Main menu

၂၀၂၅ခုနှစ်၊နိုဝင်ဘာပထမပတ်၌ရောင်းချနေသော မြင်းခြံမြို့နယ်၏စားသုံးဆီဈေးနှုန်းများ

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစားကုန်ဈေးနှုန်းများကိုလည်း အပတ်စဉ်တင်ပြလျက်ရှိကြောင်း ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်၌ မြင်းခြံမြို့စားသုံးဆီလက်လီလက်ကား အရောင်းဆိုင်များ၌ ရောင်းချနေသော စားအုန်းဆီလက်လီတစ်ပိဿာလျှင် (၇၅၇၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၇၃၂၅) ကျပ်၊ သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချလျက်ရှိ‌ကြောင်း၊  မြေပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်‌ရောင်းချကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုနိုဝင်ဘာလပထမပတ်အတွင်း စားအုန်းဆီဈေးနှင့် မြေပဲဆီ၊နှမ်းဆီ ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိကြောင်း စားသုံးဆီလက်လီ၊ လက်ကား အရောင်းဆိုင်များမှ သိရှိရသည်။

DOCA (မန္တလေး)