Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“သုံးခွမြို့နယ်ဈေးကွက်တွင် ရောင်းချနေသောအခြေခံစားကုန်(ကုန်ခြောက်)ဈေးနှုန်းများ”

     နိုဝင်ဘာလ စတုတ္ထပတ်တွင် သုံးခွမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသောအခြေခံစား ကုန် (ကုန်ခြောက်)ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ ဆိုဒ်စုံတစ်ပိဿာလျှင် (၁၀၀၀မှ ၂၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ ငရုပ်ရှည် တစ်ပိဿာလျှင် (၁၆၀၀ မှ၁၈၀၀)ကျပ်ထိ၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ မန်းကျည်းသီး တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ သကြား တစ်ပိဿာလျှင် (၄၇၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၇၅၀၀မှ ၈၀၀၀)ကျပ်ထိ ဈေးနှုန်းအသီးသီးတို့ဖြင့် သုံးခွမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

 ‌       အခြေခံစားသောက်ကုန်(ကုန်ခြောက်) ဈေးနှုန်းများအနေဖြင့် ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း အဆိုပါ ကုန်ခြောက်ပစ္စည်းများအား ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ တစ်ရက်ခြားတစ်ခါဝယ်ယူ၍ ပုံမှန်ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

ရာသီပေါ်စာ ဇီးသီးဈေးနှုန်း

    ဇီးသီးပင်ကို မြန်မာနိုင်ငံနေရာအနှံအပြားတွင် တွေ့မြင်နိုင်ပါသည်။ အထူးတဖြင့် ခြောက်သွေ့ သော မန္တလေး၊မကွေးနှင့်စကိုင်းတို့တွင်အများဆုံး တွေ့နိုင်သည်။ ဇီသီးသည်ရာသီစာဖြစ်၍ တစ်နှစ် ပတ်လုံးစားခွင့်မရှိပဲ နှစ်တစ်နှစ်တွင် တစ်ခါသာစားသုံးခွင့်ရှိသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ဇီးသီးမှာ ဇီးချိုသီး၊ ဇီးချဉ်သီး၊ ဇီပန်းသီး၊ စလေဇီးသီး၊ ဇီးကြက်ဥဟူ၍ အမျိုးမျိုးရှိသည်။ ဇီးချဉ်ပင်များသည် စိုက်ပျိုးရသော အပင်မဟုတ်ဘဲ အလေ့ကျပေါက်သော အပင်များဖြစ်သည်။ ဇီးချိုသီး၊ ဇီပန်းသီး၊ စလေဇီးသီး၊ ဇီးကြက်ဥများကိုတော့ တနိုင်တပိုင်စိုက်ပျိူးကြသလို စီးပွားဖြစ် လည်း စိုက်ပျိုးလာကြသည်။ ဇီးသီးတွင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာ ပါရှိသည့်အတွက် လူသားတို့၏ ကျန်းမာရေးကို အကျိုးပြုစေသည်။

          ၂၀၂၅ ခုနှစ်၊ ဆောင်ရာသီ နိုဝင်ဘာ စတုတ္ထပတ်တွင် ပေါ်ဦးပေါ်ဖျားသဘာဝဇီးသီးများကို ဘားအံမြို့ရေပေါ်ဈေး၌ ဇီးချဉ်သီး တစ်ပြည်လျှင် (၆၀၀၀) ကျပ်၊ တစ်ဘူးလျှင် (၁၀၀၀၊၁၂၀၀) ကျပ်၊ စလေဇီးသီး တစ်ဘူးလျှင် (၂၀၀၀) ကျပ်၊ တစ်ပြည်လျှင် (၁၃၀၀၀၊၁၅၀၀၀) ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် ဇီးချဉ်သီး တစ်ပြည်လျှင် (၅၀၀၀) ကျပ်၊ တစ်ဘူးလျှင် (၈၀၀) ကျပ်နှင့် စလေဇီးသီး တစ်ဘူးလျှင် (၁၅၀၀) ကျပ်၊ တစ်ပြည်လျှင် (၁၀၀၀၀၊၁၂၀၀၀) ကျပ်နှုန်းတို့ဖြစ်ရောင်းချခဲ့ကြရာ ယခင်နှစ်နဲ့ယခုနှစ် ဇီးသီးဈေးနှုန်းနှိုင်းယှဉ်လျှင် ဇီးသီး တစ်ပြည်လျှင် (၁၀၀၀) ကျပ်နှင့် တစ်ဘူးလျှင် (၅၀၀) ကျပ်နှုန်းတို့ကွာဟကြောင်းနှင့် ယခုလိုကွာဟရခြင်းမှာ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)              

