Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျောက်ပန်းတောင်းမြို့နယ်၏ ဒီဇင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

                     ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၃၁ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance ၂၆၆၀ ကျပ်၊ 95 Octance ၂၇၁၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၆၅ ကျပ်၊ ပရီမီယမ် ဒီဇယ် ၂၈၃၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၉-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြစ်ကြောင်း သိရှိရသည်။ သတ်မှတ် ရည်ညွှန်းဈေးများသည် ယခင်အပတ် ထက် 92 Octanceတွင် ၂၅ ကျပ်၊ 95 Octanceတွင်  ၃၀ ကျပ် တို့ အသီးသီးဈေးနှုန်းလျော့ကျခဲ့ကာ ရိုးရိုးဒီဇယ်တွင် ၁၅ ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့နယ်၏ ဒီဇင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

                  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၉-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြစ်ကြောင်း  သိရှိရသည်။

             ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများ အနေဖြင့် 92 Octance ၂၆၇၀ ကျပ်၊ 95 Octance ၂၇၇၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၉၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၆၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ် ရည်ညွှန်း ဈေးများသည် ယခင်အပတ်ထက် 92 Octanceတွင် ၂၅ ကျပ်၊ 95 Octanceတွင်  ၃၀ ကျပ် တို့ အသီးသီး ဈေးနှုန်းလျော့ကျခဲ့ကာ ရိုးရိုးဒီဇယ်တွင် ၁၅ ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်၏ ဒီဇင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

              နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၁၀ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

           စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၉-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြစ်ကြောင်း သိရှိရသည်။ သတ်မှတ် ရည်ညွှန်းဈေးများသည် ယခင်အပတ် ထက် 92 Octanceတွင် ၂၅ ကျပ်၊ 95 Octanceတွင် ၃၀ ကျပ် တို့ အသီးသီးဈေးနှုန်းလျော့ကျခဲ့ကာ ရိုးရိုးဒီဇယ်တွင် ၁၅ ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်၏ ဒီဇင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

             တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၁၃ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance ၂၆၈၀ ကျပ်၊ 95 Octance ၂၇၃၅ ကျပ်၊ ရိုးရိုးဒီဇယ်  ၂၃၉၅  ကျပ်၊ ပရီမီယမ် ဒီဇယ် ၂၈၅၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

        စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၉-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြစ်ကြောင်းသိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ ်ထက် 92 Octanceတွင် ၂၅ ကျပ်၊ 95 Octanceတွင် ၃၀ ကျပ် တို့ အသီးသီးဈေးနှုန်းလျော့ကျခဲ့ကာ ရိုးရိုးဒီဇယ်တွင် ၁၅ ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

လုံးပင်စိုက်ပျိုးခြင်းနှင့် လုံးပင်အသုံးဝင်ပုံ

       တနင်္သာရီတိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်သူများသည် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးသော အချိန်တွင် မိမိပတ်ဝန်းကျင်မြေအနေအထားနှင့်သင့်လျော်သော သီးနှံများကိုစိုက်ပျိုးလျက်ရှိရာ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်မြို့ရှိ တနင်္သာရီမြို့နှင့် ကျေးရွာအချို့တို့တွင် လုံးပင်စိုက်ပျိုး၍ လုံးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။ လုံးပင် မှာ မြိတ်ဒေသအ‌ခေါ်အဝေါ် ဖြစ်၍ အမည်ရင်းမှာ ပင်စိမ်းပင်ဖြစ်ပါသည်။

          လုံးပင်များကို မြေနုကျွန်းများတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ စိုက်ပျိုးနည်းများမှာ လုံးစေ့ ပျိုးပင်များကို မိုးအကုန်တော်သလင်းလဆန်းမှစတင်၍ ပျိုးခင်းဖြစ်ပျိုးထောင်ထားပြီး ၃ဝရက်မှ ၄၅ရက်ခန့်အကြာတွင် ၄လက်မ၊ ၅လက်မအရွယ်ရှိ ပျိုးပင်များကို တစ်ပင်နှင့် တစ်ပင် ၂ပေမှ၃ပေ ခြားပြီး အတန်းလိုက်စိုက်ပျိုးရ ခြင်းဖြစ်ပါသည်။ တစ်ဧကတွင် လုံးစေ့ပင် (၈ဝဝဝ)မှ(၁ဝဝဝဝ) အထိ စိုက်ပျိုးနိုင်ပါသည်။ လုံးပင်(၁)ပေခန့် အရွယ်မှာ အပင်ထိပ်ဖျားဖြတ်ပေးခြင်း၊ အပင်ရင်းမြေဖို့ခြင်း၊ ရေလောင်းခြင်းတွေပြုလုပ်ပေးပါက လုံးပင်သန်မာပြီး လုံးပင် အပွင့်လှိုင်လှိုင်ထွက်ပါသည်။

