Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်း

           မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အသား၊ ငါးများ၊ အသီးအရွက်များအပြင် ဖိုလ်ဝင်းတောင် ဒေသထွက် မျှစ်စိမ်းနှင့် မျှစ်ပြုတ်များလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် မျှစ်စိမ်း (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ မျှစ်ပြုတ် (၅၀)ကျပ်သား လျှင်(၃၂၀၀)ကျပ်၊  တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း)   

ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်သည့် မြေပဲတောင့်၊ မြေပဲလုံးဆံဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချပြီး မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း သိရသည်။

        ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းရှိ စိုက်ပျိုသူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိရာ နိုဝင်ဘာလ ပထမပတ်အတွင်း မြေပဲလုံးဆံ တစ်ပိဿာလျှင် (၇၀၅၀)ကျပ်နှင့် (၂၅)ပိဿာတစ်အိတ်လျှင် (၁၇၆၂၅၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အောက်တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မြေပဲလုံးဆံ တစ်တင်းလျှင် (၁၆၂၅၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပဲမျိုးစုံဈေးကွက်၌ မတ်ပဲဈေးနှုန်း ဆက်လက်မြင့်တက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် မတ်ပဲသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၇၉၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၈၆၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အောက်တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလအတွင်း မတ်ပဲရိုးရိုး တစ်တင်းလျှင် (၆၀၀၀)ကျပ်နှင့် မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ဈေးဟောင်းရှိ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင်  အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်နှင့်အိုးမုန်ညှင်းရွက်ကို ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျှက်ရှိပြီး မုံရွာမြို့၊ ဈေးဟောင်းရှိ ကုန်စိမ်းစျေးများတွင်ပြန်လည်ရောင်းချကြပါသည်။ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်တို့သည် အသားနှင့်တွဲဖက်၍ဖြစ်စေ၊  ငပိရည်နှင့် တို့စာရာ အဖြစ် တွဲဖက်၍လည်း စားသုံးလေ့ရှိပြီး ဟင်းသီးဟင်းရွက်များထဲမှ စျေးကောင်း ရရှိသော အသီးအနှံများ ဖြစ်ကြပါသည်။

          နိုဝင်ဘာလ ပထမပတ်တွင် ဈေးဟောင်းတွင် ဖြစ်ပေါ်နေသော ဆလပ်ရွက် ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၄၀၀)ကျပ်ထိ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)        

မုံရွာမြို့၊ ဈေးဟောင်းရှိ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင်  အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်နှင့်အိုးမုန်ညှင်းရွက်ကို ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျှက်ရှိပြီး မုံရွာမြို့၊ ဈေးဟောင်းရှိ ကုန်စိမ်းစျေးများတွင်ပြန်လည်ရောင်းချကြပါသည်။ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်တို့သည် အသားနှင့်တွဲဖက်၍ဖြစ်စေ၊  ငပိရည်နှင့် တို့စာရာ အဖြစ် တွဲဖက်၍လည်း စားသုံးလေ့ရှိပြီး ဟင်းသီးဟင်းရွက်များထဲမှ စျေးကောင်း ရရှိသော အသီးအနှံများ ဖြစ်ကြပါသည်။

          နိုဝင်ဘာလ ပထမပတ်တွင် ဈေးဟောင်းတွင် ဖြစ်ပေါ်နေသော ဆလပ်ရွက် ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၄၀၀)ကျပ်ထိ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)        

ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း ဈေးနှုန်းအနည်းငယ်ကျဆင်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့်  အစေ့ထုတ်ပြောင်း ကိုကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် C.P.808နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၃၅၀၀) ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၃၃၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အောက်တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလအတွင်းအစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၅၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးဟောင်းတွင် ရောင်းချနေသော ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဈေးဟောင်းရှိ ဟင်းသီးဟင်းရွက်တန်းတွင် ရာသီပေါ် ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်များ  ရောင်းချလျက်ရှိကြောင်း သိရ သည်။ မြင်းခွာရွက်သည်  နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပါသည်။ ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင် မြင်းခွာရွက်များကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုတ်၍ စားသောက်ကြသလို ပြုတ်ပြီး ငပိရည်နှင့်တွဲဖက်၍လည်း အတို့မြှုပ် အဖြစ် စားသောက်ကြကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ဈေးဟောင်း၌  ငရံ့ပတူရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၆၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် မြင်းခွာရွက် (၁)ပုံ လျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရ ပါသည်။

 DOCA (စစ်ကိုင်း)        

သံလမ်းဈေးတွင် ရောင်းချနေသော ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း

       မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။ ဂေါ်ရခါးပင်သည် နွယ်ပင်ဖြစ်သောကြောင့် အညွန့်များကို လည်း စားသုံးနိုင်ကြပါသည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော်လှော် စားသုံးနိုင်ပြီး၊  အသီး ကိုလည်း ဟင်းချိုချက်၍လည်းကောင်း၊ ကြက်ဥနှင့် ကြော်၍လည်းကောင်း၊ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်သည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၃၀၀)ကျပ်မှ (၄၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

 DOCA (စစ်ကိုင်း)        

မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျှောက်ရှိ ဂျပန်ပျားလိမ္မော်သီးနှင့် မင်းကွက်သီးဈေးနှုန်း    

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ရှမ်းပြည်နယ်မှ ဝင်ရောက် သည့် ဂျပန်ပျားလိမ္မော်သီးနှင့် မော်လမြိုင်ဒေသထွက် မင်းကွက်သီးများ ရောင်းချလျက်ရှိပါ သည်။

          ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊  ကျောက္ကာလမ်းဘေး တစ်လျှောက်ရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ မင်းကွက်သီးအသေး (၁) လုံးလျှင် (၅၀၀) ကျပ်၊ မင်းကွက်သီးအလတ် (၁)လုံးလျှင် (၈၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၆၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

 DOCA (စစ်ကိုင်း)        

ကန့်ဘလူမြို့နယ်ပဲဈေးကွက်ရှိ ကုလားပဲမျိုးစုံဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံများကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

        ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ် တစ်တင်း လျှင် (၆၇၈၀၀)ကျပ်၊ (929)တစ်တင်းလျှင် (၇၇၀၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၇၁၇၀၀) ကျပ်နှင့် (V7)တစ်တင်းလျှင် (၇၁၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အောက်တို ဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကုလားပဲထိုင်ဝမ်တစ်တင်းလျှင် (၁၇၀၀) ကျပ်၊ (V2)တစ်တင်းလျှင် (၁၈၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၁၈၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး၊ (929)တစ်တင်းလျှင် (၄၅၀၀)ကျပ်မြင့်တက်လျက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့်ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်း သီးနှံပွဲရုံများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း