Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော သစ်သီးဈေးနှုန်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီး၊ အခြားသော ဈေးများနှင့် သစ်သီးဆိုင်များတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရန်ကုန်မြို့ နှင့် ကော့သောင်း မြို့မှ အသီးသီးဝင်ရောက်လျက်ရှိသော သစ်သီးဝလံများရှိကြောင်း သိရှိရပါသည်။

   ယခု၂၀၂၅ခုနှစ် စက်တင်ဘာလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချ နေသော သစ်သီးဈေးနှုန်းမှာ စပျစ်သီးစိမ်း ၁ကီလိုလျှင် (၂၄၀၀၀)ကျပ်၊ အစေ့လွတ်စပျစ်ညို ၁ကီလိုလျှင် (၂၀၀၀၀)ကျပ်၊ မက်မွန်းသီး ၁ကီလိုလျှင် (၁၂၀၀၀)ကျပ်၊ ထောပတ်သီး ၁ကီလို လျှင်(၆၀၀၀)ကျပ်၊ ရွှေလိမ္မော် ၁ကီလိုလျှင် (၁၂၀၀၀)ကျပ်၊ ရင်ဂန်းချိုသီး ၁ကီလိုလျှင် (၁၂၀၀၀)ကျပ်၊ ပန်းချယ်ရီသီး ၁ကီလိုလျှင် (၁၆၀၀၀)ကျပ်နှင့် မော်လမြိုင်ကျွဲကောသီး တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ သလဲသီးနီကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်၊ တယ်သီးတစ်လုံးလျှင် (၁၇၀၀)ကျပ်၊ မာလကာသီးတစ်လုံးလျှင် (၁၂၀၀)ကျပ်နှင့် ရှောက်သီးတစ်လုံးလျှင် (၃၀၀၀) ကျပ်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)