Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးအနည်းငယ်ကျဆင်းလာသော ဗမာကြက်သား

   မြန်မာနိုင်ငံတွင် ဗမာကြက်သားရောင်းဝယ်ရေးသည် ကျေးလတ်နှင့် မြို့ပြဒေသများတွင် စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် အရေးပါပြီး အိမ်တွင်းမွေးမြူရေးလုပ်ငန်းနှင့် ကျေးရွာများ၌ ကြက်မွေးမြူရေးလုပ်ငန်းများအဖြစ် အဓိကလုပ်ကိုင်ကြကြောင်း၊ ကြက်သားရောင်းဝယ်ရေးတွင် ဗမာကြက်သား(သို့) ဒေသကြက်သားနှင့် စီပီကြက်သားဟူ၍ ရောင်းဝယ်လုပ်ကိုင်ကြကြောင်း၊ ဗမာကြက်သားသည် ဈေးကွက်တွင်လူကြိုက်များပြီး လတ််ဆတ်ချိုမြ၍ ရိုးရာစားသောက်ကုန် များနှင့် အိမ်ရှင်မများ ချက်ပြုတ်မှုတွင် ပိုမိုအသုံးပြုကြောင်း၊ မြင်းခြံမြို့ အေးမြသီတာဈေးရှိ အသားငါးတန်း၌ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတတိယပတ်၌ ဗမာကြက်သား အကောင်လိုက် လက်လီတစ်ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၂၆၀၀၀) ကျပ်ပေါက်ဈေး များရှိကြောင်း၊ ယခင်လ ဩဂုတ်လတတိယပတ်တွင် ရောင်းချနေသာ ဗမာကြက်သားလက်လီတစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်ပေါက်ဈေး များဖြင့်ရောင်းချခဲ့ကြောင်း၊  ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် လက်လီတစ် ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ နေ့စဉ်အကောင်ရေ(၂၅-၃၀)ကောင်ခန့်‌ ရောင်းချရကြောင်း၊ ဒေသတွင်းစားသုံးရန်နှင့် စားသောက် ဆိုင်များမှ အများဆုံးဝယ်ယူကြကြောင်း၊ ဓာတုဆေးဝါးနှင့် ဟော်မုန်းဆေးမပါသော သဘာဝ ဗမာကြက်သားရောင်းဝယ်ရေးလုပ်ငန်းသည် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်တွင် ရောင်းချရန် ဗမာကြက်များကို ဒေသတွင်း ကျေးရွာများမှဝယ်ယူရကြောင်း ဗမာကြက်သား ရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

ဖြစ်ထွန်းအောင်မြင်နေသောတောင်သာမြို့နယ်၏မိုးနှမ်းစိုက်ဧကများ

   နွားထိုးကြီးမြို့နယ်တွင် ပဲမျိုးစုံ၊ ထန်း၊ ကြက်သွန်နီးများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မိုးနှမ်းသီးနှံ ကိုလည်း စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။ မိုးနှမ်းသီးနှံကို မေလ-ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာလ အတွင်းရိတ်သိမ်းပေါ်မည်ဖြစ်ကြောင်း၊ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ (၄)လခန့် ကြာ မြင့်ကြောင်းသိရှိရသည်။

   ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နွားထိုးကြီးမြို့နယ်၌ မိုးနှမ်းစီမံကိန်းသီးနှံ(၁၆၈၀၂၂)ဧက လျာထား ချက်အပေါ် အမှန်စိုက်ပျိုးထားမှု (၁၇၄၅၀၂) ဧကစိုက်ပျိုးထားရှိပြီး၊ လျာထားချက်ဧကထက် (၆၄၈၀)ဧက ကျော်ပိုမိုစိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရသိရှိရသည်။ နှမ်းစိုက်ပျိုးရန်အတွက် မြေယာပြုပြင်ရာတွင် ထွန်ရေးညက်ရန် လိုအ်ကြောင်း၊ တောင်သူများလက်ရှိစိုက်ပျိုးနေသော နှမ်းမျိုးအများစုမှာ ဆင်းရတနာ မျိုးဖြစ်ပြီး နှမ်းပင်များ အကိုင်းဖြာသော မျိုးဖြစ်၍ နှမ်းစိုက်ရန် (၁၅) လက်မ အတန်းအကွာအဝေးဖြင့် စိုက်ပျိုး ထားကြောင်း၊ မျိုးစေ့များ အပင်ပေါက်ကောင်းစေရန် ကြောင်းဆွဲရာတွင် မြေမနက်ရန်လိုကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၄)ပြည် စိုက်ပျိုးကြောင်း၊ ထွန်ကြောင်းဆွဲပြီး ကြဲပတ်စနစ်ဖြင့် မျိုးစေ့များ မြေကြီးထဲတွင်ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးနှင့်ခပ်ပါးပါးဖုံးအုပ်ပြီး စိုက်ပျိုးပါကအထွက် တိုးခြင်းကို ဆွဲ၍ အထောက်အကူပြုကြောင်း သိရှိရသည်။ ယခင်နှစ် မိုးနှမ်းတစ်ဧကလျှင် (၅.၆) တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက် အထွက်နှုန်း ပိုမိုနိုင်မည်ဟု ခန့်မှန်းကြောင်း နှမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ နှမ်းတစ်တင်း ဆီကြိတ်ပါကနှမ်းဆီ (၆) ပိဿာထွက်ရှိကြောင်း၊    ယခု ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်တွင်နွားထိုးကြီးမြို့ နယ်၌ဆောင်းနှမ်းညို တစ်တင်းလျှင် (၈၈၀၀၀) ကျပ်ခန့်ပေါက်ဈေးများရှိကြောင်း၊ ပွဲရုံများတွင် နေ့စဉ်အိတ် (၁၅၀-၂၀၀) ခန့်အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA( မန္တလေး)

“ချင်း(ဂျင်း)သစ်များစတင်ဝင်ရောက်”

   အေးမြကြည်လင်ဈေးနှင့်မြို့မဈေးတို့တွင် ရှမ်းပြည်နယ်၊ကလော၊အောင်ပန်း၊ရွာငံတို့ဘက်မှ ဂျင်းသစ်များစတင်ဝင်ရောက်လျက်ရှိပါသည်။ဂျင်းကပူရုံ၊စပ်ရုံ၊ဟင်း၏အနံ့ရသာကို ပြည့်စုံရုံတင် မဟုတ်ဘဲ၊အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ သကြားဓာတ်၊သံဓာတ်စသည်ဖြင့်အာဟာရ ဓာတ်တွေေလည်းကြွယ်ဝကြောင်း၊ ဂျင်းစားသုံးခြင်းဖြင့် အစာကြေခြင်း၊ မအီအသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်းစသည့် ရောဂါများ သက်သာစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရှိကြောင်းကျန်းမာရေးစာဆောင်များမှသိရှိရပါသည်။ဂျင်းတက်(အဟောင်း)တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ဂျင်းတက်(အသစ်)တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ဂျင်းပေါက်(အနု) တစ်ပိဿာလျှင်(၇၀၀၀) ကျပ်၊ ဂျင်းပေါက်(အကြမ်း) တစ်ပိဿာလျှင် (၅၀၀၀)ကျပ် ရောင်းဝယ် လျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ကန့်ဘလူမြို့မဈေးရှိ သခွတ်ပွင့်ခြောက်နှင့် ကြောင်လျှာပွင့်ခြောက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”၌ ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးလျက်ရှိရာ၊ ယခုအခါတွင် ရာသီစာ သခွပ်ပွင့်ခြောက်နှင့် ကြောင်လျှာပွင့်ခြောက်များကို မြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာနှင့် နတ်အင်းကျေးရွာတို့မှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ရောင်းချနေသော ကြောင်လျှာပွင့်ခြောက် ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၉၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ကြောင်လျှာပွင့်ခြောက်များ အရောင်းသွက်လျက်ရှိကြောင်း၊ စက်တင်ဘာလ တတိယပတ်အတွင်း သခွတ်ပွင့်ခြောက်(၁)ပုံလျှင် (၁၀၀၀)ကျပ်နှင့် (၂)ပုံလျှင် (၁၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့မဈေးရှိ သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် လက်လုပ်ချဉ်များကို ကိုယ်တိုင်ပြုလုပ်ပြီး “မြို့မဈေး”တွင်ရောင်းချလျက်ရှိရာ သရက်သီးကုလားတည် ချဉ်နှင့် နှမ်းပတ်ချဉ်များလည်း အပါအဝင်ဖြစ်ကြောင်း၊  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် အတွင်း ကန့်ဘလူ“မြို့မဈေး”၌ သရက်သီးကုလားတည်ချဉ် လက္ကားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊  လက်လီတစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၁၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် စားသုံးသူများ၊ ဒံပေါက်ဆိုင်များမှ ဝယ်ယူလျက်ရှိကြောင်း၊ နှမ်းပတ်ချဉ်လက်လီ တစ်ထုပ်လျှင် (၅၀၀)ကျပ်၊ လက်ကားတစ်ထုပ်လျှင် (၄၅၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရသည်။   

