Main menu

ပခုက္ကူမြို့ ဒေသထွက်ကုန်ဖြစ်သည့် မြေပဲ(စက်)ဆီများ တွင်ကျယ်စွာ ရောင်းချနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ပြည်တွင်းဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၂၆.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင်  ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိဇင်မြေပဲ (စက်)ဆီသန့် လုပ်ငန်း၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ရောင်းချမှုအခြေအနေ၊ ဈေးနှုန်း/ဈေးကွက်များအား ကွင်းဆင်း မေးမြန်းခဲ့ကြောင်း သိရသည်။

    ဇင်ဆုံဆီလုပ်ငန်းရှင် ဦးသန့်စင်မင်းက ဆီစက်လုပ်ငန်းကို တည်ထောင်ခဲ့သည်မှာ ()နှစ် ခန့်ရှိ၍ စက်မှုဇုန်၌ ကြိတ်ခွဲကြောင်း၊   မီးလာသည့်အချိန်တွင် ကြိတ်ခွဲ၍  တစ်နေ့လျှင် (၂၅)ပိဿာဝင် မြေပဲအိတ်()အိတ်ခန့် ကြိတ်ခွဲရကြောင်း၊ အိမ်တွင် ပဲခွဲစက်ရှိ၍ လုပ်သားများခေါ်ပြီး ပဲရွေး သန့်စင် ကြောင်း၊ ကျားလုပ်သား()ဦး၊ မလုပ်သား()ဦးရှိပြီး လုပ်သားခမှာ ကျားတစ်ဦး ကျပ်(၁၂၀၀၀) မတစ်ဦး ကျပ်(၈၀၀၀)ပေးကြောင်း၊ ပဲဆီအရည်အသွေးကိုလည်း အာမခံကြောင်း၊ ဇင် အမှတ် တံ ဆိပ်ဖြင့်သာ (///၁၀)ပိဿာဝင် ဘူးဖြင့်ရောင်းချကြောင်း၊ မြေပဲဆံကို မြို့ပေါ်ရှိ ပွဲရုံများမှ ဝယ်ယူ ၍ ပဲလေးတစ်ပိဿာလျှင် ကျပ်(၇၇၀၀/၇၈၀၀) လုံးဆန် ကျပ်(၈၂၀၀)ဖြင့်ဝယ်ယူရကြောင်း၊ ဈေးနှုန်း အနေဖြင့် ပဲဆီ တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀) ဖြင့် ရောင်းချ၍ ပဲဖတ် တစ်ပိဿာကို ကျပ်(၄၆၀၀-၄၈၀၀)ဖြင့် အိမ်သို့ လာရောက်ဝယ်ယူကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်၊ ရန်ကုန်၊ ပဲခူး၊ ဒိုက်ဦး၊ ပြင်ဦးလွင်၊ မုံရွာ၊ ဖောင်းပြင်၊ ရွှေတော စသည့်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်မှာ (၁၀)ပိဿာဝင် ပုံးဝါ တစ်ပုံးလျှင် ကျပ်(၁၀၀၀၀-၁၅၀၀၀)ခန့် ရရှိကြောင်း၊ တစ်လလျှင် ရောင်းအား (၄၀ မှ ၈၀)ပုံးထိရှိပြီး အမှာရှိလျှင်ရှိသလိုရောင်းချရကြောင်း ဆီစက် လုပ်ငန်းရှင်၏ ပြောပြ ချက်အရ သိရှိရပါသည်။

DOCA(မကွေး)