          လုံးပင်အပင်ရင့်သန်မှုမှန်ကန်မှု မှန်ကန်မယ်ဆိုပါက လုံးပင်(၃)ပင်လျှင်လုံးစေ့ နို့စည်ဘူး တစ်ဘူးခန့်ရရှိပြီး အထွက်ညံ့ပါက (၅)ပင်တွင်တစ်ဘူးခန့်ထွက်ရှိပါသည်။ တပိုးတွဲလ(ဖေဖော်ဝါရီလ) ဟာ လုံးစေ့ လှိုင်လှိုင် ထွက်ပေါ်တဲ့အခါဖြစ်သည်။ လုံးခါရန် အပင်ရင့်ချိန်တွင် အပင်ရင်းခုတ်ပြီး နေ(၇)ရက် (တစ်ပတ် ခန့်)လှန်းရပါသည်။ ပြီးလျှင် (၁ဝ)ပင် (၁၅)ပင်စုစည်းပြီး နေတစ်ခါထပ် လှန်းရပါသည်။ လုံးခါချိန်မှာည (၁၂)နာရီမှ နံနက်(၅း၃ဝ)နာရီအထိ နှင်းအားကောင်းပြီး အေးတဲ့အချိန်ဖြစ်ရပါမည်။ တစ်ခါတစ်လေ ဖေဖော်ဝါရီလမှာ မိုးရွာတတ်လို့ သတိထားရပါမည်။ မိုးရွာမည့်အခြေအနေရှိရင် အဲဒီညမှာလုံးခါခြင်း မလုပ်ရပါဘူး။

          လုံးစေ့ကိုရေပွအောင်စိမ်ပြီး သကြားရည်နှင့် ဖျော်ရည်ဖျော်သောက်ပါက ဝမ်းတွင်းအပူငြိမ်း သလို ဝမ်းကိုက်ရောဂါဖြစ်ပါက သကြားရည်မထည့်ဘဲ လုံးစေ့မပွခင်သောက်ပါက သက်သာပျောက် ကင်းစေပါတယ်။ လုံးစေ့ကိုနေ့စဉ်(၃)ဂရမ်ရေစိမ်သောက်ပါက ဝလွန်းသူများ ကိုယ်အလေးချိန်လျော့ ပြီး ပုံမှန်ခန္ဓာကိုယ် ဖြစ်စေပါတယ်။ ဂျင်းဖြင့်ပြုတ်၍သောက်ပါက အသံကောင်းခြင်း၊ သလိပ်ပျော်၍ ချောင်းဆိုးပျောက်ခြင်း အကျိုးတို့အပြင် လုံးရွက်ကို ဟင်းခါးချက်စားခြင်းဖြင့် ခံတွင်းရှင်းကာ နှုတ်မြိန် စေပါတယ်။

          မြိတ်မြို့တွင် လုံးစေ့ကို အထုတ်ဖြင့် ဖြစ်စေ၊ နို့စည်ပုံးဖြင့် ဖြစ်စေ၊ ရောင်းချလျက်ရှိပြီ အထုတ်တစ်ထုတ်လျှင် ၁၀၀၀ကျပ်ခန့်နှင့် နို့စည်ပုံးတစ်ပုံလျှင် ၃၅၀၀ကျပ်ခန့်စျေးရရှိကြောင်းသိရှိရ ပါသည်။

DOCA(တနင်္သာရီ)

 

