Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချနေသော ကွမ်းရွက် ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာတွင် ကွမ်းပင်များကို တစ်နိင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ်များတွင် စိုက်ပျိုးကြပြီး ကွမ်းပင်စိုက်ပျိုးသည့် အမျိုးအစားများမှာ ဧရာဝတီကွမ်း နှင့် ကွမ်းနုဝါမျိုးတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းပင်သည် စတင်စိုက်ပျိုးချိန်မှ(၃)လအကြာတွင် ကွမ်းရွက်များကိုအစမ်း စတင်ခူးဆွတ်ရပါသည်။ ယခုလို မိုးရာသီတွင် ဧရာဝတီကွမ်းပင်သည်(၁၀)ရက်လျှင်(၁)ကြိမ်ခူးဆွတ်ရပြီး ကွမ်းနုဝါ ကိုတော့(၇)ရက်လျှင် (၁)ကြိမ် ခူးဆွတ်ရပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ကွမ်းရွက် ဈေးနှုန်း အနေဖြင့် ကွမ်းဒိုင်သွင်းဈေး ကွမ်းနုဝါ တစ်ပိဿာလျှင်(၃၅၀၀)ကျပ် နှင့် ဧရာဝတီကွမ်းရွက် တစ်ပိဿာ လျှင်(၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် သွင်းရပြီး ကွမ်းဒိုင်မှ ရောင်းချသည့် ဈေးနှုန်းများမှာ ကွမ်းနုဝါ ကွမ်းရွက် တစ်ပိဿာလျှင်(၇၀၀၀)ကျပ်နှင့် ဧရာဝတီကွမ်း တစ်ပိဿာလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး ယခင်အပတ်ထက် ကွမ်းရွက်‌ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဆောင်းရာသီမှသာ ကွမ်းရွက်ဈေးကောင်းရရှိမည်ဖြစ်ကြောင်း ကွမ်းပင်စိုက်ပျိုးသည့် တောင်သူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကြောင်လျှာပွင့်ခြောက် ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံ များ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါ တွင် ရာသီစာ ကြောင်လျှာပွင့်ခြောက်များကို မိမိတို့ဒေသထွက်များကို ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ‌ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့်  ကြောင်လျှာပွင့်ခြောက်ဈေးနှုန်းမှာ ကြောင်လျှာပွင့်ခြောက် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၁၈၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကြောင်လျှာပွင့်ခြောက်သည် ဆေးဘက်ဝင်သောအပွင့်ခြောက်ဖြစ်ပြီး အရန် ဟင်းအဖြစ် အသုံးပြုလို့ရသလို အသုပ်စုံဆိုင်များမှလည်း အသုံးပြုသည့်အတွက် လူအများ ကြိုက်နှစ် သက်ကာ  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ကြက်သား ဈေးနှုန်း

     ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး နှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

     ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူ၍ မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုး  ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ စက်တင်ဘာလ ဒုတိယပတ် မွေးမြူရေးကြက်သား အကောင်လိုက် ဈေးနှုန်း တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ မွေးမြူရေးကြက် ရင်အုပ်သား တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊  ပေါင်သားသီးသန့် တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ် နှင့် ဗမာကြက်သား ဈေးနှုန်း တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ကြက်အမြစ်သီးသန့် တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုး တို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သားသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

လက်ဖက်အစားထိုး ကြက်တက်ရွက်ပြုတ် ဈေးနှုန်း

     ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ် ရောင်းချလျက်ရှိပါသည်။ ကြက်တက်ရွက်ကို မိုးဦးကျစတွင် စတင်ပေါက်ရောက်လေ့ရှိသော အရွက်တစ်မျိုးလည်း ဖြစ်ပါသည်။  ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လက်ဖက်အစားထိုးသရေစာတစ်မျိုးဖြစ်ပါသည်။

      ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ် ဈေးနှုန်းအနေဖြင့်  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျောက်ဖရုံယို နှင့် ချစ်တီးမုန့် ဈေးနှုန်း

     ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံ ယိုများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

