မြင်းခြံမြို့နယ်၏ အောက်တိုဘာလတတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၇-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၂၀)ကျပ်၊ 95 Octance(၂၉၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၅၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၁၅)ကျပ် ဖြစ် ကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၂၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၈၀)ကျပ်၊ 95 Octance(၂၉၆၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၃၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေး များသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၂၀)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၀)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၅၀) ကျပ်တို့ဖြင့် အသီးသီးဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)