လိပ်ကျောက်စမတ်(ခေါ်)စမတ်ခြောက်(ငါးဝိုင်းခြောက်) စျေးနှုန်းစျေးကွက်

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ပင်လယ်ဝန်းရံလျက်ရှိသောဒေသဖြစ်သည့်အပြင် ပင်လယ် ထွက်ကုန်များဖြင့်ကျော်ကြားလျက်ရှိပါသည်။ ရေထွက်ကုန်များမှ စမတ်ခြောက်သည် အသင့်စား အစာအစာဖြင့် ထုတ်ပိုးရောင်းချလျက်ရှိသလို ရေထွက်ကုန်အနေဖြင့်လည်းတင်ပို့ရောင်းချလျက်ရှိပါ သည်။  လိပ်ကျောက်စမတ်(ခေါ်)ငါးလိပ်ကျောက်များသည် ပင်လယ်ရေငန်ငါးတစ်မျိုးဖြစ်ပြီး အရိုးနု များနှင့်ဖွဲ့စည်းထားရှိပါသည်။ ဝိုင်းဝိုင်းပြာပြားလေးများဖြင့် အမြီးများမှာ အချွန်လေးဖြစ်နေလျက်ရှိ ပါသည်။ ပုံသဏ္ဍာန်မှာယပ်တောင်သကဲ့သို့ ဖြစ်နေပြီး အဆူးကိုလည်း ဆေးဖော်စပ်ရာတွင်သုံးစွဲကြပြီး လိပ်ကျောက်စမတ်အူကိုပါ စားသုံးနိုင်သောကြောင့် တစ်ကိုယ်လုံးပစ်ချစရာမရှိအောင်ပင်တန်ဖိုးရှိ သော ငါးဖြစ်သည်။ ဈေးကွက်တွင် ဈေးကောင်းရရှိပြီး တစ်ကောင်လျှင် ၃ဝဝဝ ကျပ်မှ  ၃ဝဝဝဝ ကျပ်ခန့်အထိ ဈေးရရှိကြောင်း သိရှိရပါသည်။

    လိပ်ကျောက်စမတ်ငါးမှာ အရွယ်အစားအမျိုးမျိုးရှိပြီး အကောင်ကြီးများကိုမူ လိပ်ကျောက်ငါး အခြောက်အဖြစ်ပြုလုပ်ကြကာ အ‌ကောင်ငယ်များကို စမတ်ခြောက် ပြုလုပ်ကြကြောင်း သိရှိရပါသည်။ စမတ်ခြောက်ပြုလုပ်ရာတွင် အဆိပ်ရှိနိုင်သောကြောင့် အလယ်ပိုင်းနှင့် အမြှီးပိုင်းအား ဖယ်ရှား ပြီး အဝိုင်းပုံစံပေါ်ရန် အသားကိုဓါးဖြင့်မွှန်းကာ နေရောင်ခြည်ဖြင့် အခြောက်လှန်းရပါသည်။ ထိုနောက် စမတ်ခြောက်(သို့မဟုတ်)ငါးဝိုင်းခြောက်အား ရရှိလာပါသည်။  စမတ်ခြောက်အား ဒေသတွင်း ရောင်းချကြသလို အခြားတိုင်း/ပြည်နယ်များသို့တင်ပို့ရောင်းချကြသည်။ စမတ်ခြောက်တစ် ပိဿာ လျှင်(၄၀ဝဝဝ) ကျပ်ခန့်ရှိပြီး အချို့မှာ အခြောက်ကြော်ကာ အသင့်စားငါးခြောက်အဖြစ် ဈေးများနှင့် ကုန်စုံဆိုင်များတွင် ပို့ဆောင်ရောင်းချကြပါသည်။  ၂ခု ၃ခုပါ  စမတ်ခြောက် အသေးတစ်ထုတ်လျှင် (၅၀၀)ကျပ်ခန့်ရှိပြီး အထုတ်ကြီးတစ်ထုတ်လျှင်(၁၅ဝဝ)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

ပခုက္ကူခရိုင် မြစ်ခြေမြို့မှ ထွက်ရှိသော သဇင်ကြိမ်ထည်လုပ်ငန်း

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ သရက်တောကျေးရွာ မှ သဇင်ကြိမ်ထည် လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။ ယခင်က ကြိမ်ထည်လုပ်ငန်းကို အဓိကလုပ် ကိုင်ကြပြီး ယခုအခါတွင် တောင်သူလုပ်ငန်းနှင့် တွဲလျက်လုပ်ကိုင်လျက်ရှိပါသည်။

