Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၉-၄-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၉-၄-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၇၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်  ငွေကျပ် ၆,၇၃၅ ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ရွှေဘိုမြို့ဈေးကွက်အတွင်း ပဲမျိုးစုံဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

               ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ ပထမအပတ်တွင် ရောင်းချသည့် ပုဂံပဲဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ်၈၅ဝ၀နှင့် တစ်တင်းလျှင် ကျပ်၁၃၆၀၀၀ ဖြစ်ပြီး ကုလားပဲလုံးတစ်ပြည်လျှင် ကျပ်၆၀၀၀နှင့် တစ်တင်းလျှင် ကျပ်၉၆၀၀၀ ဖြစ်သည်။ စားတော်ပဲတစ်ပြည်လျှင် ကျပ်၈၅၀၀ နှင့် တစ်တင်းလျှင် ကျပ်၁၃၆၀၀၀ဖြစ်ပြီး စားတော်ပဲရေစိမ် တစ်ပြည်လျှင် ကျပ်၄၅၀၀ ဖြစ်သည်။ မတ်ပဲခြမ်းတစ်ပြည်လျှင် ကျပ်၇၂၀၀နှင့် တစ်တင်းလျှင် ကျပ်၁၁၅၂၀၀ ဖြစ်ပြီး ပဲတီဆံတစ်ပြည်လျှင် ကျပ်၈၂၀၀နှင့် တစ်တင်းလျှင် ကျပ်၁၃၁၂၀၀ဖြစ်သည်။

          ပဲပုတ်တစ်ပြည်လျှင် ကျပ်၉၀၀၀နှင့် တစ်တင်းလျှင် ကျပ် ၁၄၄၀၀၀ဖြစ်ပြီး ပဲရာဇာတစ်ပြည်လျှင် ကျပ်၁၆၀၀၀ ဖြစ်ပြီး တစ်တင်းလျှင် ကျပ်၂၅၆၀၀၀ဖြစ်သည်။ ပဲလွန်းဖြူတစ်ပြည်လျှင် ကျပ်၆၀၀၀ ဖြစ်ပြီး တစ်တင်းလျှင် ကျပ်၉၆၀၀၀ဖြစ်ပြီး ပဲလွန်းပြာတစ်ပြည်လျှင် ကျပ်၅၅၀၀ဖြစ်ပြီး တစ်တင်းလျှင် ကျပ်၈၈၀၀၀ဖြစ်သည်။ ပဲနီပြားတစ်ပြည်လျှင် ကျပ်၁၂၀၀၀နှင့် တစ်တင်းလျှင် ၁၉၂၀၀၀ဖြစ်ပြီး ပဲဖြူပြား တစ်ပြည်လျှင် ကျပ်၉၀၀၀နှင့် တစ်တင်းလျှင် ကျပ်၁၄၄၀၀၀ဖြစ်သည်။ တရုတ်ပဲကြီးတစ်ပြည်လျှင် ကျပ် ၁၇၅၀၀နှင့် တစ်တင်းလျှင် ကျပ်၂၈၀၀၀၀ဖြစ်ပြီး မြေထောက်ပဲ(ညို)တစ်ပြည်လျှင် ကျပ်၈၀၀၀နှင့် တစ်တင်းလျှင် ကျပ်၁၂၈၀၀၀ဖြစ်သည်။ ဘိုပဲတစ်ပြည်လျှင် ကျပ်၁၂၀၀၀နှင့် တစ်တင်းလျှင် ကျပ်၁၉၂၀၀၀ဖြစ်ပြီး ပဲကြားတစ်ပြည်လျှင် ကျပ်၈၅၀၀နှင့် တစ်တင်းလျှင် ကျပ်၁၃၆၀၀၀ဖြစ်သည်။ ကုလားပဲဆံ တစ်ပြည်လျှင် ကျပ်၈၀၀၀နှင့် တစ်တင်းလျှင် ကျပ်၁၂၈၀၀၀ဖြစ်ပြီး မြေပဲဆံတစ်ပြည်လျှင် ကျပ်၁၃၅၀၀နှင့် တစ်တင်းလျှင်၂၁၆၀၀၀ဖြစ်သည်။