DOCA(စစ်ကိုင်း)                

“မန်ကျည်းသီးဈေးနှုန်း”

    မြန်မာနိုင်ငံတွင် မန်ကျည်းပင်များ ပေါများလာသည်နှင့်အမျှ မန်ကျည်းသီး၊ မန်ကျည်းဖူး၊ မန်ကျည်းရွက်နုတွေကို လူတော်တော်များများ နှစ်သက်စွာစားသုံးကြကြောင်း၊ မြန်မာ့ရိုးရာ ဆေးနည်းမှာ မန်ကျည်းတစ်ပင်လုံးက ပစ်စရာမရှိအောင် အသုံးဝင်ကြောင်း၊ အိမ်ရှင်မများ ဟင်းချက် ရာတွင် ပုံစံမျိုးစုံဖြင့် အသုံးပြုကြကြောင်း၊ မန်ကျည်းသီးသည် အရသာထိမိရုံသာမက ကျန်းမာရေး ကောင်းကျိုးများလည်း များစွာရှိကြောင်း၊ မန်ကျည်းသီး စားသုံးခြင်းဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်း၊ သွေးဖိအားကို မျှတစေခြင်း၊ အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးခြင်း စသည့်ကျန်းမာရေးကောင်းကျိုးများစွာ ရရှိကြောင်း၊ မန်ကျည်းသီးမှည့် သီးသန့်ပဲဖြစ်ဖြစ်၊ ဟင်းအနှစ် အဖြစ်လည်း ချက်စားကြသလို မန်ကျည်းသီးစိမ်းကို ထောင်းပြီးငပိနှင့် ချက်စားခြင်းအပြင် ပုဇွန်ဆိတ်၊ ပုဇွန်ဆီ၊ ငါးပိကောင်များဖြင့်လည်း ချက်စားလေ့ ရှိကြောင်း၊ မန်ကျည်းသီး ဈေးနှုန်း အနေဖြင့် မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၂၀၀၀/-)ကျပ်၊ မန်ကျည်းသီးစိမ်း တစ်ဗူးလျှင် (၁၀၀၀/-)ကျပ်၊ မန်ကျည်းရွက် တစ်ဆယ်သားလျှင် (၁၅၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဖရုံစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

    ကျောက်ဆည်ခရိုင်အတွင်းတွင်  သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံဖြစ်သော ကျောက်ဖရုံသီးသီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည် ။ ကျောက်ဖရုံသီး မျိုးများမှာ အိုမီကာ(ထိုင်ဝမ်)မျိုးနှင့် ဗမာမျိုးများဖြစ်ပြီး အိုမီကာ(ထိုင်ဝမ်)မျိုးကိုသာ အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ကျောက်ဖရုံသီး စိုက်ပျိုးမည်ဆိုပါက (၁)ဧကလျှင်(၄-၅)ထုပ်စိုက်ပျိုးရကြောင်း ၊ မျိုးစေ့ (၁)ထုပ် ဈေးနှုန်းအနေဖြင့် အိုမီကာ(ထိုင်ဝမ်)မျိုး(၁)ထုတ်လျှင်(၂၀၀၀၀)ကျပ် ဗမာမျိုး(၁)ထုပ်လျှင် (၁၅၀၀၀) ကျပ်ရှိကြောင်း ၊ ကျောက်ဖရုံသီးကို ဘောင်ဖြင့်စိုက်ပျိုးရကြောင်း (၁)ပင်နှင့်(၁)ပင် (၅)တောင်ခန့် ဖွင့်၍(၁)ပေခွဲခန့်ခြား စိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသည့်ကျေးရွာများမှာ စဉ့်ကိုင်မြို့နယ် စဉ့်ကိုင်ကြီးကျေးရွာ၊ ပင်းချားကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာတို့ဖြစ်ကြကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀)ကျပ် ဝန်းကျင် ခန့်ကုန်ကြကြောင်း ၊ ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံးသီး အိုမီကာ (ထိုင်ဝမ်)တစ်လုံးလျှင် လက်ကားဈေး(၃၀၀၀/-)ကျပ်၊ လက်လီဈေး (၃၅၀၀/-)ကျပ်၊ ဗမာသီးတစ်လုံးလျှင် လက်ကားဈေး (၆၀၀၀/-)ကျပ်၊ လက်လီဈေး (၇၀၀၀/-)ကျပ်ဖြင့် ၊ အလုံးအကြီးအသေးပေါ်မူတည်၍ ဈေးနှုန်း ကွာခြားမှုလည်း ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀၀/-) ကျပ်ခန့်ရရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဖရုံသီးကို စိုက်ခင်းထဲထိ ပွဲစားများမှ လာရောက်ဝယ်ယူကြပြီး၊ ကျောက်ဖရုံစိုက် တောင်သူများမှလည်း ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာမြို့များနှင့် ကျောက်ဆည်ခရိုင် အတွင်းရှိ မြို့မဈေးများတွင်လည်း သွားရောက်ရောင်းချကြကြောင်း၊ အညာဒေသအလှူ၊ မင်္ဂလာဆောင်များတွင်လည်း ကျောက်ဖရုံသီးကို အသားဟင်းတစ်မျိုးမျိုးနှင့်ရော၍ ချက်ပြုတ် ကျွေးမွေးကြသောကြောင့် ကျောက်ဖရုံသီးနှံသည် ဈေးကွက်တွင် အရောင်းအဝယ်သွက်၍ တောင်သူ များအနေဖြင့် အကျိုးအမြတ်ရရှိသော သီးနှံဖြစ်သောကြောင့် ကျောက်ဖရုံသီး သီးနှံကို ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချသည့် နွားနို့၊ နွားနို့ခဲဈေးနှုန်း”

    ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ တံစိုးကျေးရွာတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ အပြင် မွေးမြူရေးထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် နွားနို့၊ နွားနို့ခဲတို့ကိုလည်း တစ်ပိုင်တစ်နိုင် ထုတ်လုပ် ရောင်းချပြီး၊ နွားနို့အရည်တိုင်း ၁ လီတာဆန့် ရေသန့်ဗူးများနှင့်ထည့်၍ ဈေးကွက်သို့ တင်ပို့ရောင်းချမှုအပြင် နွားနို့ခဲကိုလည်း ပြုလုပ်ရောင်းချကြကြောင်း၊ နွားနို့အား လီတာဆန့် ရေသန့်ဗူးများနှင့်ထည့်၍ဈေးကွက်သို့ တင်ပို့ရောင်းချမှုအပြင် နွားနို့ခဲများ ပြုလုပ်ရောင်းချကြကြောင်း၊ နွားနို့ခဲပြုလုပ်ရာ၌ ရိုးရာဓလေ့အတိုင်း ပြုလုပ်ပြီး ဓါတုဗေဒနည်း ဖြင့်ပြုလုပ်ခြင်း မဟုတ်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်မှုရှိကြောင်း၊ နွားနို့ခဲပြုလုပ်ပုံမှာ ဒေသတွင်း အလေ့ကျ ပေါက်ရောက်သည့် မရိုးစေးပင်ကို အဓိကထား အသုံးပြုရာ ဦးစွာနွားနို့ကျို ချက်မည့် အိုးကိုမရိုးစေးဖြင့် သုတ်လိမ်းပြီး နွားနို့ကိုမရိုးစေးရွက်ဖြင့် ရောကာအိုးအတွင်း ထည့်ကျို ချက်ကာ မရိုးစေးပင်အရိုးဖြင့် ပြစ်လာ သည်အထိ အဆက်မပြတ်မွှေပေးရကြောင်း၊ ၎င်းနောက် နွားနို့ရည်ပြစ်ခဲလာသည့်အခါ ခွက်ဖြင့်ထည့်၍ အအေးခံပြီးပါက နွားနို့ခဲရရှိကြောင်း၊ နွားနို့အရည် ၁လီတာအား ကြိုချက်ပြီး နွားနို့ခဲများပြုလုပ်ရာ (၁၀)ကျပ်သားခန့် ရရှိကြောင်း၊ဒေသတွင်း တစ်ပိုင်တစ်နိုင် အနေဖြင့် ထုတ်လုပ်သော နွားနို့ရည်၊ နွားနို့ခဲကို အေးမြကြည်လင်ဈေး၊ မြို့မဈေး များသို့ သွားရောက်ရောင်းချကြရာ နွားနို့ လီတာတစ်ဗူးလျှင်၂၀၀၀/- ကျပ်၊ နွားနို့ ၁၀ ကျပ်သားလျှင် (၂၀၀၀/-)ကျပ်၊နွားနို့ခဲ (၂၅)ကျပ်သား လျှင်(၃၀၀၀)ကျပ်တို့ဖြင့် ရောင်းချရကြောင်းသိရ သည်။