     ကြိမ်ထည်များကို ရက်လုပ်ရာတွင် ကချင်ပြည်နယ်မြစ်ကြီးနား၊ ချင်းပြည်နယ် ဟုမ္မလင်းမှ ထွက်ရှိသောကြိမ်များကို အသုံးပြုခဲ့ကြပြီး ယခုအချိန်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကြောင့် မန္တလေးမှ ကြိမ်များကိုမှာ ယူပြီး လုပ်ကိုင်လျက်ရှိကြောင်း၊ အသုံးပြုသော ကြိမ်များမှာ ဖောင်ကြိမ်၊‌ ရေကြိမ်နှင့် လက်မဲကြိမ်များကို အသုံးပြုကြကြောင်း၊  ဈေးနှုန်းအနေဖြင့် ကြိမ်အမျိုး အစားပေါ်လိုက်၍ ကျပ်(၅၀၀ မှ ၁၀၀၀)ထိရှိ ကြောင်း၊ ကြိမ် တစ်စည်းလျှင်ကြိမ်လုံးရေ (၅၀မှ၁၀၀) ထိပါဝင်ကြောင်း၊ ဖောင်ကြိမ်(၅၀)ပါတစ်စည်းလျှင် ကျပ်(၂၅၀၀၀)၊ ရေကြိမ်(၅၀)ပါ တစ်စည်းလျှင် ကျပ်(၅၀၀၀၀)၊ လက်မဲကြိမ်(၅၀)ပါတစ်စည်းလျှင်ကျပ်(၁၀၀၀၀၀)ဖြင့်ဝယ်ယူရကြောင်း၊ ယခု လက် ရှိတွင် အသုံးများသောကြိမ်ထည်များမှာ ဦးထုပ်၊ ခြင်းလုံးများဖြစ်ပြီး ပြည်တွင်း ဈေးကွက်တွင်မက ပြည်ပဈေးကွက်များသို့လည်း ကုမ္မဏီများမှတဆင့် တင်ပို့နေကြောင်း၊ ဗန်း၊ ရေနွေးဗန်း၊ အပူခံ ပြားများ၊ ပြည်တွင်းသုံးဇကာခုံးများ ရက်လုပ်လျက်ရှိကြောင်း၊ အပူခံပြားများကိုအနောက်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ လုပ်သားခအနေဖြင့် ပုတ်ပြတ်တစ်ဦးလျှင် ကျပ် (၇၀၀၀မှ၈၀၀၀) ထိဖြစ်ပြီး လုပ်သားဦးရေ(၁၅)ဖြင့် လုပ်ကိုင်နေကြောင်း၊ ကြိမ်ထည်များ၏ ဈေးနှုန်း ဈေးကွက် အနေဖြင့် ဇကာခုံးအရွယ်အစားကိုလိုက်၍ (၁)လုံးလျှင်ကျပ် (၁၅၀၀၀ မှ ၁၉၅၀၀)၊ ဗန်း အရွယ် အစားကိုလိုက်၍ (၁)ချပ်လျှင် ကျပ်(၁၇၀၀၀ မှ ၂၅၀၀၀)ဖြင့် ရောင်းချနေပြီး၊ ဦးထုပ် (၁)လုံးလျှင် ကျပ်(၆၀၀၀)၊ ရေးနွေးဗန်းတစ်ချပ် လျှင်ကျပ် (၁၇၀၀)၊ အပူခံပြား တစ်ချပ် လျှင်ကျပ် (၁၀၀၀၀)ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူ ဆီထွက်သီးနှံဈေးကွက်တွင် နှမ်းနက်(စမုန်)ဈေးကျလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက် တွင် နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် နှမ်းအမျိုးအစားနှင့် အရည် အသွေး လိုက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နှမ်းနက်(စမုံ) (ရိုးရိုး)တစ်တင်းလျှင် ကျပ် (၂၀၀၀၀၀-၂၃၅၀၀၀)၊ နှမ်းနက်စမုံ(ရှယ်)တစ်တင်းလျှင် ကျပ်(၂၃၆၀၀၀-၂၃၈၀၀၀) ဖြစ်ပြီး ဒီဇင်ဘာလ (ဒုတိယပတ်)တွင် နှမ်းနက်(စမုံ) (ရိုးရိုး)တစ်တင်းလျှင် ကျပ်(၂၀၀၀၀၀ -၂၃၇၀၀၀)၊ နှမ်းနက်စမုံ(ရှယ်) တစ်တင်းလျှင် ကျပ်(၂၃၈၀၀၀-၂၄၀၀၀၀)ဖြစ်၍  ဈေးနှုန်းနှိုင်းယှဉ် ပါက တစ်တင်းလျှင် ကျပ်(၂၀၀၀) ခန့် ဈေးကျနေပြီး  အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက် ဝယ်လိုအားကောင်း၍ ဈေးနှုန်းကျဆင်နေပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံဈေး ကွက် သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော် လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ လည်း တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ကြောင်း သိရှိရသည်။ 

