
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် စက်သုံးဆီဆိုင်(ဆီပန့်)များမှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)၌ ရောင်းချသော အရောင်းဈေးနှုန်းများမှာ စက်သုံးဆီ တစ်လီတာလျှင် 92 Octance ကျပ်(၃၀၉၀)၊ 95 Octance ကျပ်(၃၁၅၀)၊ ရိုးရိုးဒီဇယ်ကျပ်(၂၇၅၀)၊ ပရီမီယမ် ဒီဇယ်ကျပ်(၃၃၄၅)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ (၂၉.၉.၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီ တစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance ကျပ်( ၃၀၄၀ )၊ 95 Octance ကျပ်( ၃၁၀၀ )၊ ရိုးရိုးဒီဇယ် ကျပ်( ၂၇၀၀)၊ ပရီမီယမ် ဒီဇယ် ကျပ်(၃၂၉၅)ဖြစ်ကြောင်းသိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့် နှိုင်းယှဉ် ပါက တစ်လီတာလျှင် 92 Octance ကျပ်(၂၅)၊ 95 Octance ကျပ်(၁၀)၊ ရိုးရိုးဒီဇယ် ကျပ်(၅)၊ ပရီမီယမ် ဒီဇယ် ကျပ်(၅) အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)
