Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ရှိ ကြက်ဥစျေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုး ကြသည့်အပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်ကြပြီး ဥစားကြက်၊ အသားတိုးကြက် မွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

    ထားဝယ်မြို့၏ နိုဝင်ဘာလ ပထမအပတ်အတွင်း ဖြစ်ပေါ်နေသော စျေးနှုန်းများမှာ ကြက်ဥအကြီး တစ်လုံးလျှင် (၄၅၀ ကျပ်မှ ၅၀၀(နှင့် ဥငယ်တစ်လုံးလျှင် (၃၅၀ ကျပ်မှ ၄၀၀)ကျပ်ထိ ရရှိကြောင်း ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ ကြက်ဥ အရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

သံလမ်းဈေးတွင် ရောင်းချနေသော ရှောက်ချိုသီးနှင့် သလဲသီးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် ‌ရှောက်ချိုသီးနှင့် သလဲသီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရှောက်ချိုသီးများကို ကျောက်မဲနှင့် သီပေါနယ်များမှ ဝင်ရောက်လျက်ရှိပြီး သလဲသီးများကို မုံရွာမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့်ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက် ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  ရှောက်ချိုသီးဈေးနှုန်းများမှာ ရှောက်ချိုသီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၉၀၀)ကျပ်ဖြင့် လည်းကောင်း၊ သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး(၁)လုံးလျှင် (၁၂၀၀) ကျပ်၊ အသေး (၁)လုံး လျှင်(၆၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

ထားဝယ်မြို့တွင်ရောင်းချလျက်ရှိသော ဘိလပ်မြေ စျေးနှုန်း/စျေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းအနည်းငယ် ကျ ဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ၅၀ ကီလိုပါ ဘိလပ်မြေ တစ်အိတ်လျှင် (၂၆၅၀၀/-)ကျပ် ဖြင့် ရောင်းချခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင်   ၅၀ ကီလိုပါ ဘိလပ်မြေ တစ်အိတ်လျှင် (၂၅၅၀၀/-)ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ထားဝယ်မြို့ရှိ ပြည့်ဝအိမ်ဆောက်ပစ္စည်းလက်လီ/လက်ကား ရောင်းဝယ်ရေးဆိုင်မှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူခရိုင်တွင် ဆီထွက်သီးနှံ နှမ်းနက်၊ နှမ်းဖြူဈေးနှုန်းမြင့်တက်

        ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုးကြောင်း၊ နှမ်းသီးနှံကို ဒေသတွင်း၌ဆီကြိတ်သော်လည်း ပိုလျှံသောသီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ အဓိကတင်ပို့ကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၂၈၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၆၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခင် အောက်တိုဘာလ၏ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း နှမ်းနက်တစ်တင်းလျှင်(၃၀၀၀) ကျပ်ဈေးနှုန်းကျဆင်းပြီး၊ နှမ်းဖြူတစ်တင်းလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ဒေသ တွင်းသီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့တွင်ရောင်းချလျက်ရှိသော သံပုရာသီးနှင့်ရှောက်သီး စျေးနှုန်း/စျေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားပျံကျဈေးတွင် သံပုရာသီးနှင့် ရှောက်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သံပုရာသီးနှင့် ရှောက်သီးများကို ဒေသတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးကြပြီး သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက် လျက်ရှိကြောင်း သိရှိရပါသည်။ သံပုရာသီးနှင့် ရှောက်သီးသည် ဗီတာမင်စီဓာတ် အလွန်ကြွယ်ဝသည့် အသီးဖြစ်သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ခြင်း၊ အရေပြားကို ကျန်းမာစေခြင်း၊ အစာကြေရင်ချောင်စေခြင်းနှင့် ခံတွင်းအနံ့ဆိုးကို လျှော့ချပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးကို ရရှိပါသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ဖြစ်ပေါ်နေသော သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်းမှာ သံပုရာသီး အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံး လျှင် (၃၀ဝိ/-) ကျပ်မှ (၅၀၀ိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ရှောက်သီး(အသေး) (၁)လုံးလျှင် (၅၀၀ိ/-)ကျပ်နှင့် ရှောက်သီး(အကြီး) (၁)လုံးလျှင် (၉၀၀ိ/-)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့  မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင် ရောင်းချနေသော ကန်စွန်းဥဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ကန်စွန်းဥသည် သဲနုန်းမြေနှင့်မြေပွများတွင် ကောင်းစွာ ဖြစ်ထွန်းပါသည်။ ကန်စွန်းဥကို မီးဖုတ်၍သော် လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း၊ အုံးနို့သာကူ၊ ပူတင်းတို့တွင်ထည့်၍ လည်းကောင်း သရေစာအဖြစ်ပြုလုပ်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင် ရောင်းချနေသော ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၃၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ကြောင်း ကန်စွန်းဥ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ထောပတ်ပဲဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံများသို့ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၃၁၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၁၃၁၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ၊ ယခင် အောက်တိုဘာလ၏  ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း၊ ထောပတ်ပဲသီးနှံကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

         ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း သော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီး များအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်နှင့် ကျောက်ဖရုံသီးပင်သည်အိမ်တိုင်းနီးပါစိုက်ပျိုးလေ့ရှိရာစိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံ ဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

           ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီးတစ်လုံးလျှင် (၁၀၀၀-၁၅၀၀-၂၇၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ကျောက်ဖရုံသီး အကြီးတစ်လုံးလျှင် (၄၂၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၅၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအား ကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA (စစ်ကိုင်း)   

တောင်ငူမြို့နယ်အတွင်းရှိ ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးနှင့်ပဲတောင့်ရှည်သီးဈေးနှုန်း

  တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးသို့ တောင်ငူဒေသနှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သည့် ရှမ်းဝတီး၊ ဆိတ်ဖူးတောင်နှင့်ဒိုးသောင်ဘက်မှ ဒေသထွက်ဟင်းသီးဟင်းရွက် သီးနှံများလာရောက် ရောင်းချလျက်ရှိသည်။

                ဗုံးလုံသီးကို ကြော်စားခြင်း သို့မဟုတ် ကြက်ဥနှင့်တွဲဖက်၍ ကြော်စားခြင်း၊ ဗုံလုံသီးထဲသို့ ကြိုက်နှစ်သက်သည့် အသား /ငါးများအစာသွတ်၍ချက်စားခြင်း၊ ငါးပိရည်နှင့်တွဲဖက်၍ အတို့အမြှုပ် အဖြစ် စားသုံးခြင်းဖြင့် အမျိုးမျိုးပြုလုပ် စားသုံးနိုင်ပါသည်။ ယခုအချိန် အောက်တိုဘာလသည် ပေါ်ဦးပေါ်စကာလ ဖြစ်သောကြောင့် ဗုံလုံသီး ၁ တောင့်လျှင် ၆၀၀ ကျပ်၊ ၁၀ တောင့်ပါ ၁ ထုံးလျှင် ၅၀၀၀ ကျပ်ပေးရပြီး၊ ဗုံးလုံသီးများလှိုင်လှိုင်ပေါ်ချိန်ရောက်ပါက ဈေးနှုန်းကျဆင်းလာနိုင်ပြီး ၊ ပဲတောင့်ရှည်သီးမှာတော့ ပဲသီးအရွယ်အစားအလိုက် ဈေးနှုန်းကွာခြားလျက်ရှိရာ ပဲသီး ၇၅ တောင့်ပါ ၁ ထုံးလျှင် ၃၀၀၀ ကျပ် မှ ၄၅၀၀ ကျပ်အထိ ဈေးရှိပြီး အရောင်းသွက်လျက်ရှိကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

သာစည်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးနှင့် ပဲတောင့်ရှည် ဈေးနှုန်း

        မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ သာစည်ဈေးအတွင်းသို့ ရာသီစာ အသီး အရွက်များအပြင် ဗုံလုံးသီးနှင့် ပဲတောင့်ရှည်များလည်း လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီးများကို ပုစွန်ဖြင့်အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင် ကြပါသည်။ ပဲတောင့်ရှည်သည် လူတိုင်းကြိုက်ကြသည့် အသီးတစ်မျိူးလည်းဖြစ်ပြီး အကြော်၊ အတို့၊ အမြုပ်၊ သီးစုံပဲဟင်း စသည်တို့ဖြင့် အမျိုးမျိုး စားသုံးကြသည်။

          မုံရွာမြို့၊ သာစည်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၄၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၁၀၀၀) ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေးတစ်တောင့်လျှင်(၇၀၀)ကျပ်ဖြစ်ပြီး ပဲတောင့်ရှည် စျေးနှုန်းမှာ တစ်ပိဿာလျှင် ၂၈၀၀- ၃၂၀၀ ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း