          ယခုအပတ်တွင် ရွှေဘိုဈေးကွက်အတွင်း၌ ပဲမျိုးစုံဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ရွှေဘိုဒေသထွက်ပဲများ ဝင်ရောက်မှုနည်းပါးသွားပြီး မုံရွာနယ်ဘက်မှထွက်ရှိသော ပဲများ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်တွင် ယခင်အပတ်ထက် ကုလားပဲဆံ၊ မတ်ပဲခြမ်း၊ ပဲနီပြားနှင့် မြေထောက်ပဲ(ညို)များ ဈေးပိုခဲ့ပြီး ယခင်အပတ်အောက် ပုဂံပဲမှာ ဈေးအနည်းငယ်ကျဆင်းခဲ့ကာ ကျန်ပဲဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ယခင်အပတ်ဈေးနှုန်းများအတိုင်း တည်ငြိမ်နေကြောင်း သိရသည်။ 

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုမြို့၏ ပဲမျိုးစုံဈေးကွက်အခြေအနေ

                     ရွှေဘိုမြို့ ဈေးကွက်အတွင်း မတ်လ၊ စတုတ္ထအပတ်တွင် ရောင်းချသည့် ပုဂံပဲဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ်၉၀ဝ၀နှင့် တစ်တင်းလျှင် ကျပ်၁၄၄၀၀၀ ဖြစ်ပြီး ကုလားပဲလုံးတစ်ပြည်လျှင် ကျပ်၆၀၀၀နှင့် တစ်တင်းလျှင် ကျပ်၉၆၀၀၀ ဖြစ်သည်။ စားတော်ပဲတစ်ပြည်လျှင် ကျပ်၈၅၀၀ နှင့် တစ်တင်းလျှင် ကျပ်၁၃၆၀၀၀ဖြစ်ပြီး စားတော်ပဲရေစိမ် တစ်ပြည်လျှင် ကျပ်၄၅၀၀ ဖြစ်သည်။ မတ်ပဲခြမ်းတစ်ပြည်လျှင် ကျပ်၇၀၀၀နှင့် တစ်တင်းလျှင် ကျပ်၁၁၂၀၀၀ ဖြစ်ပြီး ပဲတီဆံတစ်ပြည်လျှင် ကျပ်၈၂၀၀နှင့် တစ်တင်းလျှင်ကျပ်၁၃၁၂၀၀ဖြစ်သည်။

                      ပဲပုတ်တစ်ပြည်လျှင် ကျပ်၉၀၀၀နှင့် တစ်တင်းလျှင် ကျပ် ၁၄၄၀၀၀ဖြစ်ပြီး ပဲရာဇာတစ်ပြည်လျှင် ကျပ်၁၆၀၀၀ ဖြစ်ပြီး တစ်တင်းလျှင် ကျပ်၂၅၆၀၀၀ဖြစ်သည်။ ပဲလွန်းဖြူတစ်ပြည်လျှင် ကျပ်၆၀၀၀ ဖြစ်ပြီး တစ်တင်းလျှင် ကျပ်၉၆၀၀၀ဖြစ်ပြီး ပဲလွန်းပြာတစ်ပြည်လျှင် ကျပ်၅၅၀၀ဖြစ်ပြီး တစ်တင်းလျှင် ကျပ်၈၈၀၀၀ဖြစ်သည်။ ပဲနီပြားတစ်ပြည်လျှင် ကျပ်၁၁၀၀၀နှင့် တစ်တင်းလျှင် ၁၇၆၀၀၀ဖြစ်ပြီး ပဲဖြူပြား တစ်ပြည်လျှင် ကျပ်၉၀၀၀နှင့် တစ်တင်းလျှင် ကျပ်၁၄၄၀၀၀ဖြစ်သည်။ တရုတ်ပဲကြီးတစ်ပြည်လျှင် ကျပ် ၁၇၅၀၀နှင့် တစ်တင်းလျှင် ကျပ်၂၈၀၀၀၀ဖြစ်ပြီး မြေထောက်ပဲ(ညို)တစ်ပြည်လျှင် ကျပ်၇၅၀၀နှင့် တစ်တင်းလျှင် ကျပ်၁၂၀၀၀၀ဖြစ်သည်။ ဘိုပဲတစ်ပြည်လျှင် ကျပ်၁၂၀၀၀နှင့် တစ်တင်းလျှင် ကျပ်၁၉၂၀၀၀ဖြစ်ပြီး ပဲကြားတစ်ပြည်လျှင် ကျပ်၈၅၀၀နှင့် တစ်တင်းလျှင် ကျပ်၁၃၆၀၀၀ဖြစ်သည်။ ကုလားပဲဆံ တစ်ပြည်လျှင် ကျပ်၇၉၀၀နှင့် တစ်တင်းလျှင် ကျပ်၁၂၆၄၀၀ဖြစ်ပြီး မြေပဲဆံတစ်ပြည်လျှင် ကျပ်၁၃၅၀၀နှင့် တစ်တင်းလျှင်၂၁၆၀၀၀ဖြစ်သည်။

