
စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခုဟု တင်စားခံရပြီး ရွှေဘိုခရိုင်သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျက် ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက (၄.၄)သိန်းခန့်တွင် ရွှေဘို ပေါ်ဆန်းစပါးကို ဧက(၃)သိန်း ခန့် နှစ်စဉ် စိုက်ပျိုးလျက်ရှိပါသည်။
ရွှေဘိုခရိုင်တွင် ဩဂုတ်လ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၆၂၀၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၂၃၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိပြီး ၊ ဒေသတွင်း သာမက ပိုလျှံသော ဆန်များကို အခြားတိုင်း / ပြည်နယ် ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
၂၀၂၆ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန် စီးထွက်မှုမှာ ရန်ကုန်သို့ (၃၂၉၅၅)အိတ်၊ မန္တလေးသို့ (၉၅၈၄) အိတ်၊ နေပြည်တော်သို့ (၅၆၀) အိတ်၊ပဲခူးသို့ (၂၃၂၇)အိတ်၊ ပြည်သို့ (၅၄၅)အိတ်၊ တောင်ငူသို့ (၂၇၅)အိတ်၊ကျောက်ပန်းတောင်းသို့ (၃၅၀)အိတ်၊ မိတ္ထီလာသို့ (၁၃၀)အိတ်၊ ကရင်ပြည်နယ် ဘားအံမြို့သို့ (၂၁၉၇)အိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ (၅၃၄၇)အိတ်၊မူဆယ်သို့(၂၇၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၁၂၀၆)အိတ်၊ မကွေးတိုင်းသို့(၈၃၆)အိတ်၊ စုစုပေါင်း အိတ်ရေ (၆၆၅၈၂)၊ တန်အားဖြင့် (၃၃၂၉)တန် စီးထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
