မြင်းခြံမြို့နယ်တွင် ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ နှင့်ကြက်သွန်နီးများ စိုက်ပျိုးထုတ်လုပ် လျက်ရှိရာ မိုးနှမ်းသီးနှံ ကိုလည်း စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။ မိုးနှမ်းသီးနှံကို မေလ-ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာလ တို့တွင်ရိတ်သိမ်းပေါ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ (၄)လခန့် ကြာမြင့်မည်ဖြစ်ကြောင်းသိရှိရသည်။

  ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နွားထိုးကြီးမြို့နယ်၌ မိုးနှမ်းစီမံကိန်းသီးနှံ(၁၅၅၆၈)ဧက လျာထားချက်အပေါ် အမှန်စိုက်ပျိုးထားမှု (၄၈၂၈) ဧကစိုက်ပျိုးထားရှိပြီး၊ စိုက်ပျိုးရန်ကျန်ရှိသောဧက များဆက်လက်စိုက်ပျိုးနေကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရသိရှိရသည်။ နှမ်းစိုက်ပျိုးရန်အတွက် မြေယာပြုပြင်ရာတွင် ထွန်ရေးညက်ရန် လိုအပ်ကြောင်း၊ တောင်သူများလက်ရှိစိုက်ပျိုးနေသော နှမ်းမျိုးအများစုမှာ ဆင်းရတနာ မျိုးဖြစ်ပြီး နှမ်းပင်များ အကိုင်းဖြာသော မျိုးဖြစ်၍ နှမ်းစိုက်ရန် (၁၅) လက်မ အတန်းအကွာအဝေးဖြင့် စိုက်ပျိုး ထားကြောင်း၊ မျိုးစေ့များ အပင်ပေါက်ကောင်းစေရန် ကြောင်းဆွဲရာတွင် မြေမနက်ရန်လိုကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၄-၅)ပြည် စိုက်ပျိုးကြောင်း၊ ထွန်ကြောင်းဆွဲပြီး ကြဲပတ်စနစ်ဖြင့် မျိုးစေ့များ မြေကြီးထဲတွင် ကြောင်းတိမ်တိမ်ဆွဲ၍မြေကြီးနှင့် ခပ်ပါးပါးဖုံးအုပ်ပြီး စိုက်ပျိုးပါက အထွက်တိုး ခြင်းကိုဆွဲ၍ အထောက်အကူပြုကြောင်း သိရှိရသည်။ ယခင်နှစ် မိုးနှမ်းတစ်ဧကလျှင် (၅-၆) တင်း ခန့်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက် အထွက်နှုန်း ပိုမိုနိုင်မည်ဟု ခန့်မှန်းထားကြောင်း နှမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ နှမ်းတစ်တင်း ဆီကြိတ်ပါက နှမ်းဆီ (၆) ပိဿာထွက်ရှိကြောင်း၊ ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် မြင်းခြံမြို့နယ်၌ ဆောင်းနှမ်းညို တစ်တင်းလျှင် (၈၉၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ ပွဲရုံများတွင် နေ့စဉ် (၁၀၀)အိတ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့ ဘုရင့်နောင်နှင့် လှိုင်သာယာမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဆေးဖက်ဝင်သောအာတာလွတ်ဥသီးနှံ

    အာတာလွတ်ဥများသည်   မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ မကွေးတိုင်း ဒေသကြီး ငဖဲမြို့နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်များတွင် အဓိကစိုက်ပျိုးကြကြောင်း၊ နှစ်ရှည်ပင်သီးနှံ များအဖြစ် စိုက်ပျိုးပြီး တစ်နှစ်၊ နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၈-၁၂)လ အကြာတွင် တူးဖော်ရကြောင်း၊  အာဟာရပြည့်ဝသော    အရသာမှာဆိမ့်ဆိမ့်လေးရှိပြီး မုန့်နှင့် အတူ စားသုံးလေ့ရှိကြောင်း၊ ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့် အစာချေစနစ်ကောင်းမွန်စေပြီး အစာချေစနစ်ကိုကောင်းမွန်စေ၍ သွေးလည်ပတ်မှုနှုန်းမြင့်မားစေသလို နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်းစသောအကျိုးကျေးဇူးများရှိကြောင်း သိရှိရသည်။ သံဓာတ်နှင့် ပရိုတင်းဓာတ် များကြွယ်ဝစွာပါဝင်သောကြောင့် အရိုးများကိုသန်မာစေကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်၍ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းကိုကာကွယ် ပြီးသကြားဓာတ်အားထိန်းပေးကြောင်း၊ နှလုံးကျန်း မာရေးအတွက် ကောင်းမွန်စေခြင်းဖြင့် ကယ်လိုရီနည်းပြီး ကိုယ်ခံအားကိုမြှင့်တင် ပေးကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလစတုတ္ထပတ်တွင် မြင်းခြံမြို့ အေးမြသီတာ ဈေး၌ ရောင်းချနေသော အာတလွတ်ဥ တစ်ပိဿာလျှင် (၆၅၀၀) ကျပ်ပေါက် ဈေး      များဖြင့်ရောင်းချကြောင်း ဆီးချို‌ရောဂါသမားများအတွက် အထောက်အကူသောကြောင့် ဆေးဖက်ဝင်သော ရာသီပေါ် အာတာလွတ်ဥများကို စားသုံးသင့်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း