             ယခုအပတ်တွင် ရွှေဘိုဈေးကွက်အတွင်းသို့ ရွှေဘိုဒေသထွက်ပဲများ ဝင်ရောက်မှုနည်းပါးသွားပြီး မုံရွာနယ်ဘက်မှထွက်ရှိသော ပဲများဝင်ရောက်လျက်ရှိကြောင်း၊ ပဲကြားမှာ အရောင်းအဝယ်အဖြစ်ဆုံး ပဲဖြစ်ပြီး ကျန်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုမှာ ပုံမှန်သာရှိနေကြောင်း၊ ယခုအပတ်တွင် ယခင်အပတ်ထက် ပဲကြား၊ ကုလားပဲဆံ၊ မြေပဲဆံ၊ ပဲလွန်းပြာများမှာ ဈေးပိုခဲ့ပြီး ကျန်ပဲဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ယခင်အပတ်ဈေးနှုန်းများအတိုင်း တည်ငြိမ်နေကြောင်း သိရသည်။ 

DOCA( စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၇-၄-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၇-၄-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

မြေပဲဈေးကွက်နှင့်ဈေးနှုန်းအခြေအနေ

    ယခုနှစ်တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ မြေပဲစိုက်ခင်းများမှ မြေပဲထွက်ရှိမှုနှုန်းသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက အထွက်နှုန်းလျော့နည်းလာကြောင်း သိရှိရပါသည်။ ထို့ကြောင့် ယခုနှစ်တွင် မြေပဲဈေး အနည်းငယ်မြင့်တက်လာကြောင်း သိရပါသည်။ မြေပဲဆံ တစ်ပြည်ကို ၁၀၀၀၀ ကျပ်နှင့် အခွံမခွာရသေးသော မြေပဲတောင့်တစ်ပြည်သည် ၇၇၀၀ ကျပ်နှုန်းဖြင့် ကျိုက်ထိုဈေးကွက်အတွင်း ရောင်းချနေလျက်ရှိကြောင်းလည်း သိရပါသည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ မြေပဲစိုက်ခင်းများမှ ထွက်ရှိသော မြေပဲများအား အောင်လံ၊ မကွေးရှိ မြေပဲဒိုင်များသို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ သို့ရာတွင်‌ မြေပဲစိုက်ပျိုးမှု အထွက်နှုန်းလျော့နည်းခြင်းနှင့်အတူ သယ်ယူပို့ဆောင် စရိတ်များကြောင့် မြေပဲစိုက်တောင်သူများအနေဖြင့် တွက်ခြေကိုက်မှုနည်းပါးနေကြောင်း သိရသည်။

