
တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊ တောင်တန်းပေါများပြီး ပင်လယ်ထွက်ပေါက်ရှိရာ တိုင်းဒေသကြီးဖြစ်သဖြင့် အများအားဖြင့် ဥယျာဥ်ခြံမြေလုပ်ငန်းများ၊ ပင်လယ်ရေလုပ်ငန်းများကိုသာ အဓိကလုပ်ကိုင်ကြသလို ဒေသတွင်း မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုလျက်ရှိရာ နို့စားနွားမွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ နွားနို့သည် ခန္တာကိုယ်အတွက်လို အပ်သော ဓါတ်သတ္တုများ၊ အာဟာရဓါတ်များစွာပါဝင်သည့်အတွက် နေ့စဥ်သောက်သုံးသင့်သော အစားအစာတစ်ခုအဖြစ်ပါဝင်ပါသည်။ မြိတ်မြို့ပေါ်တွင် နွားမွေးမြူမှုမှာနည်းပါးပြီး ထွက်ရှိသော နွားနို့များအား လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ အအေးဆိုင်များ၊ မုန့်လုပ်ငန်းများမှ ကုန်ကြမ်းပါဝင်ပစ္စည်းများအဖြစ်အသုံးပြုနိုင်ရန် အများဆုံးဝယ်ယူကြပြီး ရပ်ကွက်၊ စျေးများအား ဆိုင်ကယ်/ကားများဖြင့် ရပ်ကွက်အလိုက်လှည့်လည်ရောင်းချသူများရှိသော်လည်း ရောင်းချမှုနည်းပါးလျက်ရှိပြီး ရောင်းအားကောင်းလျက်ရှိပါသည်။ နွားနို့အားကြိုချက်ပြီးလျှင် အကြိမ်များစွာအပူပေးပါက နွားနို့တွင်ပါဝင်သော အဟာရအာနိသင်များကျဆင်းတက်ပါသလို ဆေးဝါးများဖြင့် တွဲဖက်သောက်သုံးပါက ဆေးဝါးများ၏ အာနိသင်အားလည်းလျော့ကျသွားစေတက်ကြောင်း သိရသည်။
မြိတ်မြို့စျေးကွက်အတွင်းရောင်းချလျက်ရှိသော နွားနို့အစိမ်း စျေးနှုန်းမှာ ယခု ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ဒုတိယအပတ်အတွင်း နွားနို့(၁)လီတာလျှင် ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ အစားအစားရောင်းချလျက်ရှိကြောင်း နွားနို့ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
