
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် အုန်းပင်သည် အလွန်ပင်များပြား စွာပေါက်သော အပင်တစ်မျိုးဖြစ်သည်။ အုန်းပင်သည် မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ် ကမ်းရိုးတန်းဒေသများတွင် အများအပြားပေါက်လေ့ရှိသည်။ မြိတ်မြို့အတွင်းရှိ အုန်းသီးနုရည် များကို ဈေးကြီးများနှင့် လမ်းဘေးဈေးသည်များမှ ရောင်းချနေကြောင်း သိရှိရပါသည်။ အုန်းသီးနုရည်များကို စားသုံးသူများသောကြောင့် ဈေးကွက်ချဲ့ထွင်သူများလည်း အလွန်ပင် များပြားလာကြောင်း သိရှိရပါသည်။ အုန်းသီးနုရည်များကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီများ လည်း ပြုလုပ်ရောင်းချနေကြောင်းလည်း တွေ့ရှိရပါသည်။ အုန်းသီးနုရည်များသည် ပိုတက်စီ ယမ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အားအင်များကိုလည်း ပြန်လည်ဖြည့်တင်းပေးပါသည်။
ယခု၂၀၂၅ခုနှစ်၊ စက်တင်ဘာလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်း ချနေသော အုန်းသီးနုရည်ဈေးနှုန်းမှာ တစ်လုံးလျှင် (၂၅၀၀)ကျပ်ရှိကြောင်း အုန်းစိမ်းရည် ရောင်းချနေသူထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