DOCA(မန္တလေး)

“မုန်လာဥဖြူဈေးနှုန်း အနည်းငယ်ကျဆင်း”

   ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ မုန်လာဥဖြူများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊ အောင်ပန်းမှ ဝင်ရောက်လျက်ရှိကြောင်း မုန်လာဥသီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း ၊ အေးသောဒေသနှင့် အပူပိုင်းဒေသတွင်လည်း စိုက်ပျိုးဖြစ်ထွန်းကြောင်း ပြင်ဦးလွင်၊ နောင်ချိုနယ် များတွင်လည်း စိုက်ပျိုးကြကြောင်း၊ မုန်လာဥဈေးနှုန်းအနေဖြင့် ယခင်လတွင် (၁၀)လုံးတစ်စည်း လျှင် လက်ကားဈေး  (၈၀၀/-) ကျပ်၊ လက်လီတစ်စည်းလျှင် (၁၀၀၀/-)ကျပ်၊ ယခုလတွင် (၁၀)လုံး တစ်စည်းလျှင် လက်ကားဈေး(၄၀၀/-)ကျပ်၊ လက်လီတစ်စည်းလျှင်(၆၀၀-၇၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်လျှင် မုန်လာဥဈေးနှုန်းအနည်းငယ်ကျဆင်းလျက် ရှိကြောင်း၊ ဟင်းသီးဟင်းရွက်များထဲမှ အဟာရဓာတ်အများဆုံးပါဝင်သော မုန်လာဥဖြူကို လူအများ နှစ်ကြိုက်စွာ စားသုံးလျက်ရှိကြောင်း၊ မုန်လာဥဖြူကို အချဉ်ရည်ဟင်း၊ ဟင်းချိုချက်၍လည်း စားသုံးကြကြောင်း၊   အတို့ အမြုပ်အဖြစ်လည်း  စားသုံးကြသလို မုန်လာဥကို အချဉ်တည်၍လည်း ပြန်လည်ရောင်းချလျက်ရှိကြောင်း၊ မုန်လာဥဖြူအား စားသုံးခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သော အရာတွေကို တိုက်ထုတ်ပေးခြင်း၊ အစာခြေစနစ်ကို ကျန်းမာစေနိုင်ခြင်း၊ ကိုယ်ခံအားကောင်းစေ ခြင်းနှင့် နှလုံးကိုကျန်းမာစေကြောင်း၊ အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် မုန်လာဥဖြူကို  နေ့စဉ် စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ 

DOCA(မန္တလေး)

“ပဲယင်းစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သော ကြောင့်သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် စျေးကွက်ဝယ်လိုအားရှိပြီး ကျွဲစာ၊ နွားစာပါဖူလုံသော ပဲယင်းသီးနှံကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ ပဲယင်းသည် ပူနွေတဲ့ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ပဲယင်းစိုက်ပျိုးချိန်သည် သြဂုတ်လနှင့်စက်တင်ဘာလတွင်စိုက်ပျိုးသည်။ စိုက်ပျိုးမှုအနေဖြင့်(၁)ဧကလျင်(၆-၈)ပြည်အထိ စိုက်ပျိုးပြီး ကြဲပတ်စနစ်ဖြင့် စိုက်ပျိုးပါက (၁၀-၁၂) ပြည်အထိစိုက်ပျိုးကြောင်း ၊ အချို့တောင်သူများသည် ကျွဲစာ ၊ နွားစာအတွက် မြေလွတ် ၊ မြေရိုင်း၊ လယ်ကန်သင်းများပေါ်တွင် ကြဲပတ်၍စိုက်ပျိုးကြောင်း၊ပဲယင်းကိုစိုက်ပျိုးပြီး(၃-၄)လအကြာတွင် ခူးဆွတ်ရိတ်သိမ်းကြောင်း၊ယခုအခါစျေးကွက်ထဲ၌ ပဲယင်း(၁)ပြည်လျင်(၅၅၀၀/-)ကျပ်စျေးနှုန်းများ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲမျိုးစုံရောင်းချသည့် စျေးသည်များထံမှသိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း