    မြေပဲကြိတ်ခွဲမှုအနေဖြင့် မြေပဲဆီကြိတ်ခွဲရာတွင် မြေပဲဆံ ၂၇ ပိဿာ ကြိတ်ခွဲလျှင် ဆီ (၁၀) ပိဿာခန့် ထွက်ရှိပြီး မြေပဲဆံ ပိဿာ (၁၀၀) ကြိတ်ခွဲပါက မြေပဲဆီ ပိဿာ (၄၀) ကျော်ကျော် ထွက်ရှိသည်ဟု သိရပါသည်။ ယခုလတ်တလော ကာလများတွင် မြေပဲဆီ ၁၀ ပိဿာ ၁ပုံးလျှင် ၂၇၀၀၀၀ ကျပ်ရှိနေပြီး မြေပဲဆီ (၁) ပိဿာလျှင် ၂၇၀၀၀ ကျပ်အထိ ဈေးပေါက်နေကြောင်း သိရပါသည်။

   ဆီကြိတ်စက်များအနေဖြင့် ဈေးကွက်တွင် ရောင်းအားကောင်းနေပြီး ၆၅၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိ ဈေးကောင်းနေကြောင်း သိရသည်။ ပြည်တွင်းပြည်ပ ဝယ်လိုအား မြင့်တက်လာမှုကြောင့် မြေပဲထွက်ပစ္စည်းများအနေဖြင့် မတ်လနောက်ဆုံးနှင့် ဧပြီလ လကုန်ပိုင်းအထိ ဈေးနှုန်းမြင့်တက်နေနိုင်ကြောင်း ခန့်မှန်းသိရှိရပါသည်။

                       DOCA (မွန်)

ကညွတ်များဈေးကွက်အတွင်းရောက်ရှိလာခြင်း

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် ရှိသောဈေးများအတွင်း ရာသီအလိုက်စိုက်ပျိုးသော ကညွတ်များ ရောက်ရှိလာပါသည်။ ယခင်ပေါ်ဦးပေါ်ဖျား ဈေးနှုန်းမှာ (၁) ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀) ကျပ် ခန့်ရှိသော်လည်း ယခုအခါတွင် လှိုင်လှိုင်ပေါ်လာပြီဖြစ်သောကြောင့် (၁) ပိဿာလျှင် (၈၀၀၀-၉၀၀၀) ကျပ်သာရှိပါသည်။ ကညွတ်သည် စားသုံးသူများအကြိုက်အများဆုံး အစားအစာတစ်ခုဖြစ်ကြောင်း ‌တွေ့ရှိရပါသည်။

          လူကြီး၊ လူငယ်မရွေး စားသုံးကြသည်သာမက ဘုန်းကြီးဆွမ်းပွဲ၊ အလှူပွဲများတွင်လည်း မပါမဖြစ် ဟင်းပွဲတစ်ခုအနေဖြင့်လည်း စားသုံးကြကြောင်းတွေ့ရှိရပါသည်။ ကညွတ်ကို ပုစွန်ဖြင့်ကြော်၍လည်းကောင်း၊ အသားအမျိုးမျိုးဖြင့်လည်းကောင်း၊ သက်သတ်လွတ်အဖြစ်လည်းကောင်း၊ ကြော်စားလျှင် အလွန်ချိုပြီး ထမင်းမြိန်စေသော အစားအစာတစ်မျိုးလည်းဖြစ်ပါသည်။ ကညွတ်ပင်များတစ်ခါ ချိုးပြီးလျှင် ပြန်လည်ထွက်လာသောအပင်သေးလေးများကိုလည်း ငပိရည်တို့စရာအဖြစ် ပြုတ်၍စားသုံးကြကြောင်းလည်း တွေ့ရပါသည်။

          ကညွတ်စိုက်ခြင်းသည် စီးပွားရေးတစ်ခုအနေဖြင့် ပြုလုပ်သင့်ကြောင်း သိရပါသည်။ ကညွတ်စားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများကိုလည်း လေ့လာဖတ်ရှု့ရခြင်းကြောင့် သိရှိရပြီး စားသုံးပေးသင့်သော အစားအစာအဖြစ် စီးပွားဖြစ်စိုက်ပျိုးသင့်သော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