        ၂၀၂ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုး စုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယို တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ချစ်တီးမုန့် ဈေးနှုန်းအနေဖြင့် ချစ်တီးမုန့် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ထက် ချစ်တီးမု့န်ဈေးနှုန်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့မှ ကျောက်စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း  နှင့် သပြေပန်း ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ) အငုတ်၊ အောင်သပြေအခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ် တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုးလည်းဖြစ်ပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကျောက် စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း ဈေးနှုန်းအနေဖြင့် ကျောက်စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း(၅)ခက်ပါ တစ်စီးလျှင် (၁၀၀၀)ကျပ်၊ (၁၀)စီးပါ တစ်ထုံးလျှင်(၈၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း သပြေပန်း ခက်တစ်စည်းလျှင်(၁၀၀)ကျပ်၊ သပြေပန်း အငုတ်ကြီး(၁)ငုတ်လျှင်(၃၀၀၀/၄၅၀၀)ကျပ်နှင့် သပြေပန်း အငုတ်သေး(၁)ငုတ်လျှင်(၁၅၀၀/၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းဖြစ်သည့်အတွက် ဈေးကောင်းရရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းရောင်းချသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ”

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ် တင်ပြလျက်ရှိရာ စက်တင်ဘာလ(၂၂)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေး အတွင်းသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

  ထိုသို့ စာရင်းကောက်ယူခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့ ဈေးတာဝန်ခံ ဦးထွန်းထွန်းနှင့် အခွန်ကောက်စာရေး ဦးသန့်ဇော်ဦး မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း အဖွဲ့ဖြင့် မြို့မဈေးအတွင်း အခြေခံစားသောက်ကုန်များရောင်းချသော ဒေါ်မြသီတာကျော် ကုန်စုံ ဆိုင်၊ ဒေါ်ရီရီသန်း ကုန်စုံဆိုင်၊ ဒေါ်မာမာစိုး ကုန်စုံဆိုင်၊ ဒေါ်ထက်ထက်ရှိုင်း ကုန်စုံဆိုင်များမှ မြေပဲဆီ (၁)ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ကြက်သွန်နီဆိုဒ်စုံ(၁)ပိဿာလျှင် (၁၅၀၀မှ၂၀၀၀)ကျပ် ထိ၊ ကြက်သွန်ဖြူရှမ်းစ(၁)ပိဿာလျှင်(၆၀၀၀မှ ၁၀၀၀၀)ကျပ်ထိ၊ ငရုပ်တောင့်ရှည် (၁)ပိဿာ လျှင်(၁၃၀၀၀မှ ၁၄၀၀၀)ကျပ်ထိ၊ မန်းကျီးသီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင်(၈၀၀)ကျပ်၊ ကုလားပဲခြမ်း(၁)ပိဿာလျှင် (၆၀၀၀မှ ၆၅၀၀)ကျပ်ထိ၊ သကြား (၁)ပိဿာလျှင်(၅၅၀၀မှ၆၀၀၀)ကျပ်ထိ အာလူး(၁)ပိဿာလျှင် (၆၀၀၀မှ ၇၀၀၀)ကျပ်ထိ အသီးသီးအရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် အခြေခံစားသောက်ကုန်ဈေး နှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့ ဒေသထွက် ဇရစ်ရိုး စျေးနှုန်း

