Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ပုဇွန်ထုတ်ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာမှပုဇွန်ထုတ်များကို  ဧရာဝတီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  တစ်ဆင့်ဝယ်ယူရောင်းချကာ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် စားဖွယ်စုံရောင်းချသည့် ဆိုင်မျာမှဝယ်ယူအသုံးပြုနေသည့် အတွက် ဈေးကောင်းရရှိနေကြောင်း သိရသည်။

    ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ပထမပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများ အနေဖြင့် လက္ကား ဈေး()ပိဿာလျှင်(၅၈၀၀၀)ကျပ်၊ လက်လီဈေး ()ပိဿာ လျှင် (၆၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၃၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင် အပတ်ထက် ပုဇွန်ထုတ်ဈေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

 

ပုသိမ်မြို့သီဟိုစေ့ ဈေးကွက်

    ဧရာဝတီတိုင်းမှာ သီဟိုဠ်စေ့တွေကို ဧကသိန်းချီ စိုက်ပျိုးထုတ်လုပ်ကြပြီး မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ လပွတ္တာခရိုင်၊ ပုသိမ်ခရိုင်တွေထဲက ပင်လယ်ကမ်းစပ်ဒေသတွေမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတောင်သူတွေ အများဆုံး စိုက်ပျိုးကြပါတယ်။ သီဟိုဠ်ကို နွေကာလမှာ အဓိကထား လုပ်ကိုင်ကြပြီး စိုက်ပျိုးထုတ်လုပ်လို့ ဖြစ်ထွန်းအောင်မြင်တဲ့ သီးနှံဖြစ်ပါတယ်။ သီဟိုဠ်စေ့ကို ကလေး လူကြီးမရွေး ကြိုက်နှစ်သက်ကြပါတယ်။ သီဟိုဠ်စေ့မှာ အာဟာရဓါတ်ပြည့်ဝတဲ့အပြင် ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ပိုတက်စီယမ်နဲ့ ဇင့်အပါအဝင် သတ္တုဓာတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ ဗီလာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အီး ၊ ဗီတာမင်ဘီ6 နှင့် အဟာရ များစွာပါဝင်တဲ့အပြင် သင့်တင်စွာစားသုံးလျှင် အကျိုးပြုကိုလက်စထရောတွေကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ကြောင်း သိရပါသည်။

      သီဟိုဠ်စေ့ဈေးမှာ တစ်ပိဿာလျှင် (၃၇၀၀၀/-၃၈၀၀၀/-)အထိရှိပြီး အစေ့အရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း သီဟိုဠ်စေ့ စိုက်ပျိုး ရောင်းချသူတစ်ဦးထံမှ သိရပါတယ်။  ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံကထွက်ရှိတဲ့ သီဟိုဠ်စေ့တွေကို အရင်က တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မလေးရှား၊ အာဖရိက၊ ဂျပန်နှင့် အိန္ဒိယ စတဲ့ နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

 

 

 

မိုးဦးကာလ ကန်ကြီးထောင့်မြို့ သံပုရာသီးဈေးနှုန်း

     သံပုရာသီးကိုနွေသီးနှင့် မိုးသီးဟူ၍ (၂)မျိုးရှိပြီးနွေရာသီတွင် သီးသောအသီးမှာအထွက်နည်း၍ တန်ဖိုးလည်းကြီးပါသည်။ယခုအချိန်ဖြစ်သောမိုးရာသီကာလတွင် သံပုရာသီများလှိုင်လှိုင်ထွက်ပေါ်လာချိန်ဖြစ်၍ တစ်ပင်လျှင်အလုံးရေ(၅၀၀)ခန့်အသီးနှုန်းအားကောင်းလာပါသည်။ထို့ကြောင့် သံပုရာသီးကို နွေသီးနှင့် မိုးသီးဈေးနှုန်းနှိုင်းယှဉ်လျှင် ဈေးကွာခြားချက်များရှိ၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများအနေဖြင့်လည်း အပိုဝင်ငွေများ ရရှိလာမည်ဖြစ်ပါသည်။

