
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ကုန်စိမ်းဈေးကြီးနှင့် အခြားသော ဈေးများတွင် စိမ်းစားဥများကို အများအပြားရောင်းချနေကြောင်း တွေ့ရှိရပါသည်။ စိမ်းစားဥ သည် ချိုအေးသောအရသာရှိ၍ အရည်ရွမ်းပြီး စားလို့ကောင်းသော အသီးတစ်မျိုးလည်းဖြစ် သည်။ စိမ်းစားဥသည် လူကြီး/လူငယ်မရွေး ကြိုက်နှစ်သက်သော အသီးတစ်မျိုးဖြစ်ပြီး ရေ ဓာတ်ကြွယ်ဝ၍ လူတို့၏ကျန်းမာရေးကို အကျိုးပြုစေသည်။ သဘာဝအရစိမ်းစားဥသည် မြေကြီးထဲတွင်ဥဥလေ့ရှိသော အသီးဖြစ်သဖြင့် ကပ်ပါးပိုးမွှားများ အန္တရာယ်မှ ကင်းဝေး အောင် အခွံနွာရုံသာမက ရေစင်စင်ဆေးပြီးမှ စားသုံးသင့်သည်။ ယခုလိုဆောင်းဥတုတွင် ခန္ဓာကိုယ်တွင်း ကျန်းမာရေးကင်းဝေးအောင် ရေဓာတ်ကြွယ်ဝကာ အေးမြသော စိမ်းစားဥကို စားပေးသင့်ပါသည်။
ယခု၂၀၂၅ခုနှစ်၊ စက်တင်ဘာလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်း ချနေသော စိမ်းစားဥဈေးနှုန်းမှာ တစ်တွဲလျှင် (၂၀၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင် (၆၀၀၀) ကျပ် ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္ဿာရီ)