နွေစပါးစိုက်ပျိုးထားရှိမှုနှင့် မနောသုခဆန်ဈေးနှုန်းဖြစ်ပေါ်မှုအခြေအန

                 အပူပိုင်း‌ဒေသဖြစ်သော မြင်းခြံခရိုင်အတွင်းရှိ တောင်သာမြို့နယ်သည် စပါးမျိုးကောင်း မျိုးသန့် စိုက်ပျိုးဖြစ်ထွန်းမှု နည်းသောကြောင့် မနောသုခစပါးမျိုးကို ဒေသတွင်း စားသုံးရန် အတွက်သာ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးသော ကျေးရွာများမှာ ဆင်တဲဝကျေးရွာ၊ အိုင်သာကျေးရွာ၊ ကျောက်တစ်လုံးကျေးရွာနှင့် ခါတက်ကုန်းကျေးရွာတို့တွင် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးထား ကြောင်း၊ ၂၀၂၅-၂၀၂၆ခုနှစ်၊ အဆိုပါကျေးရွာတို့၌ နွေစပါးစိုက်ဧက(၆၀) ဧကခန့် စိုက်ပျိုးထား ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။  ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၈၀)တင်း ခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် နွေစပါးစိုက်ပျိုး ထွက်ပေါ်ချိန်တွင် စပါးတစ်တင်းခွဲ တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ခန့် ပေါက်ဈေးများ ရှိခဲ့ကြောင်း၊ စပါးစိုက်ပျိုးမှုနည်းသောကြောင့် စပါးအရောင်းအဝယ်အနေဖြင့် ဈေးကွက်မရှိကြောင်း၊ စပါးအစိုဓါတ်ကို ၁၃%၊ ၁၄% တွင်မျက်မြင် ခန့်မှန်းဖြင့်ဆုံးဖြတ်ကြကြောင်း၊ ရိတ်သိမ်းထွက်ရှိသော စပါးများကို ကျေးရွာရှိ ဆန်စက်များတွင် ကြိတ်ခွဲပြီးထွက်ရှိသော ဆန်သားများကိုသာ ‌ကျေးရွာအတွင်းစားသုံးရန် အရောင်းအဝယ် ပြုလုပ်ကြ ကြောင်း၊ ၂၀၂၆ခုနှစ်၊ မတ်လ၌ မနောသုခမိုး တစ်တင်းခွဲတစ်အိတ်လျှင် ဒေသတွင်းပေါက်ဈေး (၈၀၀၀၀) ကျပ်ခန့်ရှိကြောင်း၊ နွေစပါးများကို မတ်လ၊ ဧပြီလနှင့် မေလတွင်တို့တွင် စတင်စိုက်ပျိုးပြီး ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ရိတ်သိမ်းထွက် ပေါ်မည်ဖြစ်ပေါ်ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးထားသောနွေစပါးများမှာ စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်းကောင်းမျိုး မနောသုခ မျိုးများကို စိုက်ပျိုးထားကြောင်း၊ ရာသီဥတု၊ အပင်ပြုစုမှု၊ သွင်းအားစုနှင့် အချိန်မှန် ရေသွင်းနိုင်ပါက နွေစပါးများအထွက်နှုန်း ကောင်းနိုင်ကြောင်း၊ ကျောက်တစ်လုံးကျေးရွာမှ စပါးစိုက် တောင်သူ၏ ပြောပြချက်အရသိရှိရသည်။  

DOCA(မန္တလေး)

                                                                                     