ကရင်ပြည်နယ်ဒေသထုတ်ကုန်အသင့်စား “ဆိတ်ချေးခါးဟင်းလျာ”စျေးနှုန်းစျေးကွက်

     ၂၀၂၅ ခုနှစ် ၊နိုဝင်ဘာ စတုတ္ထပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ City Market များနှင့်စားသောက်ဆိုင်များတွင် အသင့်စား “ဆိတ်ချေးခါးဟင်းလျှာ”များ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

          ဆိတ်ချေးခါးဟင်းလျာနှင့်ပတ်သက်၍ လုပ်ငန်းရှင်ဦးချိက ဆိတ်ချေးခါးဟင်းလျာမှာ ကရင် လူမျိုးတို့၏ ဒေသအစားအစာတစ်ခုဖြစ်ပြီး ကရင်ပြည်နယ်တစ်ခုတည်းတွင်သာ ရရှိနိုင်ပါသည်။ ဆိတ်ချေးခါးဟင်းလျားတွင် ဆိတ်ခေါင်း၊ ဆိတ်ကလီစာ၊ ဆိတ်နံရိုးနု၊ ဆိတ်ချေး ပါအူနုများကို ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှောက်နူသီးရွက်၊ ရှမ်းနံနံ၊ စသည့် ဟင်းခတ် အမွှေး အကြိုင်များကို စုပေါင်းရောနှောလုံးပြီး ဆီမပါ နူးအိစွာ ချက်ပြုတ်ထားခြင်းဖြစ်ကြောင်းနှင့်ဒေသတွင်း ဖြန့်ချီရုံသာမက အခြားမြို့များနှင့်တဖက်ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ၍ လူကြိုက်များလျက်ရှိကြောင်း သိရပါသည်။

          အဆိုပါ ဒေသထုတ်ကုန် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ” ကို နှစ်ပတ်တစ်ကြိမ် လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ယခင်လ၏ “ဆိတ်ချေးခါး ဟင်းလျာ” ဈေးနှုန်းများမှာ လက် ကားဈေး “ဆိတ်ချေးခါး” အထုပ်(၁၀၀)လျှင် (၆၀၀၀၀၀) ကျပ်၊ “ဆိတ်ချေးခါး” အထုပ်(၅၀)လျှင်              (၃၀၀၀၀၀) ကျပ်နှုန်းနှင့်လက်လီဈေးနှုန်း အထုပ်(၁)ထုပ်လျှင် (၆၅၀၀) ကျပ်နှင့်ယခုလ ၊နိုဝင်ဘာ စတုတ္ထပတ်တွင်  ဒေသထုတ် ကုန် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ” ဈေးနှုန်းများမှာ လက်ကားဈေး “ဆိတ်ချေးခါး” အထုပ်  (၁၀၀) လျှင် (၆၀၀၀၀၀) ကျပ်၊ “ဆိတ် ချေးခါး” အထုပ်(၅၀)လျှင် (၃၀၀၀၀၀) ကျပ်နှုန်းနှင့် လက်လီ ဈေးနှုန်း အထုပ်(၁)ထုပ်လျှင် (၇၀၀၀) ကျပ်နှုန်းတို့ဖြစ် ရောင်းချလျက်ရှိကြောင်း၊ ယခင်လ “ဆိတ်ချေးခါး” ဈေးနှုန်းနှင့်ယခုလ “ဆိတ်ချေးခါး” ဈေးနှုန်း နှိုင်းယှဉ်လျှင် “ဆိတ်ချေးခါး” တစ်ထုပ်(၁) ဈေးနှုန်း( ၅၀၀ ) ကျပ်နှုန်း ကွာဟကြောင်း၊ ယခုနှစ် “ဆိတ်ချေးခါ”ဈေးနှုန်း အနည်းငယ် ကွာဟရခြင်းမှာ “ဆိတ်ချေးခါ”တွင် ပါဝင်ပစ္စည်းနှင့်ပါကင်အိတ် ဈေးနှုန်းမြင့်ခြင်းတို့ကြောင့်ဖြစ်ကြောင်း နှင့် “ဆိတ်” နှင့်ပတ်တက်၍ အမယ်သစ်များဖြစ်သည့် “ဆိတ်ပဲ” “ဆိတ်စွတ်ပြုတ်”  “ဆိတ်ခေါင်းသုပ်” စသည်ဟင်းလျာများကိုပါနောက်ထပ် ထုပ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)              