   ဇရစ်ရိုးပင်များသည်ကျေးရွာများတွင် စိမ့်စမ်းရေမှ ဖြစ်ပေါ်လာသောစမ်းချောင်းငယ်များ၊ စိုစွတ် သောမြေများတွင် ဇရစ်ရိုးပင်များပေါများစွာပေါက်ရောက်ပါသည်။ ယခုအခါမိုးရာသီ ဇရစ်ရိုး များ ပေါ်ချိန်တွင် ဇရစ်ရိုးပင်မှ ဇရစ်ရိုးနုများကို ဒေသခံများကမိသားစုဝင်ငွေရရှိရေးအတွက် ခူး၍ ပြန်လည် ရောင်းချကြပါသည်။ ဇရစ်ရိုးပင်သည်ဆူးရှိသောအပင်ငယ်တစ်မျိုးဖြစ်ပြီး အရိုးတံနှင့်အရွက်ပါ (၂)မျိုး စလုံးစား၍ရသောအပင်ဖြစ်သည်။ မိုးရာသီတွင် ဇရစ်ရိုးပင်များ ပေါများစွာပေါက်ရောက်ပြီး ရောင်းအား ကောင်းလာပါသည်။ မိုးရာသီဖြစ်သည့် အတွက် ဇရစ်ရိုးများတစ်စည်းလျှင် (၄၀၀) ကျပ်ဖြင့် ရောင်းချ ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ကြက်ပေါင်သီးစျေးနှုန်းအခြေအနေ

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများရှိ တောတောင်များနှင့် ဥယျာဉ်ခြံများတွင် ကြက်ပေါင်သီး အပင်များမှာ သဘာ၀အလျောက် ပေါက်ရောက်ရှင်သန်လျက်ရှိရာ ရာသီပေါ်ချိန်ကာလတွင် ဒေသခံများက မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ကြက်ပေါင်သီးများ ဆွတ်ခူး ရောင်းချလျက်ရှိကြောင်း သိရသည်။

          ကြက်ပေါင်သီးများကို ဒေသခံများက သရေစာအဖြစ်လည်းကောင်း၊ ဟင်းလျာအဖြစ်လည်း ကောင်း၊ တို့စရာအဖြစ်လည်းကောင်း ပြုလုပ်စားသုံးကြကာ ဒေသကြက်ပေါင်သီး တစ်စည်းလျှင် (၃၀၀၀) ကျပ်အထိ ဈေးရရှိလျက်ရှိသည်။ ကြက်ပေါင်သီးများမှာ နွယ်ပင်မျိုးဖြစ်၍ ချဉ်သောအရသာ ရှိကာ စိုက်ပျိုးထားမှုမရှိဘဲ ဥယျာဉ်ခြံများရှိ သစ်ပင်များတွင် သဘာ၀အလျောက် တွယ်ကပ်ရှင်သန် လျက်ရှိရာ ဒေသခံဥယျာဉ်ခြံပိုင်ရှင်များက ပြုစုထိန်းသိမ်းစောင့်ရှောက်ထားကြပြီး ဆွတ်ခူးချိန်ရောက် လျှင် စနစ်တကျ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြကြောင်း သိရသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ယာကွန်ဥ စျေးနှုန်းအခြေအနေ

   ယာကွန်ဟာ နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး အဓိကအားဖြင့် အပင်ရဲ့ အမြစ်နဲ့ အရွက်အတွက် စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ယာကွန်အပင်ရဲ့ မြေပေါ် မြေအောက် အစိတ်အပိုင်းတွေဟာ စားသုံးနိုင်ပြီး ဆေးဖက်လည်းဝင်တာကြောင့် လူသိများတာ ဖြစ်ပါတယ်။ ယာကွန်ရဲ့ အမြစ် (ဥ) ဟာ အရည်ရွှမ်းပြီး အချိုဓာတ်ပါရှိတဲ့အတွက် ယာကွန်အရည်နဲ့ အမှုန့်တို့ကို အစားအစာအမျိုးမျိုး ထုတ်လုပ်ရာမှာ သကြား အစားထိုးအနေနဲ့လည်း အသုံးပြုကြပါသည်။

          ယာကွန်သည် တောင်ပေါ်ဒေသများဖြစ်သည့် ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်များတွင် ယာကွန်ကို အများဆုံးစိုက်ပျိုးကြပြီး ရေကန်စွန်းဥဟူ၍ ခေါ်ဆိုကြသော ယာကွန်ဥများကို တောင်ကြီး၊ ရန်ကုန်မှ တစ်ဆင့်ဝယ်ယူ၍ ထားဝယ်မြို့တွင် တစ်ကီလိုလျှင် ကျပ်(၉၀၀၀/၉၅၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း