မအူပင်မြို့နယ်အတွင်းသို့ ဝင်ရောက်နေသော ဖရဲသီးအကြားဈေးကွက် ကျဆင်း

         ရန်ကုန်မှော်ဘီဘက်နှင့် ပဲခူးမြို့နယ်ဘက်မှထွက်ရှိသော ဖရဲကျားသီးများ မအူပင်မြို့နယ် သစ်သီးဝလံ ဈေးကွက်ထဲသို့ ဝင်ရောက်လျက်ရှိပြီး  ဖရဲသီးနှံ ဖရဲ-855 မျိုးများကို ဝင်ရောက်နေပြီး ဈေးကောင်းမွန်လျက်ရှိရာမှ အနည်းငယ်ဈေးကျဆင်းလာကြောင်း သိရသည်။

         မအူပင်မြို့နယ်မှ ဖရဲသီး သီးသန့်ရောင်းချသူများသည် ရန်ကုန်မှော်ဘီနှင့် ပဲခူးမှ ဖရဲစိုက်ပျိုး တောင်သူများထံချိတ်ဆက်၍ ဖရဲသီးကုန်သည်များ ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း ဖရဲသီး မတ်လ ၂၅ ရက်နေ့ ဈေးနှုန်းအနေဖြင့် မအူပင်ဈေးကွက်အတွင်း ၁လုံးလျှင် ၅၀၀၀/-ကျပ်၊ ၈၀၀၀/-ကျပ်၊ ၁၀၀၀၀/-ကျပ်၊ ကျောက်စိမ်းဖရဲသီး ၁လုံးလျှင် ၃၀၀၀/-၊ ၅၀၀၀/-ကျပ်ဖြင့် လက်လီရောင်းချပေးလျက်ရှိသည်။ မှော်ဘီ၊ ပဲခူးဘက်မှ ဖရဲခင်းပြတ်မှာယူပြီး ကုန်ကားဖြင့်သယ်ယူရောင်းချကြောင်း ဖရဲသီးများကို အလုံးလိုက်ရောင်းချသလို၊ ဖရဲသီးစိတ်ရောင်းချပြီး ဖရဲသီး ၁စိတ်လျှင် ၅၀၀-၁၀၀၀ကျပ်ဖြင့် ရောင်းချပါက ၁၀ စိတ် ထွက်ရှိ၍ အမြတ် ၂၀၀၀/-၃၀၀၀/-ကျပ် ကျန်ရှိကြောင်းနှင့် ဖရဲအခင်းပြတ်နှင့် သယ်ယူစရိတ် ၁၅သိန်း ရင်းနှီးပါက အကျိးအမြတ် ၅သိန်းကျပ်ခန့်ကျန်ရှိကြောင်း’ ဖေဖော်ဝါရီလ ဖရဲရောင်းချမှုမှာ ၁လုံးလျှင် ၁၀၀၀၀- ၁၅၀၀၀ ကျပ်ဖြစ်ပေါ်ခဲ့၍ ၅၀၀၀ ကျပ်နီးပါး ဈေးကျဆင်းလာပြီး ဖရဲဒိုင်မှ ဖရဲသီး တစ်ကြိမ် ကုန်ကားဖြင့်မှာယူပါက အလုံး ၅၀၀ မှ ၁၀၀၀ကြား မှာယူပြီး ၁လအတွင်းဖရဲသီးကား ၄ကြိမ်ထက်မနည်း ဝင်ရောက်ကြောင်း ယခုနှစ် ဖရဲရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 မြေထည်လုပ်ငန်းများ ဈေးနှုန်းဈေးကွက်

               ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာခွဲပေါင်း(၃၃၉)ရွာရှိသည့်အနက်မှ စပေါင်းကုန်း ကျေးရွာသည် ပွင့်လင်းရာသီ၌ မြေထည်လုပ်ငန်းများကို လုပ်ကိုင်လေ့ရှိသော ကျေးရွာတစ်ရွာ ဖြစ်ပါ သည်။ ထုတ်လုပ်သည့် မြေထည်ပစ္စည်းများမှာ ရေအိုး၊ အတာသင်္ကြန်အိုး၊ ဆားအိုး၊ ဟင်းအိုးပြင် ခွက်ဝင်အိုး၊ ဟင်းအိုးပြင်ပြည်ဝင်အိုး၊ ကောက်ညှင်းပေါင်းအိုး၊ ထန်းရည်မြူအိုး၊ ဘုရားပန်းအိုးတို့အား ပြုလုပ်ရောင်းချလျက်ရှိပါသည်။ ယခုအချိန်အခါသည် မြန်မာလူမျိုးတို့၏ နှစ်သစ်သို့ ကူပြောင်းတော့မည့် တန်ခူးလရာသီ သို့ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မြန်မာဓလေ့ထုံးလမ်းအစဉ် အလာရ ကျင်းပလေ့ရှိသော သင်္ကြန်ပွဲတော်နီးပြီဖြစ်သည့်အတွက် အတာသင်္ကြန်အိုးများ အရောင်းအဝယ်တွင် ကျယ်လာပါသည်။ အတာသင်္ကြန်အိုးများကို တစ်ရက်လျှင်အလုံးရေ(၁၅၀၀)လုံးခန့် ဈေးကွက်အတွင်း သို့ ဝင်ရောက်လျက်ရှိသည်။ အတာသင်္ကြန်အိုးများကို ကျောက်ပန်းတောင်းမြို့မှတစ်ဆင့် ချောက်မြို့ နယ် ဂွေးချို၊ ဂွေးပင်၊ ထိန်စမ်း၊ ကန်ရေကြီး၊ ကန်ရေလေးသို့လည်းကောင်း၊ စလေမြို့သို့လည်းကောင်း၊ နတ်မောက်မြို့နယ်နှင့်တောင်တွင်းကြီး မြို့နယ်များသို့လည်းကောင်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်တွင် အတာသင်္ကြန်အိုး၊ ဆားအိုး၊ ဘုရားပန်းအိုး(လတ်)များသည် တစ်လုံးလျှင် လက်ကား(၈၀၀)ကျပ် လက်လီ(၁၀၀၀)ကျပ်၊ မုန့်ပြားသလက်အိုးခင်းနှင့် ဟင်းအိုးပြင်ခွက်ဝင်အိုးများသည်လက္ကားအနေဖြင့်(၁၀၀၀)ကျပ်၊လက်လီအနေဖြင့်(၁၅၀၀)ကျပ်၊ ကောက်ညှင်းပေါင်းအိုးနှင့် ဟင်းအိုးပြင်ပြည်ဝင်အိုးများသည် လက္ကားဈေးအနေဖြင့်(၁၅၀၀)ကျပ်၊ လက်လီအနေဖြင့်(၂၅၀၀)ကျပ်၊ သောက်ရေအိုးတစ်လုံးလျှင် လက္ကား(၄၅၀၀)ကျပ်နှင့် လက်လီ(၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြသည်။

            ၂၀၂၆ ခုနှစ် ယခုကာလတွင် အတာသင်္ကြန်အိုး၊ ဆားအိုး၊ ဘုရားပန်းအိုး(လတ်)များသည် တစ်လုံးလျှင်လက်ကား(၁၀၀၀)ကျပ် လက်လီ(၁၅၀၀)ကျပ်၊မုန့်ပြားသလက်အိုးခင်းနှင့်ဟင်းအိုးပြင်ခွက်ဝင်အိုးများသည်လက္ကားအနေဖြင့်(၁၅၀၀)ကျပ်၊လက်လီအနေဖြင့် (၂၀၀၀)ကျပ်၊ ကောက်ညှင်း ပေါင်းအိုးနှင့်ဟင်းအိုးပြင်ပြည်ဝင်အိုးများသည် လက္ကားဈေးအနေဖြင့်(၂၅၀၀)ကျပ်၊ လက်လီအနေဖြင့် (၃၅၀၀)ကျပ်၊ သောက်ရေအိုးတစ်လုံးလျှင်လက္ကား (၅၀၀၀)ကျပ်နှင့်လက်လီ(၆၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း မြေထည်အိုးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း