DOCA(မကွေး)

ပခုက္ကူမြို့၌ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မတ်ပဲသီးနှံဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ် များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ်စိုက်ပျိုးလျက် ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုးပြီး ရေစကြို မြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်သည့်အပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

          မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၇၀၀၀၀ မှ ၇၄၅၀၀)ဖြစ်ပြီး   ဈေးကျပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ(ပထမပတ်)နှင့် (ဒုတိယပတ်) တွင်  မတ်ပဲတစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၇၀၀၀၀ မှ ၇၇၀၀၀) ဈေးရှိပြီး အရောင်း အဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခု တစ်ပတ် အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်(၂၅၀၀) ခန့် ဈေးကျနေကြောင်း သိရှိရသည်။ မတ်ပဲသီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပ နိုင်ငံ များမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာ မှုရှိကြောင်း၊ ပြည်ပဈေးကွက် အပေါ်မူတည်၍ ဈေးနှုန်းအနိမ့်အမြင့်ရှိကြောင်း ပဲဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူကြက်သွန်နီ ဒီဇင်ဘာလ(စတုတ္ထပတ်)  ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှု အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေစကြိုမြို့နှင့် ရေပြာကျေးရွာတို့မှ မိုးစိုက် (ဥစိုက်) ကြက်သွန်နီများကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံချောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက် အတွင်းသို့ ကြက်သွန်နီ အသစ်များလည် ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းဈေးကွက်အနေဖြင့်  ယခုတစ်ပတ်တွင် ကြက်သွန်နီ အသစ်ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၆၅၀၀၀မှ ၁၅၀၀၀၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္ထပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်၌ အရောင်း အဝယ် ဖြစ်နေသော  ဈေးနှုန်းမှာ ကြက်သွန်နီ (အဟောင်း)  တစ်ပိဿာလျှင် ထိပ်စ ကျပ်(၈၅၀)၊ အလတ် ကျပ်(၆၀၀)၊ အနိမ့်စကျပ်(၄၀၀)၊ ကြက်သွန်နီ (အသစ်) ထိပ်စ တစ်ပိဿာ လျှင်ကျပ်( ၁၈၀၀) အလတ်စ တစ်ပိဿာလျှင် ကျပ် (၁၅၀၀) အနိမ့် စတစ်ပိဿာလျှင်ကျပ် (၁၀၀၀) ဖြစ် ပြီး ဒီဇင်ဘာလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက  တစ်ပိဿာလျှင် ကျပ်(၂၀၀)ကြက်သွန်နီ အသစ် ဈေးနှုန်းမှာ အနည်းငယ် တက်လျက်ရှိပြီး  အရောင်းအဝယ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတမြို့များသို့ နေ့စဉ် တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ) တင်ပို့နေ ကြောင်း ကုန်သည် များထံမှ သိရှိရပါသည်။

          ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ(အဟောင်း) လက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၃၀၀) မှ အနိမ့်ဈေး ကျပ်(၁၀၀၀) နှင့် ကြက်သွန်နီ အသစ် အမြင့်  တစ်ပိဿာလျှင် ကျပ် (၂၀၀၀)၊ အနိမ့် စတစ်ပိဿာလျှင်ကျပ် (၁၀၀၀) ထိ အရောင်းအဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း