တောင်သာမြို့နယ်၏ နိုဝင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

        တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(၂၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၇၆၅)ကျပ်၊ 95 Octance(၂၈၄၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၂၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၆၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၁.၁၁.၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၇၁၅)ကျပ်၊ 95 Octance(၂၇၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၁၀)ကျပ် ဖြစ် ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေး များသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၁၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၅)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၁၀) ကျပ်တို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။           

 DOCA(မန္တလေး)                          

မြင်းခြံမြို့နယ်၏ နိုဝင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ  

             စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၁-၁၁-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၇၁၅)ကျပ်၊ 95 Octance(၂၇၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၁၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

           မြင်းခြံမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၂၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၇၇၅)ကျပ်၊ 95 Octance(၂၈၅၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၃၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၇၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေး များသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၁၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၅)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၁၀) ကျပ်တို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။   

  DOCA(မန္တလေး)                                             

မြင်းခြံမြို့၌ရောင်းချနေသောရခိုင်ငှက်ပျောသီးဈေးနှုန်း

                  မြင်းခြံမြို့၊အေးမြသီတာဈေးတွင် သစ်သီးဝလံများ အမျိုးစုံလင်စွာ ရောင်းချလျက်ရှိရာ၊ ရခိုင်ငှက်ပျောသီးများကိုလည်း ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ရခိုင်ငှက်ပျောသီးများကို ကျောက်ဆည်မြို့နှင့် ပဲခူးမြို့တို့မှ တင်သွင်း‌ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချ နေသော၊ ရခိုင်ငှက်ပျောသီး အဖီးကြီးတစ်ဖီးလျှင် (၂၅၀၀)ကျပ်၊ အဖီးလတ်တစ်ဖီးလျှင် (၂၀၀၀) ကျပ်၊ အဖီးသေးတစ်ဖီးလျှင်(၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ချို၍အရသာရှိသော ကြောင့် အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ်ငှက်ပျောသီးအဖီး (၅၀-၁၀၀) ဖီးခန့် ရောင်းချ ရကြောင်း သစ်သီးရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။ ရခိုင်ငှက်ပျောသီးသည် အခြားမျိုး ကွဲငှက်ပျောသီးများထက် သေးငယ်ပြီးအခွံပါးကာ အရသာမှာလည်း ပိုပြီးချိုမြိန်၍ စားသုံးခြင်းဖြင့်  အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ ဗီတာမင် ဓာတ်နှင့် သဘာဝသကြားဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားမြှင့်တင်ပေးခြင်းနှင့် အစာခြေစနစ်ကိုကောင်းမွန်သော ကြောင့် စားသုံးမှုများပြားပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သစ်သီးရောင်းချသူ၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)       

နှလုံးကျန်းမာစေသောပိန်းဥ

               ပိန်းဥသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအနှံအပြားတွင် စိုက်ပျိုးစားသုံးကြသော ဟင်းသီး ဟင်းရွက် တစ်မျိုးဖြစ်ကြောင်း၊ မြန်မာလူမျိုးအများစုမှာ ပိန်းဥနှင့် ပိန်းဥရွက်ကို ဟင်းချိုချက်စားခြင်း၊ ကြော်ချက်စားခြင်းနှင့် ပြုတ်စားခြင်းစသည်ဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ ပိန်းဥမှာပါဝင်သော ပိုတက်စီယမ်ဓာတ်သည် နှလုံးသွေးကြောများအား သွေးဖိအား ကိုလျော့ကျစေပြီး အာရုံကြောစနစ်၏ လုပ်ဆောင်ချက်ကိုလည်း မြှင့်တင်ပေးခြင်းကြောင့် ဦးနှောက်၏ လုပ်ဆောင်ချက်ကိုလည်း ပိုကောင်းစေ ကြောင်း၊   ပိန်းဥမှာပါရှိသည့် Cryptoxanthin ကအဆုတ်ကင်ဆာနှင့် ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးကြောင်း၊ အမျှင်ဓာတ် ပါဝင်မှုမြင့်မားသောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးပြုသောကြောင့် အစာချေဖျက်နိုင်အား ပိုကောင်းစေကြောင်း၊ အမျှင်ဓာတ်က အူတွင်းအစာချေ လှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းမှန်စေ၍ ဝမ်းချုပ်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်းကိုလည်း ကာကွယ်ပေးပြီး၊ အမျှင်ဓာတ်က ခန္ဓာကိုယ်အတွင်း အင်ဆူလင်နှင့် ဂလူးကို့စ်ဓာတ်ထွက်ရှိမှုကို ထိန်းညှိပေးခြင်းကြောင့် ဆီးချို သွေးချိုဖြစ်နိုင်ခြေကိုလျော့ချပေးကြောင်း၊ ဗီတာမင်အီးနှင့် ဗီတာမင်အေ ပါဝင်သောကြောင့် အသားအရေကြည်လင်ဝင်းပစေပြီး ဆဲလ်ကျန်းမာပြီး အနာကျက်မြန်စေ၍ အမည်းစက်တွေကင်းစေပြီး အရေအကြောင်းများကို လျော့နည်းစေ၍ အသားအရေဝင်း လက်လှပစေကြောင်း၊  ပိန်းဥကိုစားသုံးခြင်းဖြင့် နှလုံးကျန်းမာရေးနှင့် သွေးပေါင် ချိန်ထိန်းညှိရာတွင် အထောက်အကူပြုကြောင်း၊ အခွံမာပြီး အညိုရောင်သန်းကာ အတွင်းသာမှာ အဖြူရောင်၊ ပန်းရောင်(သို့) ခရမ်းရောင်ရှိသော ပိန်းဥများမှာ နှလုံးကျန်းမာစေကြောင်း စာပေများမှ လေ့လာဖတ်ရှု့ရသည်။