    သံပုရာသီးဈေးမှာလည်း ကျဆင်းလာခဲ့၍ ရောင်းချသောဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင် (၁၀၀) ကျပ်နှင့် အသေးတစ်လုံးလျှင် (၅၀) ကျပ်ဖြင့်ဈေးကွက်များတွင် ရောင်းချလျက်ရှိပါသည်။ကန်ကြီးထောင့်မြို့၊မြို့မဈေးသစ်ဈေးကွက်တွင် ရောင်းချနေသောသံပုရာသီးများမှာလည်း ကန်ကြီးထောင့်ဒေသအတွင်း ထွက်ရှိသောသံပုရာသီးများဖြစ်ပြီး ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

(Doca ဧရာဝတီ)

     

ပုသိမ်မြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ကွမ်းသီးအစိမ်းအလုံးရေ အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

    ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း၌ ကွမ်းသီးအစိမ်းအလုံးရေ (၅၈၀၀၀၀)အထိ တင်ပို့နိုင်ခဲ့သော်လည်း ဇူလိုင်လ အတွင်း ကွမ်းသီး အစိမ်း အလုံးရေ (၈၅၀၀၀၀) အထိ တင်ပို့နိုင်ခဲ့ကြောင်း ကွမ်းသီးရောင်းဝယ်ရေး ပွဲရုံပိုင် ရှင် များထံမှ သိရှိရပါတယ်။ ၊ ပုသိမ်မြို့ဒေသထွက်ကွမ်းသီးအစိမ်းအများအပြားကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချနေရပြီး ကွမ်းသီးအစိမ်း အလုံးရေ(၁၀၀) လျှင် ငွေကျပ်(၁၃၀၀၀) အထိ ပေါက်ဈေး ရှိနေကြောင်း သိရှိရပါတယ်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်တွင် ဒေသထွက်ခဝဲသီးများ အရောင်းအဝယ်သွက်နေ

     ယခုအချိန်သည် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်တွင် ဒေသထွက် သီးနှံ နှင့် ကုန်စိမ်း များဖြစ်ထွန်းသည့် ရာသီဖြစ်သည့်အလျောက် ဇူလိုင်လအတွင်း၌တစ်ရက်လျှက် ဒေသထွက် ခဝဲသီးတောင့် (၄၀၀၀၀) မှ (၄၅၀၀၀) အထိ ဝယ်ယူမှုအားကောင်းလာကြောင်း ကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံမှသိရှိရပါတယ်။ ပုသိမ်မြို့ဒေသထွက် ခဝဲသီးများသည် အရည်အသွေးကောင်းပြီး သန့်ရှင်းလတ်ဆက်သည့်အတွက် ဒေသအတွင်း သာမက ရန်ကုန်ဈေးကွက်များအထိ အဝယ် လိုက်နေခြင်းဖြစ်ပြီး ခဝဲသီးတောင့်  (၁၀၀) လျှင် ငွေကျပ်(၂၅၀၀၀) အထိ  ပေါက်ဈေးရှိနေကြောင်း သိရှိရပါ တယ်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့ မှ ကြက်ဟင်းခါးသီးများအရောင်းအဝယ်သွက်နေ

   ယခုအချိန်သည် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်တွင် ဒေသထွက် သီးနှံနှင့် ကုန်စိမ်းများဖြစ်ထွန်းသည့် ရာသီဖြစ်သည့်အလျောက် မတ်လအတွင်း၌တစ်ရက်လျှင် ဒေသထွက် ကြက်ဟင်း ခါးသီး (၄၅၀၀၀) မှ (၅၅၀၀၀) အထိ ဝယ်ယူမှုအားကောင်းလာကြောင်း ကုန်စိမ်း ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံမှသိရှိရပါတယ်။ ပုသိမ်ဒေသထွက် ကြက်ဟင်းခါးသီးများသည် အရည်အသွေး ကောင်းပြီး သန့်ရှင်းလတ်ဆက်သည့်အတွက် ဒေသအတွင်းသာမက ရန်ကုန်ဈေးကွက်များ အထိ အဝယ်လိုက် နေခြင်းဖြစ်ပြီး ကြက်ဟင်းခါးသီး အလုံးရေ(၁၀၀)လျှင် ငွေကျပ်(၁၉၅၀၀)အထိပေါက် ဈေးရှိနေကြောင်း သိရှိရပါ တယ်။

DOCA (ဧရာဝတီ)

ဩဂုတ်လ (တောင်သူ၊ စက်ပိုင်၊ ကုန်သည်) စပါး/ဆန် သိုလှောင်ထားရှိမှု အခြေအနေများ

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထားရှိသူများ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူလုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး မအူပင်မြို့နယ်အနေဖြင့် ၃၆လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး ဖြစ်ပါသည်။

  မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာလုပ်ငန်းများတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင်ကွင်ဆင်းအမှန်တကယ် သိုလှောင်မှုအခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ မအူပင်မြို့နယ် ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၁၅၄၈၉၅၄။ စက်ပိုင် စပါးတင်း ၁၈၈၅၀၀၊ ကုနသည် စပါးတင်း ၂၀၇၃၀၀ စုစုပေါင်း စပါးတင်း ၁၉၄၄၇၄၅ နှင့်၊ ဆန်လက်ကျန် တောင်သူ အိတ် ၈၀၀၊ ကုန်သည် ဆန်အိတ် ၄၄၀၀၊ စုစုပေါင်း ၅၂၀၀အိတ်ရှိကြောင်း မြို့နယ်ကွင်းဆင်းစစ်ဆေးခြင်းစာရင်းများအရ သိရသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်း သံပုရာသီးဈေးနှုန်း အနည်းငယ်ကျဆင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ယခုလက်ရှိစိုက်ပျိုးထုတ်လုပ်မှု များပြား လာသည့် မိုးရာသီသီးနှံများထဲမှ သံပုရာသီး၏ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေးသမားများထံမှ ဈေးကွက်သို့ ပို့ဆောင်လာမှု ပိုမိုများပြားလာခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်ဟု ဈေးကွက်လုပ်ငန်းရှင်များက ဆိုသည်။ သံပုရာသီးသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိပြီး သွေးတိုးရောဂါ၊ ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း၊ ကျောက်ကပ် ကျောက်တည် ခြင်းမှ ကာကွယ်ပေးခြင်း အပါအဝင် မောပန်းနွမ်းနယ်မှုကို ပြေလျော့စေသော ဂုဏ်သတ္တိများ ရှိသဖြင့် နေ့စဉ်စားသုံးသင့်သော သီးနှံတစ်မျိုးလည်း ဖြစ်သည်။

          လက်ရှိဈေးကွက်အခြေအနေအရ ပုသိမ်မြို့နယ်အတွင်းရှိ သီးနှံကုန်စိမ်းဒိုင်များတွင် သံပုရာသီး (၁)လုံးကို လက်ကားဈေး ကျပ် (၅၀) မှ (၆၀) အထိ အနည်းငယ်ကျဆင်းကာ ရောင်းချနေကြောင်း သိရပြီး၊ မြို့နယ်အတွင်းရှိ ဈေးကြီးများနှင့် ဈေးကွက်များတွင် လက်လီဈေးနှုန်းအနေဖြင့် ကျပ် (၇၅) မှ (၈၀) ကြား ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ယခုကဲ့သို့ ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာခြင်း သည် စားသုံးသူများအတွက် ကုန်စုံဈေးထက် သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်လာစေကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့၏ ပုစွန်ခြောက်ဈေးကွက် အခြေအနေ

     ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အတွင်းရှိ ဈေးကြီးများနှင့် ကုန်စည်ဒိုင်များတွင် ပုစွန်ခြောက်များ ပုံမှန်ရောင်းချလျက်ရှိပြီး ဒေသတွင်းထွက်နှင့် ရခိုင်ဘက်မှ တင်ပို့လာသော ပုစွန်ခြောက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုသိမ်မြို့သည် ပုစွန်ခြောက်ထုတ်လုပ်ရာ ဒေသအဖြစ် ထင်ရှားပြီး ဒေသတွင်းထွက် ပုစွန်ခြောက်များမှာ အရည်အသွေးကောင်းမွန်သည်ဟု နာမည်ကြီးသည်။ ပုစွန်ခြောက်သည် ရာသီမရွေး ပုံမှန်အရောင်းအဝယ်ဖြစ်သော ကုန်ခြောက် ပစ္စည်းတစ်မျိုးလည်းဖြစ်သည်။

