Main menu

ဈေးနှုန်းမြင့်တက်လာသောမြင်းခြံမြို့၏တစောင်းခါး

Powered by Drupal

  တစောင်းခါးမှာ သဘာဝဟင်းသီးဟင်းရွက်အပင်ဖြစ်ပြီး စိုက်ပျိုးရလွယ်ကူသော နှစ်ရှည်ခံအပင်တစ်မျိုးဖြစ်ကြောင်း၊ အပူပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ဒေသများတွင် အများဆုံးပေါက်ရောက်ကြောင်းသိရသည်။

          မြင်းခြံမြို့နယ်၊ အေးမြသီတာကုန်စိမ်းဈေးအတွင်း ရောင်းချနေသော ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ တစောင်းခါးလက်လီ ၂၅ ကျပ်သားလျှင် (၃၅၀၀-၄၀၀၀)  ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ခန့် ပေါက်ဈေးဖြင့် ရောင်းချကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် တစောင်းခါး လက်လီ ၂၅ ကျပ်သားလျှင် (၅၀၀) ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ စာသုံးမှုများပြီး ဝယ်လိုအားများ၍ ရောင်းလိုအားနည်းခြင်း ကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ကုန်စိမ်းရောင်း ချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။  တစောင်းခါးမှာ ခါးသက်သောအရသာရှိပြီး စားသုံးလျှင် ဖန်ချိုအရသာရှိကာ ခံတွင်းမြိန်စေပြီး ဆေးဖက်ဝင်၍ စားသုံးမှုများပြားကြောင်း သိရသည်။

DOCA(မန္တလေး)