DOCA(မန္တလေး)       

အညာဒေသဖြစ်သောမြင်းခြံမြို့၏ထန်းပင်မြစ်ဈေးနှုန်း

               ထန်းပင်မြစ်များကို အညာဒေသ၌ ထန်းမြစ်(သို့မဟုတ်) ထန်းပင်ပေါက် ဟုခေါ်ဆိုကြ ကြောင်း၊ မြင်းခြံမြို့၊အေးမြသီတာဈေးသို့ ရောင်းချသော ထန်းပင်မြစ်များကို ဒေသတွင်းမှထွက်ရှိသော ကျေးရွာများမှလာရောက်ရောင်းချသလို တောင်သာမြို့၊ နွားထိုးကြီးမြို့တို့မှလည်း လာရောက်‌ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ထန်းပင်မြစ် လက်လီ(၁၀)ချောင်းပါ တစ်စည်းလျှင်(၁၀၀၀)ကျပ်၊ လက်ကား (၅၀)ချောင်းပါ တစ်စည်းလျှင်(၄၅၀၀)ကျပ် ခန့်ပေါက် ဈေးများဖြင့် ရောင်းချကြောင်း၊ ရာသီပေါ်ထန်ပင်မြစ်များသည် ပေါ်ဦးပေါ်ဖျားဖြစ်၍ စားသုံးမှုများ ပြားပြီး ဈေးကွက်၌ အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ နေ့စဉ်ထန်းပင်မြစ် အရေအတွက် (၅၀-၁၀၀) ချောင်းခန့် ရောင်းချရကြောင်း၊ ထန်းပင်မြစ်ရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ထန်းပင်မြစ်များသည် ထန်းသီးစေ့မှ ထွက်ရှိလာသော အမြစ်ချောင်းများဖြစ်ပြီး ဆောင်းရာသီကာလ တွင်သာရရှိသည့် ရာသီစာတစ်မျိုးဖြစ်သလို အညာဒေသ၌ ထွက်ရှိသောအစားအစာ တစ်မျိုးပင်ဖြစ်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့် မန္တလေးကိုက်လံဟင်းရွက်စျေးကွက်

      မန္တလေးစျေးကွက်အတွင်း နတ်တော်လဆန်းပိုင်းတွင် ကိုက်လံဟင်းရွက်ကုန်စိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာ လစတုတ္ထပတ်အတွင်း ကိုက်လံဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး (၁၀စီးပါ) တစ်စည်း လျှင် ၅၅၀၀ကျပ်နှင့် ၆၅၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၇၀၀ကျပ် နှင့် ၉၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံ ဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀)စီး နှင့်(၆၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလစတုတ္ထပတ်ရှိ မန္တလေးဂေါ်ဖီထုပ်စျေးကွက်

         နတ်တော်လဆန်းကာလအတွင်း ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီထုပ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်လျော့ကျကာ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာ လစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပန်းဂေါ်ဖီ ထုပ် ၁ ခုလျှင် အပွင့်(ကြီး) ၁၆၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊ အပွင့်(သေး) ၁၀၀၀ ကျပ်နှင့်၁၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။  မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့် (၆၀)စီးအကြားဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း