    ၂၀၂၅ ခုနှစ် စက်တင်ဘာလကုန်ပိုင်းအတွင်း ပုသိမ်မြို့ဈေးကွက်တွင် ပုစွန်ခြောက် အကောင်ကြီးစား တစ်ပိဿာလျှင် ကျပ် ၁၅၅,၀၀၀ မှ ၁၆၀,၀၀၀ အထိ၊ အလတ်စား တစ်ပိဿာလျှင် ကျပ် ၁၂၅,၀၀၀ မှ ၁၃၀,၀၀၀ အထိ၊ အသေးစား တစ်ပိဿာလျှင် ကျပ် ၁၁၀,၀၀၀ မှ ၁၂၀,၀၀၀ အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုစွန်ခြောက်အသေးအမှုန့် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၉၅,၀၀၀ မှ ၁၀၀,၀၀၀ အထိ ရောင်းချလျက်ရှိပြီး ဟင်းခတ် အမွှေးအကြိုင်အဖြစ် နေ့စဉ်အသုံးပြုမှုများကြောင့် ဝယ်လိုအားကောင်းမွန်လျက်ရှိကြောင်း သိရသည်။

     ပုသိမ်မြို့ ကုန်စည်ဒိုင်တစ်ခုမှ ကုန်သည်တစ်ဦးက "ပုသိမ်ထွက် ပုစွန်ခြောက်တွေဟာ အရည်အသွေးကောင်းတဲ့အတွက် ပြည်တွင်းဈေးကွက်မှာရော နိုင်ငံတကာတင်ပို့မှုမှာပါ ဝယ်လိုအား မြင့်မားပါတယ်။ ယခုလအတွင်း ပုစွန်ခြောက်ဈေးနှုန်းများ တည်ငြိမ်မှုရှိပြီး ပုံမှန်အရောင်းအဝယ် ဖြစ်နေပါတယ်" ဟု ပြောကြားသည်။ ပုသိမ်မြို့မှ ပုစွန်ခြောက်များကို ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများသို့လည်းကောင်း၊ နိုင်ငံတကာဈေးကွက်များသို့လည်းကောင်း တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ်အတွင်း ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်း ဩဂုတ်လ စတုတ္ထပတ်ကာလအတွင်း ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ဒေသခံငါးကုန်သည်များထံမှ သိရသည်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း မအူပင်မြို့နယ်ဈေးကွက်တွင် ပုဇွန်ထုပ် တစ်ပိဿာလျှင် ကျပ် ၆၃,၀၀၀ မှ ၆၅,၀၀၀ အထိ၊ ၅၀ ကျပ်သားလျှင် ကျပ် ၃၁,၅၀၀ မှ ၃၂,၅၀၀ အထိ ရောင်းချလျက်ရှိပြီး ပုဇွန်ဆိတ် တစ်ပိဿာလျှင် ကျပ် ၂၃,၀၀၀ မှ ၂၅,၀၀၀ အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ပုဇွန်ထုပ် ၁၀ ကျပ်သားလျှင် ကျပ် ၆,၃၀၀ မှ ၆,၅၀၀ အထိ၊ ပုဇွန်ဆိတ် ၅၀ ကျပ်သားလျှင် ကျပ် ၁၁,၅၀၀ မှ ၁၂,၅၀၀ အထိ ရှိပြီး ၁၀ ကျပ်သားလျှင် ကျပ် ၂,၃၀၀ မှ ၂,၅၀၀ အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။ မအူပင်မြို့နယ်အတွင်းရှိ ပုဇွန်ထုပ်များကို ရန်ကုန်မြို့မှ မှာယူရောင်းချလျက်ရှိပြီး ပုဇွန်ဆိတ်များကို ဒေသခံငါးဖမ်းသမားများထံမှ တိုက်ရိုက် ဝယ်ယူ ရောင်းချလျက်ရှိကြောင်း သိရသည်။

          မအူပင်မြို့နယ် ငါးကုန်သည်တစ်ဦးက "ယခုလအတွင်း ပုဇွန်ဈေးနှုန်းများ တည်ငြိမ် နေပါတယ်။ မိုးရာသီဖြစ်တာကြောင့် ပုဇွန်ထုတ်လုပ်မှု အနည်းငယ်လျော့နည်းသော်လည်း ဝယ်လိုအားလည်း ပုံမှန်အတိုင်းရှိနေတာကြောင့် ဈေးနှုန်းများ မြင့်တက်မလာဘဲ တည်ငြိမ် နေခြင်းဖြစ်ပါတယ်" ဟု ရှင်းပြသည်။ မအူပင်မြို့နယ်အတွင်းရှိ ဈေးများတွင် ပုဇွန်အရောင်း အဝယ်သည် ပုံမှန်ဖြစ်လျက်ရှိပြီး ဒေသခံများနှင့် စားသောက်ဆိုင်များမှ နေ့စဉ်ဝယ်ယူလျက် ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း